ကျောင်းသားတွေကို အစားအစာတွေဝေမျှပေးတဲ့ အိန္ဒိယကကျောင်း

56764528_1311197252365351_4225883533022855168_n.jpg

အိန္ဒိယနိုင်ငံက ခရိုင်ကျောင်းတစ်ခုမှာတော့ ကျောင်းသားတွေ အစားအစာလုံလောက်မှုရှိစေရေး ဆောင်ရွက်နေပါတယ်။ ကျောင်းမှာ မနက်စာနဲ့ နေ့လည်စာကျွေးပေမဲ့ ပိတ်ရက်အတွင်း အိမ်မှာ အစားအစာပြတ်နေမယ့်အရေးကိုသက်ဆိုင်ရာတွေက စိုးရိမ်ခဲ့ကြတာကြောင့် အမြတ်အစွန်းမယူဘဲ ချက်ပြုတ်ကျွေးမွေးရေးကိုစတင်ခဲ့ပြီး မူလတန်းကျောင်းကကလေးငယ်တွေအတွက် အားလပ်ရက် စားစရာတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

စားသောက်ဆိုင်တန်းမှာ မရောင်းချရတဲ့အစားအစာတွေကို အလေအလွင့်မဖြစ်ရလေအောင် ကျောင်းက စီစဉ်ပေးတာ ဖြစ်ပါတယ်။ အစားအစာတွေကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပြီး မသုံးဖြစ်လိုက်တဲ့အစားအစာတွေကို အေးခဲထားပြီးသိမ်းဆည်းထားတာ ဖြစ်ပါတယ်။ သောကြာနေ့တိုင်းမှာတော့ အစားအစာ (၈) မျိုး ထည့်ထားတဲ့ ကျောပိုးအိတ်ကို ကလေးအယောက် (၂၀) ကို ပေးဝေပါတယ်။

စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ အိမ်ပြန်သွားရင် စားစရာမရှိဘူးဆိုတဲ့ ကလေးတွေကို မြင်ရတာ စိတ်မကောင်းဖြစ်ရတဲ့အတွက် ဒီနည်းလမ်းကို စတင်ခဲ့တယ်လို့ သိရပါတယ်။ အစားအစာတွေကို လက်ခံရတဲ့အတွက် ကျောင်းသားတွေရဲ့ ဘဝမှာ အပြောင်းအလဲအကြီးကြီးဖြစ်ဖို့ မျှော်လင့်သလို ဒီနည်းလမ်းကို အခြားကျောင်းတွေမှာ ကျင့်သုံးဖို့လည်း စီစဉ်နေပြီလို့ သိရပါတယ်။

Reference: Fox28 “Indiana school district turns unused cafeteria food into take-home meals for kids”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top