ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်တဲ့ အစားအစာများ

child-traveling-by-subway-PPUJWXV.jpg

ကလေးတွေရဲ့ သင်ကြား ၊သင်ယူမှုမှာ အစားအသောက်ကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကလေးတွေက အသက် ၁၂ နှစ်အရွယ်အထိ သင်ယူသမျှ အရာ ၈၀ ရာခိုင်နှုန်းကို အမြင်အားဖြင့်ပဲ မှတ်မိကြပါတယ်။ တဖြည်းဖြည်း သင်ယူလေ့လာရင်း ဦးနှောက်က ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ အစားအသောက်ကို ရွေးချယ်ကျွေးမယ်သာဆိုရင် သူတို့လေးတွေရဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေ၊ မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်။ ဘယ်လို အစားအသောက်တွေက ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးစေမလဲ ကြည့်ရအောင်…

ဥအမျိုးမျိုး

အိုမီဂါ-၃၊ ဇင့် နဲ့ လူတိန်း(Lutein) ဓာတ်ကြွယ်ဝပါတယ်။ ကလေးရဲ့ အာရုံစူးစိုက်မှု အားကောင်းစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေကို ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့က ရရှိနိုင်ပါတယ်။

ဟင်းနုနွယ် နဲ့ ကိုက်လန်

အစိမ်းရောင် အရွက်တွေက သံဓာတ် နဲ့ ဗီတာမင် ဓာတ်ကြွယ်ဝတာကြောင့် ဦးနှောက်ဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးစေဖို့ အရေးပါပါတယ်။

ပန်းဂေါ်ဖီစိမ်း

သကြားဓာတ် ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပါဝင်မှု မြင့်မားပါတယ်။ ဗီတာမင် B 6 နဲ့ သံဓာတ်လည်း ကြွယ်ဝတာကြောင့် သွေးလည်ပတ်မှုအားကောင်းပြီး မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

ငါး

ဗီတာမင် D နဲ့ အိုမီဂါ-၃ ကြွယ်ဝပါတယ်။ ငါး မှန်မှန်စားသုံးပေးရင် မှတ်ဥာဏ်ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးပါတယ်။

အသား

အသားဆိုတဲ့နေရာမှာ ပြုပြင်ထားတဲ့ အသားငါးတွေ မဟုတ်ဘဲ သဘာဝ အတိုင်းရတဲ့ အသားငါးတွေကိုပဲ ချက်ကျွေးရမှာပါ။

အခွံမာသီး

အခွံမာသီးတွေမှာ ဖက်တီးအက်ဆစ်၊ ဗီတာမင်၊ မင်နရယ်နဲ့ ပရိုတိန်းဓာတ်တွေ ကြွယ်ဝပါတယ်။ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး အာရုံကြောစနစ်ကို တိုးတက် ကောင်းမွန်စေပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံက အာဟာရပြည့်စေတဲ့ မနက်ခင်း အစားအစာပါ။ ပရိုတိန်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးနဲ့ ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေကို သန့်စင်ပေးပါတယ်။

နနွင်း

ဟင်းချက်ရာမှာ အရေးပါတဲ့ နနွင်းမှာ ကာကူမင်ဓာတ် ကြွယ်ဝတာကြောင့် ဦးနှောက်ကြီးထွားစေပါတယ်။ ရောင်ရမ်းမှုတွေကို ကာကွယ်ပေးသလို အယ်ဇိုင်းမာရောဂါ ဖြစ်ပွားတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

Ref: Ameritas

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top