အဝတ်ဗလာနဲ့ ဧည့်သည်အယောက် ၂၀၀ ကို လေ့လာခွင့် ပေးခဲ့တဲ့ ပဲရစ်က ပန်းချီပြခန်း

1000x563_cmsv2_558a0496-6d48-5d27-9374-2ce4d7019da0-3146301.jpg

ပဲရစ်မြို့က ပန်းချီပြခန်းတစ်ခုဟာ ပန်းချီရသတွေကို လေ့လာခံစားဖို့ ဧည့်သည်စာရင်းမှာ အဝတ်ဗလာနဲ့ ဧည့်သည် ၂၀၀ အထိ တက်ရောက်နိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ တိုးပွားလာနေတဲ့ အဝတ်ဗလာနဲ့ နေထိုင်ဖို့ အယူအဆရှိသူတွေကို အခွင့်အရေး ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အီဖယ်မျှော်စင်ရဲ့ အရိပ်အောက်မှာရှိတဲ့ ပယ်လိုင်ရစ် ဒီ တိုကျို (Palais de Tokyo) ခေတ်ပြိုင် အနုပညာပြတိုက်မှာ အများပြည်သူတွေ အတွက် လေ့လာဖို့ ဖွင့်လှစ်မှုမပြုခင် အဝတ်ဗလာနဲ့ ဧည့်သည်တွေကို လေ့လာခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးပြခန်းမှာ ခွင့်ပြုခဲ့တာဟာ ပြင်သစ်နိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပဲရစ်က အဝတ်ဗလာနဲ့နေထိုင်သူများ လူမှုအသိုင်းအဝိုင်းကတော့ “မမေ့နိုင်စရာ နေ့တစ်နေ့ပါပဲ။ ဒါဟာ အဝတ်ဗလာနဲ့ လူမှုအသိုင်းအဝိုင်းအတွက် သမိုင်းသစ် ဖွင့်လှစ်နိုင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

မတ်လအတွင်းက အခုလို တက်ရောက်နိုင်မယ် ဆိုတာကို ကြေညာအပြီး နှစ်ရက်အကြာမှာပဲ ပြပွဲလေ့လာခွင့် လက်မှတ်တွေဟာ အလျင်အမြန် ကုန်သွားခဲ့တာဖြစ်ကာ “ဒစ်ကော်ဒီယာ (Discordia) ညရဲ့သမီး” ပြပွဲမှာ သူတို့ရဲ့ အဝတ်တွေကို ခွာချပြီး တက်ရောက်ခွင့် ရခဲ့ကြပါတယ်။ ဒါ့အပြင် ပြတိုက်ရဲ့ အမိုးပေါ်မှာလဲ သီးသန့် ကော်တေးပါတီ တက်ရောက်ခဲ့ကြပါသေးတယ်။

“မယုံနိုင်စရာ ဖြစ်ရပ်ပါပဲ။ ဒါဟာ အောင်မြင်မှုတစ်ခုဖြစ်ပြီး အခုဆို လူတွေရဲ့စိတ်ထဲမှာ အဝတ်ဗလာ အယူအဆကို သာမန်ကိစ္စတစ်ခုလို လက်ခံလာနိုင်ကြပါပြီ” လို့ အဲဒီအသိုင်းအဝိုင်းက ဆိုပါတယ်။

ပဲရစ်မြို့ဟာ အဝတ်ဗလာနဲ့ နေချင်သူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ မြို့ဖြစ်လာပြီး မနှစ်ကလည်း ပဲရစ်မြို့အရှေ့ပိုင်းမှာရှိတဲ့ ဘိုအစ် ဒီ ဘီးနက် (Bois De Vincennes) ပန်းခြံမှာ အဝတ်ဗလာနဲ့ သူတွေအတွက် သီးသန့်နေရာ သတ်မှတ်ထားတာကို ဖယ်ရှားပေးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီမှာရှိတဲ့ အိုနထရယ် (O’Naturel) ဆိုတဲ့ စားသောက်ဆိုင်မှာ အဝတ်ဗလာနဲ့ စားသောက်နိုင်ကြပါတယ်။

Ref: The Guardian “Special exhibition: Paris gallery opens doors to nudists”
Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top