အဖွဲ့ဝင် ၁၀၀ ပြည့်တဲ့ အထိမ်းအမှတ်ဖြင့် Vero က ဝန်ထမ်းတွေအတွက် ကျန်းမာရေးအစီအစဉ် စတင်

Picture1.jpg

အာဆီယံဒေသတွင်း Communications Agency ဖြစ်တဲ့ Vero က အေဂျင်စီ စတင်ခဲ့တဲ့၂၀၀၉ခုနှစ်ကစပြီး အခုနှစ်အထိ အဖွဲ့ဝင် ၁၀၀ သို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း တိုးတက်မှုအကြီးမားဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ Vero က ဝန်ထမ်းတွေကို အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးရန်နဲ့ အေဂျင်စီ လူနေမှုဘဝပုံစံရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ရန်အတွက် အစီအစဉ်သစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီ Vero Wellness Program မှာ ဝန်ထမ်းတွေကို အကြံပေးဆွေးနွေးတိုင်ပင်မှုနဲ့ ကုထုံးတွေ ပြုလုပ်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုတွေ၊ “စိတ်ဖိစီးမှုအတွက် ကျန်းမာရေးနားရက်များ” (Wellness Dayoff) တွေ၊ အနည်းဆုံး တစ်ပတ် နှစ်ကြိမ် ကျန်းမာတဲ့အစားအစာတွေနဲ့ အဆာပြေစာတွေ ထောက်ပံ့ပေးတာစတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်လို့ သိရပါတယ်။

အေဂျင်စီအလုပ်တွေရဲ့ စိတ်ဖိစီးမှုများဖြစ်စေတဲ့ လျင်မြန်စွာ ဆုံးဖြတ်ဆောင်ရွက်ရတဲ့ကိစ္စရပ်တွေ၊ Clientတွေရဲ့ လိုအပ်ချက်တွေနဲ့ များစွာသော ကန်ပိန်းတွေရဲ့ သတ်မှတ်ချိန်တွေကို အချိန်မီ ကိုင်တွယ်တာတွေက နိုင်ငံတကာ PR မီဒီယာတွေအတွက် ကျယ်ပြန့်စွာ တွေ့ကြုံနေရတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးနှင့် သြဇာအရှိဆုံး PR အဖွဲ့အစည်းဖြစ်တဲ့ PRCA က ၂၀၁၇ ခုနှစ်မှာ စိတ်ကျန်းမာရေးဆိုင်ရာ လေ့လာချက်စာတမ်းကို ပြုလုပ်ခဲ့ပြီး အဲဒီအချိန်ကစပြီး အဲဒီ စာတမ်းကို နှစ်စဉ်ပုံမှန် ပြင်ဆင်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် UK study ရဲ့လေ့လာမှုတွေ့ရှိချက်များအရ ၈၉ ရာခိုင်နှုန်းသော PR ပရောဖက်ရှင်နယ်သမားတွေက လွန်ခဲ့သော ၁၂ လအတွင်း စိတ်ကျန်းမာရေး ပြဿနာများ၊ အလုပ်တာဝန်များ၊ မပြီးဆုံးနိုင်သော သတ်မှတ်ချိန်များနဲ့ တောင်းဆိုမှုများသော အလုပ်အပ်သူတွေနဲ့ ရုန်းကန်နေရကြောင်းတွေ့ရှိရပါတယ်။ COVID-19 အကျပ်အတည်း ကာလအတွင်း အိမ်မှာ အလုပ်လုပ်ခြင်းကလည်း အဲဒီစိန်ခေါ်မှုတွေကို ထပ်မံဖြည့်စွက်ခဲ့ပါတယ်။

အဲဒီ စိတ်ဖိစီးမှုတွေကြောင့် အေဂျင်စီဝန်ထမ်းတွေက စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မူးယစ်ဆေးဝါးအလွဲသုံးခြင်းစတဲ့ ကြီးလေးသော ပြဿနာတွေကနေ အိပ်မပျော်ခြင်း၊ အလုပ်နဲ့ လူမှုဘဝမျှတမှု လို အသေးအဖွဲကိစ္စတွေအထိ အရာအားလုံးကို ထိခိုက်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတွေက ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှု၊ အလုပ်စွမ်းဆောင်ရည်နဲ့ ဘဝအရည်အသွေးအပေါ် အမှန်တကယ် သက်ရောက်မှုရှိပါတယ်။

အဓိက စိတ်ကျန်းမာရေး ထောက်ပံ့မှု အစီအစဉ်ဖြစ်တဲ့ Vero Wellness Program က ဝန်ထမ်းတွေကို စိတ်ကျန်းမာရေး အတိုင်ပင်ခံတွေ၊ နည်းပြတွေအပြင် တခြားနည်းလမ်းတွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး ဒေသခံဘာသာစကား သို့မဟုတ် အင်္ဂလိပ် ဘာသာစကားဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ Online ဖြင့်ဖြစ်စေ ထိတွေ့ပေးစေခြင်းဖြင့် တစ်ကိုယ်ရေထောက်ပံ့မှုတွေကို လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ အေဂျင်စီက အဲဒီဆွေးနွေးတိုင်ပင်ချိန်တွေအတွက် ဒေသတွင်း နှစ်စဉ်ဘက်ဂျက်မှ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အဲဒီဆွေးနွေးချိန်တွေကို လိုအပ်သလို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာယကံရှင်နဲ့ HR ဌာနမှအပ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးမှာမဟုတ်ပါဘူး။

Vero က ဝန်ထမ်းတွေကို အနားယူအပန်းဖြေနိုင်ဖို့နဲ့ ဖိအားတွေ လျော့ကျစေရန် နှစ်စဉ်ခွင့်ရက်အပြင် ၃ လတစ်ကြိမ် ‘Wellness days’- လစာပေး အားလပ်ရက်တွေကို ရယူရန် တိုက်တွန်းသွားမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ရက်များစွာ ကြိုပြောဖို့နဲ့ အကြောင်းပြချက်တွေ ပေးဖို့ လိုအပ်မှာမဟုတ်ပါဘူး။ ကုမ္ပဏီအတွင်းက သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေက အဲဒီအားလပ်ရက်တွေကို အဖွဲ့သားတွေရရှိဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်လို့ ဆိုတဲ့အတိုင်း Vero ရုံးခွဲတိုင်းက အာဟာရရှိတဲ့ ဟင်းပွဲတွေ၊ အစားအစာတွေနဲ့ အဆာပြေစာတွေကို တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အိမ်ကနေ အလုပ်လုပ် နေသူတွေအတွက်လည်း အိမ်သို့ အရောက်ပို့ဆောင်ပေးရန် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရခြင်း အကြောင်းအရင်းက ဒေသတွင်းက ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာတွေ ထောက်ပံ့ပေးခြင်းဖြင့် ဝန်ထမ်းတွေကို အာဟာရ မရှိတဲ့ သရေစာများ စားသောက်ခြင်းကို အားမပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top