လာဟိုးမြို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တော်အဖြစ် နယူးဒေလီမြို့ သတ်မှတ်ခံရ

14.11.2024-yyl-4.png

ဆောင်းရာသီ ဝင်ချိန် လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ ကောင်းကင်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ခင်းက အခိုးအငွေ့နဲ့ မြူတွေရစ်ဆိုင်းနေပြီး မြင်နိုင်စွမ်း သိသိသာသာ လျော့ကျခဲ့ပါတယ်။ အဲဒီအတွက် လေဆိပ်အာဏာပိုင်တွေက လေကြောင်းလိုင်းတွေကိုပါ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် IQAir’s အဖွဲ့ရဲ့ အညွှန်းကိန်းအရ နယူးဒေလီမြို့ဟာ air quality index (AQI) ၁၀၀၀ ကျော်ရှိနေပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံလေထုထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ကတော့ နယူးဒေလီမြို့ရဲ့ AQI က ၃၅၀ ဝန်းကျင်ပဲရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီဝန်းကျင်က နယူးဒေလီမြို့ရဲ့ တချို့နေရာတွေမှာ မီတာ ၁၀၀ ဝန်းကျင်အထိပဲ မြင်နိုင်လောက်တဲ့အထိ မြင်နိုင်စွမ်းကျဆင်းခဲ့တယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန( (IMD)က ဆိုပါတယ်။

Ref: Visibility drops in parts of Delhi as pollution surges
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top