ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပူတင် အပြတ်အသတ် အနိုင်ရ

2016-09-18t102952z-1100304865-s1beubzlgaaa-rtrmadp-3-russia-election-e1551581875179.jpg

Russian President Vladimir Putin visits a polling station during a parliamentary election in Moscow, Russia, September 18, 2016. REUTERS/Grigory Dukor

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတရွေးကောက်ပွဲမှာ မျှော်လင့်ထားကြတဲ့အတိုင်း အနိုင်ရခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကတော့ ရုရှားနိုင်ငံကို နောက်ထပ် (၆) နှစ် ဦးဆောင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ မဲရလဒ် အားလုံးနီးပါး ရေတွက်ပြီးချိန်မှာ ပူတင်က (၇၆) ရာခိုင်နှုန်းကျော် မဲရရှိခဲ့တယ်လို့ ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့ပါတယ်။

အလွဲသုံးစားလုပ်တဲ့ အကြောင်းနဲ့ စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ အဓိက အတိုက်အခံခေါင်းဆောင် နာဗယ်နီဟာ ရုရှားသမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီစီရင်ချက်ဟာ ရုရှားအစိုးရရဲ့ လုပ်ကြံဖန်တီးမှုလို့ နာဗယ်နီက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အောင်မြင်မှုတွေကို မဲပေးသူတွေက အသိအမှတ်ပြုခဲ့ကြတာဖြစ်တယ်လို့ အစောပိုင်း မဲရလဒ်တွေ ကြေညာပြီးချိန်မှာ ပူတင်က ပြောခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ (၆၀) ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြပါတယ်။

ပူတင်ဟာ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဲရလဒ် (၆၄) ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ပိုပြီး ပြတ်သားတဲ့ရလဒ် ထွက်ပေါ်ခဲ့တာပါ။ အခု သမ္မတသက်တမ်း ကုန်ဆုံးသွားချိန်ကျရင်လည်း နောက်ထပ် (၆) နှစ်အတွက် ရွေးကောက်ခံဦးမှာလား ဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို ပူတင်က သဘောကျပြီး ရယ်မောနေခဲ့ပါတယ်။

“ခင်ဗျားတို့မေးတာ တော်တော်ရယ်ရတယ်ဗျာ။ အသက် ၁၀၀ မပြည့်မချင်း ကျွန်တော် သမ္မတလုပ်မယ်လို့ ထင်နေကြတာလား။ အဲဒီလိုတော့ မဟုတ်ပါဘူး”လို့ ပူတင်က ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top