မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာဆိုရင် သူ့ မွေးနေ့မှာ အပန်းဖြေဥယျာဉ် FunPark Gamuda Luge Gardens ရှိ အမြင့်ဆုံးချားရထားပေါ်မှာ မွေးနေ့ဆုတောင်းစာတိုပုံဖော်မှုနဲ့ ဇနီးဖြစ်သူရဲ့ Surprise လုပ်ပေးတာကို ရရှိခဲ့ပါတယ်။

ဒီမေ့မရနိုင်တဲ့ အခိုက်အတန့်ကို TikTok ဗီဒီယိုနဲ့ မျှဝေခဲ့တာပါ။ ချားရထားကို နောက်ခံထားပြီး စုံတွဲတစ်တွဲကို မိသားစုပုံရိုက်နေတာကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့သားလေးနဲ့အတူ Pose ပေးနေရင်း ဇနီးဖြစ်သူက ချားရထား မီးလင်းသွားတာနဲ့ နောက်ကို လှည့်ကြည့်လိုက်ပါတယ်။ ချားရထားမှာ စာသားပေါ်လာတာနဲ့ ခင်ပွန်းဖြစ်သူကို လှည့်ကြည့်စေခဲ့ပါတယ်။
အစကတော့ ချားရထားမှာ ရေးထားတဲ့ “Happy Birthday, Azri Afifi! May your days be filled with laughter and love” စာသားကို သူ့ကို ရည်စူးထားမှန်း မသိခဲ့ဘူး။ နောက်မှ ချားရထားက သူ့နာမည်ကို သတိပြုမိပြီး အံ့အားသင့်သွားကာ သူ့ဇနီးကိုပွေ့ဖက်ခဲ့ပါတယ်။

သားဖြစ်သူကိုလည်း အဲ့ဒီစာသားကိုပြဖို့အတွက် ပခုံးပေါ်ပွေ့ချီတင်ခဲ့ပါတယ်။ မွေးနေ့ဆုတောင်းစာပါတဲ့နောက်ခံနဲ့ မိသားစုပုံပြန်ရိုက်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီအမျိုးသားက သူ့ဇနီးကို ကျေးဇူးတင်နေပြီး သူ့ဇနီးက သူ့ဘဝမှာ အကောင်းမွန်ဆုံးအရာပါပဲလို့ သတင်းဌာနတစ်ခုကို ဖြေကြားခဲ့ပါတယ်။
ချားရထားမှာ စာသားပုံဖော်ချင်ရင် Gamuda Land ကို အီးမေးလ်ပို့ပြီး ဘိုကင်တင်နိုင်ပြီး အဲ့လိုစာသားပြတာ မိနစ် ၃၀-မိနစ် ၆၀ အထိ အချိန်ကြာပြီး ဈေးနှုန်းအားဖြင့် စင်ကာပူဒေါ်လာ ၉၁ ကနေ စင်ကာပူဒေါ်လာ ၁၅၂ အထိ ဈေးနှုန်းအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
Ref: Woman surprises husband with personalised message on M’sia’s tallest Ferris wheel
WL (ရိုးရာလေး)