လေ့ကျင့်မှုအတူတွဲလုပ်ခဲ့တဲ့ Vitor Belfort နှင့် Mike Tyson

29-5-2020-yyl-033.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဘရာဇီးလ်အားကစားသမား Vitor “The Phenom” Belfort ဟာ မေလ ၂၃ ရက်က ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆန်ဗီးလ်မြို့မှာပြုလုပ်တဲ့ All Elite Wrestling က ဦးစီးကျင်းပတဲ့ Double or Nothing ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် Belfort ဟာ အ မေရိကန်နိုင်ငံသားအဖြစ်လည်း ခံယူထားပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွေကို ဆယ်စုနှစ် ၂ ခုကျော် ယှဉ်ပြိုင်ခဲ့သူပါ။ အားကစား အဖွဲ့အစည်းပေါင်းစုံရဲ့မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း၊ ဟဲဗီးဝိတ်တန်းစတဲ့ ဝိတ်တန်းစုံယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ၎င်းဟာ UFC၊ Cage Rage အဖွဲ့အစည်းတွေရဲ့လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကို ပိုင်ဆိုင်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် Belfort ဟာ UFC သမိုင်းတစ်လျှောက် အလဲထိုးနိုင်ပွဲအရဆုံး အားကစားသမားစာရင်းထဲ ထိပ်ဆုံးနားကပါဝင်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလအတွင်း အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၎င်းဟာ စင်ကာပူအခြေစိုက် ONE Championship ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို နှစ်သက်သဘောကျတာကြောင့် ၂၀၁၉ ခုနှစ်အတွင်းက စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Belfort ဟာ လက်ရှိအ ချိန်မှာ ၎င်းအခြေစိုက်နေထိုင်ရာ အမေရိကန်မှာရှိနေပြီး AEW နပမ်းအဖွဲ့အစည်းကကျင်းပတဲ့ Double or Nothing ပြိုင်ပွဲကို တက် ရောက်ကြည့်ရှုခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် တံခါးပိတ်ကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲကို Belfort နည်းတူ ဟဲဗီးဝိတ်ချန်ပီယံ ဟောင်းတစ်ယောက်ဖြစ်တဲ့ အမေရိကန်လက်ဝှေ့ကျော် Mike Tyson လည်း ကြည့်ရှုခဲ့ပါတယ်။

၎င်းတို့နှစ်ယောက်ဟာ တိုက်ခိုက်ရေးအားကစားလောကအတွင်း ချန်ပီယံဆုတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရယူထားနိုင်သူတွေဖြစ် သလို သက်ဆိုင်ရာအားကစားနည်းတွေရဲ့ဂန္ထဝင်အားကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ Mike Tyson ဟာ အသက် ၂၀ စွန်းစွန်းအရွယ်နဲ့ ဟဲဗီးဝိတ်ခါးပတ်ကိုရယူနိုင်ခဲ့သလို Belfort ကလည်း ၂၇ နှစ်အရွယ်နဲ့ UFC လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ရယူနိုင်ခဲ့ပါ တယ်။ ၂၆ ပွဲနိုင်၊ ၁၄ ပွဲရှုံးမှတ်တမ်းပိုင်ရှင် Belfort နဲ့ ၅၀ ပွဲနိုင်၊ ၆ ပွဲရှုံးမှတ်တမ်းပိုင်ရှင် Mike Tyson တို့ဟာ ပြိုင်ပွဲအပြီးမှာ အားကစားရုံ ထဲက လေ့ကျင့်ရေးခန်မတစ်ခုအတွင်း အတူတကွ လေ့ကျင့်ခဲ့ကြပါတယ်။ Mike Tyson ဟာ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်ပေ မယ့်လည်း ဒီဘက်နှစ်ပိုင်းအတွင်း စနစ်တကျနေထိုင်ကာ လေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်နေလို့ ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းမှုက အရွယ်နဲ့မလိုက်အောင် သန်စွမ်းလျက်ရှိပါတယ်။

Belfort ရဲ့အာရှမြေပွဲဦးထွက်စွန့်စားခန်းက မကြာခင်ထွက်ပေါ်လာမှာဖြစ်သလို သံမဏိမိုက်လို့ တင်စားခံထားရတဲ့ Mike Tyson က လည်း လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လာဖွယ်ရှိနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ပ ရိသတ်တွေကို ဆွဲငင်ဖမ်းစားနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားနှစ်ယောက် လေ့ကျင့်မှုအတူပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်က ၎င်းတို့ရဲ့ပွဲတွေကို ငတ် မွတ်နေသူတွေအတွက် စိတ်ဖြေသိမ့်စရာလို့ပဲ ဆိုရပါတော့မယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top