V7+ မျှော်မှန်းထား သည်ထက် ရောင်းအားကောင်းခဲ့၍ ထပ်မံတင်သွင်းနေရကြောင်း သိရ

5-8-2020-yyl-025.jpg

အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချခဲ့သော V7+ သည် စမတ်ဖုန်း သုံးစွဲသူများအကြားတွင် အလွန်ရေပန်းစား လူကြိုက်များလျက်ရှိပြီး ကုမ္ပဏီမှ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့သောကြောင့် အချို့သော ဒေသများတွင် ရောင်းချရန်မကျန်တော့ဘဲ V7+ များ ထပ်မံရောက်ရှိလာမည့်အချိန်ကို စောင့်စားနေရကြောင်း သိရပါသည်။

V7+ သည် စတင်မိတ်ဆက်ချိန်ကတည်းက စမတ်ဖုန်းသုံးစွဲသူများကြားတွင် စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်ဟု ဆိုရပါမည်။ Pre-Order ကာလတွင်လည်း ကုမ္ပဏီမှ မျှော်မှန်းထားသော ပမာဏထက် ပိုမိုများပြားသည့် ကြိုတင်မှာယူမှုကို ရရှိခဲ့ပါသည်။

ယခုအခါတွင်လည်း စတင်ရောင်းချသည့်ရက်မှစ၍ သုံးပတ်အတွင်းရောင်းအားမှာ မူလမျှော်မှန်းထားသည်ထက် များစွာပိုမိုနေပြီး အချို့သော နယ်များတွင် V7+ ကို ရောင်းချရန်မကျန်တော့သဖြင့် ထပ်မံရောက်ရှိလာမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း အရောင်းဆိုင်အချို့၏ ပြောဆိုချက်များအရ သိရှိရပါသည်။အဆိုပါသတင်းနှင့်ပတ်သက်၍ Vivo Mobile Myanmar Co., Ltd သို့ ဆက်သွယ်မေးမြန်ရာ V7+ အား မကြာမီရက်ပိုင်းအတွင်း ဈေးကွက်ထဲရှိအရောင်းဆိုင်တိုင်းတွင် ဆက်လက်ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

V7+ သည် 24MP အရှေ့ကင်မရာနှင့် FullViewTM Display တို့ကြောင့် နာမည်ကျော်ကြားနေခြင်းဖြစ်သည်။ 24MP အရှေ့ကင်မရာသည် လက်ရှိစမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ကို mega pixel အများဆုံးဖြင့် ဦးဆောင်နေခြင်း ဖြစ်သကဲ့သို့၊ FullViewTM Display မှာလည်း ကိုယ်ထည်ပေါ်မှ ဖန်သားပြင်အချိုး 84.4% ဖြင့် တခြားစမတ်ဖုန်းများထက် ကိုယ်ထည်ပေါ်မှ မျက်နှာပြင်ဧရိယာအချိုး ပိုမိုများပြားသော ရာခိုင်နှုန်းအဖြစ် ဦးဆောင်လျက် ရှိပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top