အပတ်စဉ် App review ကဏ္ဍ

39072468_2186518561603092_1780640174737195008_n.jpg

မင်္ဂလာပါ….App review ကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါတော့ Android ရော ၊ iOS မှာပါ အလွယ်တကူ ရှာဖွေဒေါင်းလော့လုပ်နိုင်မယ့် အပ်ပလီကေးရှင်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ App တွေကတော့

၁။ DoeMal (ဒိုးမယ်)

ခုတလော လူသိများလာတဲ့ Local အပ်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ဒီ Food App လေးကတစ်ဆင့် စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကော်ဖီဆိုင်တွေကို ရှာဖွေနိုင်မယ်။ ဈေးနှုန်းနဲ့တကွ ရနိုင်တဲ့အစားအစာတွေ၊ အစားအသောက် review တွေကို ကြည့်လို့ရပါမယ်။

အပ်ပလီကေးရှင်းထဲမှာ ဖော်ပြထားတဲ့ဆိုင်တွေကနေ မှာစားနိုင်သလို ကိုယ်တိုင်ကိုယ်ကျ သွားရောက် စားသောက်ပြီး check-in တင်၊ အဲဒီကနေ ပွိုင့်တွေစုလို့ရတယ်။ စုထားတဲ့ပွိုင့်တွေကို ဆိုင်တွေမှာ ပြန်သုံးလို့ရတော့ ပိုက်ဆံချွေတာချင်တဲ့ အစားသရဲတို့အတွက် သာယာမှာ အသေအချာပဲနော်။

လက်ရှိမှာ ဒေါင်းလော့ပြုလုပ်သူဦးရေ တစ်သောင်း ကျော်ရှိပါတယ်။ ဒေါင်းလော့လုပ်ရမယ့် ဖိုင်အရွယ်အစားက 10.44MB ထဲဆိုတော့ အစားသရဲလေးတို့ရေ စမ်းသာသုံးကြည့်ကြနော်။

၂။ Trello

လုပ်ငန်းခွင်ဝင်နေရတဲ့သူတွေအတွက် တကယ်ကို အသုံးဝင်မယ့် အပ်ပလီကေးရှင်းတစ်ခုပါ။ အချိန်ဇယားဆွဲလို့ရတဲ့ App အမျိုးအစား ဖြစ်ပါတယ်။ သူ့ကို သုံးမယ်ဆိုရင်တော့ ပထမဆုံး အကောင့်ဖွင့်ရမှာဖြစ်ပါတယ်။ တခြားအကောင့်ဖွင့်ထားတဲ့သူတွေနဲ့လည်း ချိတ်ဆက်ပြီး အလုပ်လုပ်လို့ရတော့ အရမ်းကို အဆင်ပြေပါတယ်။

ဒီ App ထဲမှာ ပထမဆုံးအဆင့်အနေနဲ့ Board တစ်ခု တည်ဆောက်ရပါမယ်။ ပြီးရင်တော့ ကိုယ်လုပ်ဆောင်ရမယ့်ကိစ္စတွေကို ကတ်လေးတွေအဖြစ် ဖန်တီးပြီး ဆွဲနိုင်မှာပါ။ အသေးစိတ်အကြောင်းအရာတွေ၊ ပုံတွေ အစရှိသဖြင့် အချက်အလက် အပြည့်အစုံ ထည့်သွင်းပေးလို့ရပါတယ်။ ကတ်တွေရဲ့ အချိန်ပြည့်ခါနီးရင် အသိပေးတော့ မေ့ပြီး မလုပ်မိတာတွေ မဖြစ်တော့ဘူးနော်။ အသုံးပြုသူပေါင်း ၅ သန်းကျော်ရှိပြီး ဖိုင်အရွယ်အစားကတော့ 11.62MB ပဲ ရှိပါတယ်။

၃။ Lightning QRcode Scanner

ဒီနေ့ခေတ်မှာ နေရာတကာမှာ QR code တွေ သုံးလာပြီဆိုတော့ QR scanner လေး တစ်ခုတော့ ကိုယ့်ဖုန်းထဲ ထည့်ထားသင့်ပါတယ်။ ဒီ QR scanner လေးကတော့ အသုံးပြုသူပေါင်း ၁၀ သန်းကျော်ရှိပြီး တကယ်ကို သုံးလို့ လွယ်ကူအဆင်ပြေတဲ့ အပ်ပလီကေးရှင်းလေး ဖြစ်ပါတယ်။ Scan ဖတ်တဲ့နေရာမှာ အရမ်းမြန်ဆန်ပြီး ဖတ်လိုက်တဲ့ QR code က စာသားဆို ကော်ပီတန်းကူးလို့ရပါတယ်။ link ဆိုရင်လည်း နှိပ်လိုက်ရုံနဲ့ ရည်ညွှန်းထားတဲ့နေရာကို တန်းရောက်သွားမှာ ဖြစ်ပါတယ်။ ဖတ်ထားသမျှ QR code တွေကို မှတ်တမ်းအဖြစ် သိမ်းယူထားပြီး ဖျက်ပစ်ချင်ရင်လည်း ရပါတယ်။ ပြန် share ပေးလို့လည်း ရတော့ အရမ်းကို အဆင်ပြေတဲ့ App လို့ ပြောပါရစေ။ ဖိုင်အရွယ်က 1.18MB ထဲပဲ ရှိတာဆိုတော့ ဖုန်းထဲ ထည့်ထားလို့ ထည့်ထားမှန်းတောင် မသိဘဲနေမှာပါ။

စာဖတ်ပရိသတ်တွေ အဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်း ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top