ရုံတင်ပြသမဲ့ရက် ထွက်ရှိလာခဲ့တဲ့ “Train to Busan” ဇာတ်ကားရဲ့ နောက်ဆက်တွဲ “Peninsula”

yyl-018-3.jpg

ပရိသတ်တွေ အခိုင်အမာရရှိခဲ့တဲ့၊ အအောင်မြင်ကြီးအောင်မြင်ခဲ့တဲ့ သည်းထိတ်ရင်ဖိုကိုရီးယားရုပ်ရှင်ကား “Train to Busan” ကို မြန်မာနိုင်ငံက ပရိသတ်တွေလည်း မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အဲဒီဇာတ်ကားက ရထားတစ်စီးပေါ်မှာပဲ လူသားတွေက ဇွန်ဘီတွေရဲ့ရန်ကလွတ်အောင် ကြိုးစားထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ အရမ်းအောင်မြင်ခဲ့တာကြောင့် နောက်ဆက်တွဲဇာတ်ကား “Peninsula” ကို ရိုက်ကူးခဲ့ပြီး အခုဆိုရင် အဲဒီဇာတ်ကား ရုံတင်ပြသမဲ့ ရက်ထွက်ရှိလာခဲ့ပါတယ်။

ပထမ”Train to Busan” ဇာတ်ကားက၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အခုဇာတ်ကားကတော့ ၂၀၂၀ခုနှစ် သြဂုတ်လမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ရုံတင်ဖို့ လျာထားတယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။ “လက်ရှိ ၂၀၂၀ခုနှစ် နွေရာသီမှာ ထွက်ရှိဖို့ စီစဉ်ထားပေမဲ့ အခြားနိုင်ငံတွေမှာ ရုံတင်ပြသမဲ့ရက် အသေးစိတ်နဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး” လို့ ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။

“Train to Busan” နောက်ဆက်တွဲ Peninsula ဇာတ်ကားဟာ ကိုရီးယားကျွန်းဆွယ်ကို အခြေပြုပြီး ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားက “Train to Busan” ဇာတ်ကားမှ အဖြစ်အပျက်တွေ ပြီးတဲ့နောက် (၄) နှစ်အကြာမှာ ဇာတ်ကောင်တွေက ဇွန်ဘီတွေရန်ကြောင့် ကိုရီးယားကနေ စွန့်ခွာဖို့ ကြိုးစားတဲ့အကြောင်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၈ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကဇာတ်ကောင်တွေအနေနဲ့ ကန်ဒုန်ဝန် (Kang Dong Won)၊ လီဂျွန်ဟွန်း (Lee Jung Hyun)၊ လီရီ (Lee Ye)၊ ကွမ်ဟေးဟို (Kwon Hae Hyo)၊ ကင်မင်ဂျေး (Kim Min Jae)၊ ဂိုဂျိုဟွမ် (Goo Kyo Hwan) တို့က ပါဝင်သရုပ်ဆောင်ကြပါတယ်။ ပထမရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသား ဂေါင်ယို (Gong Yoo) ကတော့ ဒီနောက်ဆက်တွဲဇာတ်ကားမှာ ပြန်ပြီးပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref: ‘Train to Busan’ sequel, ‘Peninsula’, reportedly set to premiere in Aug. 2020

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top