COVID-19 ကပ်ရောဂါအတွင်း ဆေးရုံကို သွားရင် ဒါတွေကို သတိထားပါ

29-5-2020-yyl-035.jpg

Lockdown ချတားမြစ်ထားတာတွေကို တဖြည်းဖြည်းနဲ့ ဖြေလျှော့ပေးနေပါပြီ။ ဒါကြောင့် မိမိရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး လိုက်နာသင့်တဲ့အရာတွေကို စိတ်ထဲမှာ စွဲမြဲစွာ မှတ်သားထားသင့်ပါတယ်။ ဆေးရုံတွေဆို COVID-19 လူနာတွေကိုကုသပေးနေရတဲ့အတွက် အလုပ်ရှုပ်နေကြရပါတယ်။ တချို့အရေးမကြီးတဲ့ခွဲစိပ်ကုသမှုတွေကို ဆေးရုံက ရွေ့ဆိုင်းထားရတဲ့အတွက် လူတော်တော်များများကို စိုးရိမ်ပူပန်စေရပါတယ်။ ဒါပေမဲ့ အခုတော့ ဆေးရုံတွေက COVID-19 လူနာမဟုတ်တဲ့သူတွေကိုလည်း ကုသပေးနေပါပြီ။ ဆရာဝန်တွေကလည်း ဆေးခန်းတွေပြန်ဖွင့်နေပါပြီ။ တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းပြန်ဖြစ်လာနေပေမယ့် ဆေးရုံသွားရတာက လုံခြုံမှုရှိရဲ့လားဆိုပြီးတွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တော့ အခုလိုအချိန်မှာ ဆေးရုံတင်မဟုတ်ပါဘူး။ ဘယ်နေရာသွားသွားလုံခြုံမှုမရှိပါဘူး။

ဆေးရုံသွားဖြစ်ရင် စိတ်ထဲမှာမှတ်ထားသင့်တဲ့ ကြိုတင်ကာကွယ်နည်းများ

အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံကို သွားဖို့စီစဉ်နေရင် ဒီကြိုတင်ကာကွယ်နည်းတွေကို မှတ်ထားပါ။

– တချို့ဆေးရုံတွေက ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးနေရပါတယ်။ အရင်ဆုံး COVID-19 လူနာရှိတဲ့ဆေးရုံလားဆိုတာကိုသိအောင်လုပ်ပြီး အဲဒီနောက်ဆက်လက်ဆောင်ရွက်ပါ
– ဆေးရုံမသွားခင် အရင်ဆုံး အွန်လိုင်းကနေ (သို့) ဖုန်းကနေတဆင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး နှောင့်နှေးကြံ့ကြာမှုတွေမဖြစ်အောင် ရက်ချိန်းယူထားပါ
– တစ်ကိုယ်ရည်သန့်စင်မှုကို အလေးထားပါ။ Social distancing ဖြစ်အောင်နေပါ။ ဒါက ဘယ်နေရာသွားသွား လိုက်နာသင့်တဲ့ အချက်ပါပဲ။

– ဆေးရုံတွေက ပိုးသတ်သန့်စင်တာတွေ လုပ်ဆောင်နေရင်တောင် ရောဂါပိုးမွှားကူးစက်နိုင်ဖို့ လွယ်ကူနေတုန်းဆိုတာကို မှတ်ထားပါ။
– ပါးစပ်နဲ့နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ရပါမယ်။

ရောဂါကူးစက်မှုကနေ လုံခြုံစိတ်ချစွာ နေထိုင်ရဖို့အတွက်

– လက်ကို မကြာခဏ ဆေးပေးပါ။ လက်ဆေးလို့မရတဲ့အချိန်တွေမှာဆို ဖြစ်နိုင်ရင် လက်သန့်ဆေးရည်ကို အသုံးပြုပါ။
– အရေးမကြီးရင် ဆေးရုံသွားတာတွေကို ရှောင်ပါ
– ရောဂါကူးစက်နိုင်ခြေများတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အသက်ကြီးပိုင်၊ ကလေးတွေက အစွမ်းကုန်ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်
– COVID-19 ကို အကြောက်မလွန်ပါနဲ့။ ကိုယ်ဘာသာကြိတ်ကုသတာတွေမလုပ်ပါနဲ့။ သင့်အတွက် ဘာက အကောင်းဆုံးလဲဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

မှတ်သားစရာများ

– ကုသမှု မနှောင့်နှေးပါစေနဲ့။ အချိန်ဆွဲထားတာက ကိစ္စတွေကို ပိုဆိုးရွားစေပါတယ်
– အများဆုံးပစ္စည်းတွေ၊ မျက်နှာပြင်တွေကို ထိတွေ့ခြင်းမှ ရှောင်ပါ။ လူစုလူဝေးမလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ခရီးသွားမယ်ဆိုရင် လူဦးရေကန့်သတ်ထားပါ။
– ဆေးခန်း၊ ဆေးရုံပြတဲ့အခါမျိုးမှာ အချိန်အလဟဿဖြစ်တာကို ရှောင်ဖို့ သင့်နဲ့အတူ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုယူဆောင်လာပါ။ ဆရာဝန်တွေကို မလိုအပ်တဲ့မေးခွန်းတွေမမေ့ပါနဲ့။
– သင့်ရဲ့ခရီးသွားရာဇဝင်အားလုံးကို ကျန်းမာရေးအာဏာပိုင်တွေကို အသိပေးထားပါ။ မလိုလားအပ်တဲ့အရာတွေမဖြစ်လာစေဖို့အတွက်ပါ။
– အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သန့်စင်ဆေးကြောဖို့မမေ့ပါနဲ့။ အပြင်မှာထိတွေ့မိခဲ့တဲ့အရာတွေကို ပိုးသတ်သန့်စင်ပေးပါ။ အဝတ် mask ကိုအသုံးပြုနေတာဆိုရင် အခြားအရာတွေကိုမထိမိအောင် စွန့်ပစ်လိုက်ပါ။

အစိုးရနဲ့ကျန်းမာရေးအာဏာပိုင်တွေက ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာသင့်ပါတယ်။ စည်းကမ်းချိုးဖောက်တာတွေက မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပြီး သင့်ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိပါတယ်။

Ref: Visiting a hospital during COVID-19? Keep these things in mind

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top