အက်တမ်(ATOM) သည် အာရှတော်ဝင်ဆေးရုံ နှင့် ပူးပေါင်း၍ ATOM STAR အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအပေါ် အထူးသီးသန့် လျှော့စျေး နှုန်းထားများ ပေးအပ်သွားမည်ဖြစ်။
ATOM STAR အဖွဲ့ဝင်များသည် STAR Points များကို အသုံးပြု၍ ဓာတ်ခွဲစမ်းသပ်မှုများနှင့် ရောဂါရှာဖွေရေး စစ်ဆေးမှုများ အပါအဝင် အဓိက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် (၁၀) ရာခိုင်နှုန်းအထိ လျှော့စျေးများ လဲလှယ်ရယူနိုင်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပိုမိုသက်သာ လွယ်ကူစွာ လက်လှမ်းမီစေရန် ပံ့ပိုးပေးမည်ဖြစ်ပြီး၊ သုံးစွဲသူများ၏ နေ့စဉ်ခံစားခွင့်များတွင်လည်း “ပိုမိုကောင်းမွန်သော” အတွေ့အကြုံများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်။
အက်တမ်(ATOM)နှင့် အာရှတော်ဝင်ဆေးရုံတို့သည် ဒစ်ဂျစ်တယ် အကျိုးခံစားခွင့် ဆုလက်ဆောင်များနှင့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေါင်းစည်းပေးမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM)၏ ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသော ဒစ်ဂျစ်တယ် သုံးစွဲသူ ဂေဟစနစ်နှင့် အာရှတော်ဝင်ဆေးရုံ၏ ယုံကြည်စိတ်ချရသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစည်းပေးလိုက်ခြင်းဖြစ်ပြီး၊ သုံးစွဲသူများအတွက်လည်း မိမိတို့၏STAR အကျိုးခံစားခွင့်များကို မရှိမဖြစ် ကျန်းမာရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ထပ်မံဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် ATOM STAR Loyalty အစီအစဉ်၏ အဖွဲ့ဝင်များသည် အာရှတော်ဝင် ဆေးရုံ၏ သတ်မှတ်ထားသော ရောဂါရှာဖွေရေးနှင့် ဆေးဝါးကုသမှု ဝန်ဆောင်မှုများအတွက် မိမိတို့ စုဆောင်းထားသော STAR Points များကို လဲလှယ်၍ အထူးသီးသန့် လျှော့စျေး ခံစားခွင့်များ ရယူနိုင်တော့မည် ဖြစ်သည်။ အက်တမ်(ATOM)သုံးစွဲသူများသည် ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)၊ နှလုံးလျှပ်စစ်လှိုင်း တိုင်းတာခြင်း (ECG)၊ အာထရာဆောင်းရိုက်ခြင်း (USG)နှင့် ဓာတ်မှန်ရိုက်ခြင်း (X-Rays)စသည့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် မိမိတို့၏ STAR Points များကို အသုံးပြု၍ (၅) ရာခိုင်နှုန်း လျှော့စျေး လဲလှယ်ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အမြင့်ဆုံးSTAR အဆင့် ဖြစ်သော Titanium အဖွဲ့ဝင်များသည် ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)၊ နှလုံးလျှပ်စစ်လှိုင်းတိုင်းတာခြင်း (ECG)၊ အာထရာဆောင်းရိုက်ခြင်း (USG) နှင့် ဓာတ်မှန်ရိုက်ခြင်း (X-Rays)စသည့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် မိမိတို့၏ STAR Points များကို အသုံးပြု၍ (၁၀) ရာခိုင်နှုန်း လျှော့စျေး လဲလှယ်ရယူနိုင်မည် ဖြစ်သည့်အပြင် သီးသန့် နှလုံးရောဂါနှင့် ရောဂါရှာဖွေရေး ပုံရိပ်ဖော် စစ်ဆေးမှုများ ဖြစ်သည့် နှလုံးကြံ့ခိုင်မှု တိုင်းတာခြင်း (Stress Tests / Ex-ECG)၊
နှလုံးအာထရာဆောင်း ရိုက်ခြင်း (Echocardiograms / Echo)နှင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scans)ဝန်ဆောင်မှုများတွင် သီးသန့် (၅) ရာခိုင်နှုန်း လျှော့စျေးကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။
အဆိုပါ ခံစားခွင့်များကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ မှစတင်၍ ရယူနိုင်မည်ဖြစ်ပြီး၊ အဖွဲ့ဝင်များသည် မိမိတို့၏ STAR Points လက်ကျန် ပမာဏ ကို စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ လျှော့စျေးဘောက်ချာများ လဲလှယ်ခြင်းများကို ATOM Store App မှတစ်ဆင့် လွယ်ကူစွာ ပြုလုပ်သွားနိုင်မည်ဖြစ်သည်။
“အက်တမ်(ATOM)အနေနဲ့ သမားရိုးကျ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallahက ပြောကြားခဲ့သည်။ “အခုလို အာရှတော်ဝင်ဆေးရုံနဲ့ လက်တွဲဆောင်ရွက်မှုကနေတဆင့်ATOM STAR အစီအစဉ် ရဲ့ အကျိုးခံစားခွင့်တွေကို လူတိုင်းအတွက် အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဆီကိုပါ တိုးချဲ့ပေးနိုင်စေခဲ့တာပါ။ ဒီပူးပေါင်း ဆောင်ရွက်မှုဟာ သုံးစွဲသူတွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ နေ့စဉ်ကျန်းမာရေး၊ ကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ရေရှည်ဂရုစိုက်စောင့်ရှောက်မှုတွေကို ပိုမိုကောင်းမွန်အောင် အစဉ်တစိုက် ပံ့ပိုးကူညီ သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေတာပဲ ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်သည် ဒစ်ဂျစ်တယ် နည်းပညာဆန်းသစ်မှုများကို နေ့စဉ် ကျန်းမာ ကောင်းမွန်စွာနေထိုင်နိုင်စေရေးနှင့် ပေါင်းစည်းပေးလိုက်ခြင်းဖြစ်ပြီး သုံးစွဲသူများအတွက် တစ်ကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို လက်တွေ့ကျစွာနှင့် လွယ်ကူစွာ လက်လှမ်းမီလာနိုင်စေမည်ဖြစ်သည်။ ယုံကြည်စိတ်ချရသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ၏ အဆင်ပြေ ချောမွေ့မှုတို့ကို ပေါင်းစည်းပေးခြင်းဖြင့် အဖွဲ့အစည်း နှစ်ရပ်စလုံးသည် အများပြည်သူအတွက် ရေရှည် ကျန်းမာရေးစောင့် ရှောက်မှု၊ သုံးစွဲသူများအပေါ် အလေးထား ကျေးဇူးတုံ့ပြန်မှုနှင့် ရေရှည်တည်တံ့ကောင်းမွန်သော ကျန်းမာရေးတို့ကို ပံ့ပိုးပေးနိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ်ကို အတူတကွ လျှောက်လှမ်းလိုက်ခြင်းလည်း ဖြစ်သည်။
အာရှတော်ဝင်ဆေးရုံ၏ Chief Operations Officer ဒေါက်တာ မြတ်ကျော်သူကလည်း “ATOM STAR အဖွဲ့ဝင်တွေအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေးနဲ့ ရောဂါရှာဖွေရေး ဝန်ဆောင်မှုတွေကို ပိုမိုလက်လှမ်း မီလာစေဖို့ ဆောင်ရွက်ရာမှာ အက်တမ်(ATOM)မြန်မာရဲ့ အဓိကမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု တွေကို အက်တမ်(ATOM)
ရဲ့ ကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ် ကွန်ရက်နဲ့ ပေါင်းစည်းလိုက်ခြင်းအားဖြင့် ကျန်းမာရေး ဝန်ဆောင်မှု တွေကို ပြည်သူလူထုဆီ ပိုမိုရောက်ရှိ အောင် ထိရောက်စွာ တိုးချဲ့ ပေးအပ်နိုင်စေမှာပါ။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ရယူရာမှာ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို လျှော့ချပေးပြီး ကျွန်တော်တို့ ဝန်ဆောင်မှု ပေးနေတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးမှာ ပိုမိုကျန်းမာပြီး တက်ကြွတဲ့ လူနေမှုဘဝပုံစံတွေကို ရရှိပိုင်ဆိုင်လာအောင် အားပေး ဆောင်ရွက်သွားနိုင်တော့မှာလည်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများအတွက် ရရှိနိုင်မည့် တန်ဖိုးများကို စဉ်ဆက်မပြတ် တိုးချဲ့ပေးခြင်းနှင့် မရှိမဖြစ် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်များကို မိမိတို့၏ ဒစ်ဂျစ်တယ် ဂေဟစနစ်အတွင်းသို့ ပေါင်းစည်းပေးခြင်းအားဖြင့်’ပိုမိုကောင်းမွန်သော’ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဆိုသည့် အက်တမ်(ATOM)၏ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်သည်။ လူမှုအသိုင်းအဝိုင်း၏ ကျန်းမာရေး၊ အလွယ်တကူ လက်လှမ်းမီနိုင်သော အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူတိုင်းအတွက် ရေရှည်တည်တံ့သော ကျန်းမာသုခများကို မြှင့်တင်ပေးနိုင်ရန် အဖွဲ့အစည်း နှစ်ခုစလုံးက အတူတကွ ရှေ့ဆက်လှမ်းချီလိုက်သည့် အရေးပါသော ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ်သည်။
NZ (ရိုးရာလေး)

