ကိုယ်လုံးပေါ်ဝတ်စုံကို ကီမိုနိုလို့အမည်ပေးခဲ့တဲ့ ကင်မ်ကာဒေးရှန်ကို ဂျပန်ပြည်သူတွေဒေါသထွက်နေ

65157080_2406996029343635_8672831742895194112_n.jpg

ရုပ်သံကြယ်ပွင့် ကင်မ်ကာဒေးရှန်က အသစ်ထုတ်လုပ်ထားတဲ့ကိုယ်လုံးပေါ်ဝတ်စုံကို ကီမိုနိုအင်တီမိတ်(Kimono Intimates)လို့ အမည်ပေးထားလို့ ဂျပန်ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။ ဒါဟာ ဂျပန်ရိုးရာဝတ်စုံအဖြစ် သတ်မှတ်ထားတဲ့ ကီမိုနိုဝတ်စုံအပေါ် လေးစားမှုကင်းမဲ့ရာရောက်တယ်လို့ ဂျပန်ပြည်သူတွေက လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးထားပါတယ်။

Kimono Intimates ကိုယ်လုံးပေါ်ဝတ်စုံက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကောက်ကြောင်းကို လှပကြော့ရှင်းစေ

(၁၅) ရာစုကတည်းက ဂျပန်တွေဝတ်ဆင်ခဲ့ကြတဲ့ ကီမိုနိုဝတ်စုံဟာ ခါးစည်းချည်ရပြီး ပွယောင်းယောင်းရှိတဲ့ အင်္ကျီလက်ရှည်ဖြစ်ပါတယ်။ ပွဲလမ်းအခမ်းအနားတွေမှာ ဂျပန်တွေက ကီမိုနိုဝတ်လေ့ရှိပါတယ်။ ကင်မ်ကာဒေးရှန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အမေရိကန်နိုင်ငံမှာ ကီမိုနိုအမှတ်တံဆိပ်ကိုမှတ်ပုံတင်ခဲ့ပြီး Kimono Body၊ Kimono Intimates၊ Kimono World စတဲ့ အမှတ်တံဆိပ်တွေအတွက်လည်း မှတ်ပုံတင်ခဲ့ပါတယ်။

(၁၅) ရာစုကတည်းက ဂျပန်တွေဝတ်ဆင်ခဲ့ကြတဲ့ ကီမိုနိုဝတ်စုံဟာ ခါးစည်းချည်ရပြီး ပွယောင်းယောင်းရှိတဲ့ အင်္ကျီလက်ရှည်ဖြစ်

Kimono Intimates ကိုယ်လုံးပေါ်ဝတ်စုံက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကောက်ကြောင်းကို လှပကြော့ရှင်းစေပြီး အမှတ်တံဆိပ်အမည်ကလည်း ဆိုလိုချင်တဲ့အဓိပ္ပာယ်ကိုခြုံငုံမိစေတယ်လို့ ကင်မ်ကာဒေးရှန်က ပြောပါတယ်။ ပေါ့ပ်ယဉ်ကျေးမှုမှာ လွှမ်းမိုးမှုရှိတဲ့ ကင်မ်ကာဒေးရှန်ကြောင့် ကီမိုနိုလို့ ပြောလိုက်တာနဲ့ လူတွေက ဂျပန်ရိုးရာဝတ်စုံမှန်းမသိတော့ဘဲ ကိုယ်လုံးပေါ်ဝတ်စုံလို့ပဲထင်နေမှာ စိုးရိမ်မိတယ်လို့လည်း ဂျပန်အမျိုးသမီးတစ်ယောက်က တွစ်တာပေါ်မှာရေးသားဖော်ပြထားပါတယ်။

Ref:BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top