Batman စီးတဲ့ Batpod ဆိုင်ကယ်ရဲ့ပုံတူကို ဖန်တီးခဲ့တဲ့ ဗီယက်နမ်ကျောင်းသား

20.4.2023-yyl-iamge-3.jpg

The Dark Knight ရုပ်ရှင်ကို အလွန်နှစ်သက်တဲ့ ဗီယက်နမ် ဗိသုကာကျောင်းသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး Batpod ဆိုင်ကယ်ကို ၆ လအတွင်း ဖန်တီးနိုင်ခဲ့ပါတယ်။ ငုယင်ဒက်ချွန်း ကလေးဘဝမှာ ခရစ္စတိုဖာနိုလန်ရဲ့ The Dark Knight ရုပ်ရှင်က အရမ်းခေတ်စားခဲ့တာပါ။ တစ်နေ့ကျရင် ဟနွိုင်းမြို့ လမ်းတွေပေါ်မှာ သူ ကိုယ်တိုင်ဖန်တီးတဲ့ Batpod ဆိုင်ကယ်ကို မောင်းနိုင်ရမယ်လို့ ငုယင်ဒက်ချွန်းက ဆုံးဖြတ်ခဲ့သူပါ။

သူဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ Batman ရဲ့ Tumbler ကားပုံတူကို ဖန်တီးနိုင်ခဲ့ပြီး အခုလအစောပိုင်းမှာတော့ Batpod ဆိုင်ကယ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဟနွိုင်းဗိသုကာတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ ငုယင်ဒက်ချွန်းဟာ တစ်နှစ်ပတ်လုံး Batman ရဲ့ Batpod ဆိုင်ကယ်ဓာတ်ပုံတွေကို စုဆောင်းခဲ့ပြီး ပုံစံတူဆိုင်ကယ်ဖန်တီးဖို့ သူငယ်ချင်းတွေနဲ့အတူ အကြံထုတ်ခဲ့တာပါ။

ငုယင်ဒက်ချွန်းရဲ့ Batpod ဆိုင်ကယ်က အလျား ၃ မီတာ၊ အနံ ၈၀ စင်တီမီတာ၊ အမြင့် ၉၀ စင်တီမီတာရှိပြီး ၂၅၀ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ တစ်နာရီ ၃၀ ကီလိုမီတာ အမြန်နှုန်းသာ မောင်းနှင်နိုင်တဲ့ လျှပ်စစ်အင်ဂျင်တပ်ဆင်ထားတာပါ။ ဒီဆိုင်ကယ်ကို ကောင်းဘန်မြို့က စက်ရုံမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဒေါင်ငွေ သန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၈၅၀၀) ကုန်ကျခဲ့တယ်လို့ ငုယင်ဒေါင်ချွန်းက ဆိုပါတယ်။

Ref: Vietnamese Batman Fan Builds His Own Functional Batmobile and Batpod

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top