ဝမ်းတွင်းသန္ဓေသားခွဲစိတ်မှုပြုလုပ်ပြီး သုံးမြွှာပူးကို မသေမပျောက်ဘဲ မွေးဖွားပေးနိုင်ခဲ့

66862323_486922675397811_3855377019592245248_n.jpg

အသက် (၃၀) အရွယ် တန်ညာဟောလ် (Tanya hall) ဟာ သုံးမြွှာပူးကိုယ်ဝန်ဆောင်ပြီး ကိုယ်ဝန်ဆောင်ကာလ (၁၉) ပတ်အကြာမှာပဲ သူ့ရဲ့ သန္ဓေသားသုံးမြွှာပူးမှာ အချင်းကနေတစ်ဆင့် အာဟာရဓာတ်နဲ့ သွေးစီးဆင်းမှုကို ညီမျှစွာ မရရှိတဲ့ Twin to Twin Transfusion Syndrome ရောဂါအခြေအနေတစ်ခုရင်ဆိုင်နေရကြောင်း ဆေးစစ်သိရှိခဲ့ရပါတယ်။

ဒါဟာ အမြွှာပူးလေးတွေအတွက်အသက်အန္တရာယ်အထိ ဆိုးရွားတဲ့အခြေအနေဖြစ်ခဲ့ပြီး သွေးအများကြီးပိုရနေတဲ့ သန္ဓေသားလေးက ရုတ်တရက်နှလုံးခုန်ရပ်သွားနိုင်သလို သွေးစီးဆင်းမှုနည်းပါးတဲ့ သန္ဓေသားလေးမှာတော့ ဖွံ့ဖြိုးမှုမရှိတဲ့ကလေးတွေဖြစ်သွားတော့မယ့် အန္တရာယ်များလွန်းတဲ့ အခြေအနေဆိုးတစ်ရပ်ပါ။

ဒါကြောင့် ဆရာဝန်တွေက သန္ဓေသားခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ရပြီး ဆရာဝန်တွေရဲ့မျှော်လင့်ထားချက်အရ ဒီခွဲစိတ်မှုအောင်မြင်ခဲ့ရင်တောင် သန္ဓေသားလေးတစ်ဦးကိုတော့ လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သုံးမွှာပူးလေးတွေကို သန္ဓေသားခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက် ကိုယ်ဝန်ဆောင်ကာလ (၃၁) ပတ်အကြာမှာပဲ ကလေးသုံးဦးစလုံးကို အသက်ရှင်သန်နိုင်အောင် မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကလေးတွေကတော့ လက်ရှိအချိန်မှာ သုံးလသားအရွယ်ရှိလာပါပြီ။

“ဒီခွဲစိတ်မှုပြီးတဲ့အချိန် သူတို့ကိုအသေအပျောက်မရှိဘဲ ဒီလိုမွေးထုတ်နိုင်ခဲ့တာ တကယ့်အံ့ဖွယ်ပဲ။ တော်တော်စိတ်ထိခိုက်စရာကောင်းသလို ခွဲစိတ်မှုကိုလည်း အတော့်ကိုကြောက်ရွံ့ခဲ့ရပါတယ်။ ကလေးသုံးယောက်လုံး မြဲမှမြဲပါ့မလားလို့ပေါ့။ အရမ်းခံစားခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးယောက်စလုံးကိုရအောင်မွေးမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တာပါ” လို့ အမြွှာလေးတွေရဲ့မိခင်က ဟောလ်ကပြောပြသွားခဲ့ပါတယ်၊

Ref: Dailymail “Mother poses with her ‘miracle’ triplets”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top