တရုတ်နိုင်ငံမှ မူဆယ်မြို့ကို ယွမ် သိန်း (၂၀) ကျော်တန်ဖိုးရှိ ကိုဗစ်ရောဂါရှာဖွေရေးစက်နဲ့ လိုအပ်တဲ့ ဆေးဝါးများလှူဒါန်း

15-10-2020-yyl-011.jpg

တရုတ်နိုင်ငံရွှေလီမြို့ကြက်ခြေနီအသင်းမှ မူဆယ်မြို့(မြန်မာနိုင်ငံ) ကို ယွမ် သိန်း (၂၀) ကျော်တန်ဖိုးရှိ ရောဂါရှာဖွေရေးစက် (အချိန် (၃) နာရီအတွင်း လူဦးရေ (၂၀၀၀) ခန့်စစ်ဆေးနိုင်) နဲ့ လူဦးရေ တစ်သောင်းအတွက် စစ်ဆေးရန်လိုအပ်တဲ့ ပစ္စည်းတွေ အောက်တိုဘာ (၁၄) ရက်နေ့က လှူဒါန်းခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“စက် အနေနဲ့လှူဒါန်းတာကတော့ ဒါပထမဆုံးပါ။ အရင်ကတော့ Mask တွေ Face Shield တွေလှူခဲ့ဖူးပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့ပြင် မူဆယ်မြို့မှာ စက်တပ်ဆင်နိုင်ရန်အတွက် ရွှေလီမြို့ပြည်ပရေးရာဌာနမှတစ်ဦး နဲ့ ပညာရှင် ( ၃ ) ဦးတို့မှာ စစ်ဆေးရှာဖွေရေးစက်အသုံးပြုနိုင်ရေး အတွက် လိုက်ပါကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

“ရွှေလီမြို့ပြည်ပရေးရာဌာနက တစ်ဦး နဲ့ ပညာရှင် ( ၃ ) ဦးက အခုထိတော့မူဆယ်မှာပဲရှိနေပါသေးတယ်။ စက်စတင်လည်ပတ်နိုင်တဲ့ အချိန်ထိတော့ရှိမယ်လို့တော့သိထားပါတယ်။ ရက်အတိအကျတော့မသိပါဘူး” လို့ သူက ဆိုပါတယ်။

မူဆယ်မြို့မှာ လက်ရှိအချိန်ထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၁၅) ဦး ရှိပြီဖြစ်ပြီး ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူ (၄) ဦး အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Photos- Kyaw Kyaw Moe
WL and Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top