အမျိုးသမီးအလား ထင်မှတ်မှားစေနိုင်တဲ့ ဂျပန် Influencer

28.11.23-yyl-4.jpg

အမျိုးသမီးတစ်ယောက်အလား ထင်မှတ်မှားရအောင် ဝတ်စားပြင်ဆင်နိုင်တဲ့ ဂျပန်နိုင်ငံသား ဟိုက်မေနီက လူမှုကွန်ရက်မှာ ထင်ပေါ်ကျော်ကြားပါတယ်။ ဟိုက်မေနီက မိန်းကလေးတစ်ဦးလို ဝတ်စားပြီး သူစိမ်းတွေကို ယောကျာ်းသံကြီးနဲ့ စကားလိုက်ပြောတဲ့ ဟာသဗီဒီယိုတွေကြောင့် လူသိများလာခဲ့တာပါ။

ဟိုက်မေနီဟာ ငယ်ငယ်ကတည်းက မိန်းကလေး အဝတ်အစားတွေ ဝတ်ရတာ နှစ်သက်သူပါ။ သူ့မိဘတွေက ယောကျာ်းပီပီသသ နေထိုင်ပြုမူဖို့ ဖိအားပေးလေလေ၊ ဟိုက်မေနီက အရွဲ့တိုက်ပြီး မိန်းကလေးလို ဝတ်ဆင်ဖို့ အာသီသ ပိုပြင်းပြလေလေပါပဲ။ ဒီအကြောင်းကို R25 မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အထက်တန်းကျောင်းမှာ အချိန်ပိုင်းအလုပ်ရပြီးတဲ့နောက် ဟိုက်မေနီက အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ ဝယ်ခဲ့ပြီး အမျိုးသမီးတစ်ဦးလို ဖြီးလိမ်းခြယ်သကာ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ သူ့ပုံစံက တကယ့်မိန်းကလေးအတိုင်းပါပဲ။ ဟိုက်မေနီက အမျိုးသားအဝတ်အစားတွေလည်း ဝတ်လေ့ရှိပေမဲ့ သူ့အတွက် ပျင်းရိငြီးငွေ့စရာဖြစ်ပြီး အမျိုးသမီး အဝတ်အစားတွေလောက် စိတ်ဝင်စားစရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: Japanese Man Becomes Famous for Cosplaying as Cute Girl and Fooling Everyone

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top