၂၀၄ဝခုနှစ်မှာ ဓာတ်ငွေ့နဲ့လောင်စာဆီသုံးကား ရောင်းချခြင်းများကို ရပ်တန့်မဲ့ပြင်သစ်နိုင်ငံ

07francecars-superJumbo.jpg

ပြင်သစ်နိုင်ငံဟာ လောင်စာဆီသုံးမော်တော်ကားများ အသုံးပြုခြင်းကိုရပ်တန့်ဖို့ ကြိုးစားနေတဲ့ နိုင်ငံများ အဖွဲ့အစည်းထဲကိုပါဝင်လာပြီး ၂၀၄၀  ခုနှစ်မှာ လောင်စာဆီသုံး မော်တော်ကား ရောင်းချခြင်းများကို လုံးဝရပ်တံ့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် ကြာသာပတေးနေ့မှာ  ပြောကြားခဲ့ပါတယ်။

ကားအဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ပြစ်သစ်နိုင်ငံရဲ့ အခုလိုပြောဆိုမှုကြောင့် အနာဂတ်မှာ  ရာသီဥတုပြောင်းလဲလာခြင်း ပြဿနာအတွက် အဖြေတစ်ခုဖြစ်လာနိုင်ပြီး လျှပ်စစ်ကားများ သုံးစွဲမှုလည်း  မြင့်တက်လာမှာဖြစ်ပါတယ်။ ဒီကြေညာချက်ကို ပြစ်သစ်နိုင်ငံ ရာသီဥတုနဲ့ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သူ နီကိုလပ်စ်ဟူလော့  (Nicolas Hulot) က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဥရောပနိုင်ငံ ခေါင်းဆောင်များရဲ့ ရာသီဥတု ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်  ဆောင်ရွက်ချက်တစ်ခုအနေနဲ့ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်သမ္မတ ထရမ့်ရဲ့ ဥရောပ ခရီးစဉ်မှာ ကြေညာခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ ထရမ့်က  ပြင်သစ်ရဲ့ ရာသီဥတု ဆိုင်ရာလုပ်ငန်းစဉ်ကို ငြင်းပယ်ခဲ့ပေမဲ့ ပြင်သစ်နိုင်ငံက ကြေညာခဲ့တာလည်းပဲ ဖြစ်ပါတယ်။

မစ္စတာ ဟူလော့ ရဲ့ ကြေညာချက်ဟာ ရာစုနှစ် ၁ ခုစာနီးပါးအသုံးပြုခဲ့တဲ့ အင်ဂျင်တွင်း မီးလောင်ကာ စွမ်းအားရယူတဲ့ internal combustion  engine များရဲ့ နေဝင်ချိန်ကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လ ၂၈ ရက်နေ့ကလည်း ဆွီဒင်အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့  Volvo မှလည်း ၂၀၁၉ ခုနှစ်ကစပြီး Volvo ဟာ ဘတ်ထရီအားသုံးကားများ နဲ့ hybrid ကားများကို သာထုတ်လုပ်တော့မှာဖြစ်တယ်  လို့ကြေညာခဲ့ပါသေးတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများအတွက် လုပ်ငန်းစဉ်များလုပ်ဆောင်နေတာဟာ ပြင်သစ်တစ်နိုင်ငံတည်း မဟုတ်ဘဲ နော်ဝေးနိုင်ငံက  ၂၀၂၅ ခုနှစ်က စပြီး လျှပ်စစ်ကားများသာရောင်းချခွင့်ပြုမယ်လို့ ကြေညာခဲ့သလို အိန္ဒိယနိုင်ငံကလည်း ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကားများသာ  ရောင်းချသွားမယ်လို့ ကြေညာချက် အသီးသီး ထုတ်ပြန်ထားခဲ့ကြပါတယ်။

Ref : NewYork Times News : France Plans to End Sales of Gas and Diesel Cars by 2040

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top