မိန်းကလေးတစ်ယောက်က သင့်ကို ကြွေနေကြောင်း သိနိုင်တဲ့ အချက်များ

close-up-of-a-smiling-young-woman-talking-to-a-P2Q4BA2-e1565784994430.jpg

အမျိုးသားတွေ ထက် အမျိုးသမီးတွေစိတ်က ဖတ်ရပိုခက်ပါတယ်။ ယောက်ျားလေးတစ်ယောက်က အကြောင်းအရာတစ်ခုကို အဓိပ္ပာယ် တိုက်ရိုက်ပြောပေမဲ့ မိန်းကလေးတွေကတော့ စကားတစ်ခွန်းကိုတောင် အဓိပ္ပာယ်အမျိုးမျိုးပေါက်အောင် ပြောနိုင်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်က ကိုယ့်အပေါ်စိတ်ဝင်စားမှုရှိ၊ မရှိ ဆိုတာ ခန့်မှန်းတတ်သူအဖို့တော့ အဆင်ပြေပေမဲ့ များသောအားဖြင့် ယောက်ျားလေး တော်တော်များများက သဘောမပေါက်ကြတာများပါတယ်။ ဒါဆို ဘယ်လိုအချက်တွေကြည့်ရင် သိနိုင်မှာလဲ..

သူမသူငယ်ချင်းတွေကအစ သင့်အကြောင်းသိထားတယ်

သူမသူငယ်ချင်းတွေက သင့်အကြောင်း သိထားတယ်ဆိုရင် သေချာပါတယ်။ သင့်အကြောင်းကို အချိန်ပေး ပြောပြထားတယ်ဆိုတာ။ မိန်းကလေးတွေက သူတို့ စိတ်ဝင်စားတဲ့လူတွေ့ရင် အရင်ဆုံး တိုင်ပင်ပြောပြတာက သူငယ်ချင်းတွေကိုပါ။ ဒီထက်အဆင့်ပိုပြီး သူငယ်ချင်းတွေနဲ့ပါသင့်ကို မိတ်ဆက်ပေးရင်တော့ သေချာပါပြီ သင့်ကိုလူကဲခတ်ဖို့ ခေါ်လာတဲ့ သူငယ်ချင်း ဆရာမကြီးတွေဆိုတာ…

ကိုယ်ဟန်မူရာ မိန်းကလေးတစ်ယောက်ရဲ့ အတွေးကို သူ့ရဲ့ ကိုယ်ဟန် အမူအရာကနေ အဓိပ္ပာယ် ဖော်ကြည့်ရမှာပါ

သင့်ရဲ့ အနီးမှာ ကပ်ထိုင်တာမျိုး၊ သင်နဲ့စကားပြောတဲ့အခါ ခေါင်းလေးစောင်းပြီး ပြောတာမျိုး၊ ဆံပင်ကို ဆော့နေတာမျိုးဆိုရင်တော့ သင့်ကိုကြွေနေလို့ပါ။

သင့်ဆီက အကြံဉာဏ်တောင်းမယ်

မိန်းကလေးတစ်ယောက်က သင့်အပေါ်ခံစားချက်ရှိနေရင် သင့်ဆီက ထင်မြင်ချက်လေးတွေ တောင်းမှာပါ။ ဒါကလည်း သင်နဲ့နီးစပ်ဖို့ ဖန်တီးတဲ့သဘောပါ။ အဝတ်အစား ရွေးချယ်မှုကအစ အိမ်စာအဆုံး သင့်ရဲ့ ထင်မြင်ချက်မေးပြီး အကြံဉာဏ် တောင်းပါလိမ့်မယ်။ ဒါကသူမ သင့်ကို တန်ဖိုးထား လေးစားတယ်ဆိုတာ ပြသနေတာပါ။

ဝတ်စားဆင်ယင်မှု အရမ်းပြောင်းသွားမယ်

မိန်းကလေးတွက လှလှလေးဝတ်ရတာ ကြိုက်ပါတယ်။ သူတို့ကိုယ်တိုင်နဲ့ သူတို့သူငယ်ချင်းတွေအမြင်မှာ လှနေအောင်လို့ပါ။ ဒါပေမဲ့ သူတို့ ကြိတ်ကြွေနေတဲ့ လူအတွက် ဝတ်စားတာကျတော့ နည်းနည်းလေးကွဲတယ်။ မိန်းကလေးတစ်ယောက်က ပုံမှန်ထက် ထူးထူးခြားခြားတွေ ပြင်ဆင်ပြီး အလှအပကို ဦးစားပေးလာတယ်ဆိုရင် သေချာတာတစ်ခုက သူမချစ်ရသူက သူမအနီးတစ်ဝိုက်မှာပါ။

သင့်ကို တို့ထိမယ်

မိန်းကလေးတစ်ယောက်က သင့်ကို စိတ်မဝင်စားဘူးဆိုရင် သင်နဲ့ ဝေးဝေးမှာပဲ နေမှာပါ။ ဒီလိုမှမဟုတ်ဘဲ သင့်ကို တို့ထိတာတို့၊ သင်နဲ့ နီးနီးကပ်ကပ်နေတယ်ဆိုရင်တော့ သေချာတယ် သင့်ကိုကြွေနေလို့ပါ။

အကြည့်ချင်းဆုံမယ်

ယောက်ျားလေးက ချောတာ လှတာမြင်ရင် စိုက်ကြည့်ပြီး လိုက်ငမ်းလို့ရပေမဲ့ မိန်းကလေးတွေကျတော့ မျက်လုံးချင်းဆုံဖို့တောင် မဝံ့မရဲဖြစ်သူတွေပါ။ ဒီလိုမှ မဟုတ်ဘူး ရဲဆေးတင်ပြီး သင်နဲ့ အကြည့်ချင်းဆုံအောင် လိုက်ကြည့်မယ်။ သင်က ပြန်ကြည့်တဲ့အခါ ပြုံးပြမယ်၊ ရှက်သွေးဖြာသွားမယ်၊ မျက်လုံးလွှဲသွားမယ်ဆိုရင် သေချာတာက သင့်ကိုကြွေနေလို့ပါ။

သင်က ပိုရယ်စရာကောင်းလာမယ်

သင်က လူရွှင်တော် မဟုတ်ပါဘဲ သင့်ကို တွေ့တာနဲ့ သူမက အလိုလို ရယ်တယ်ဆိုရင် သေချာတာက သူမစိတ်ဝင်စားလို့ပါ။ သင်ပြောတာကို ဂရုတစိုက်နားထောင်ပေးပြီး တခါတလေ ဟာသလေးတွေ ဝင်နှောတယ်ဆိုတာ သင့်ကိုကြွေနေလို့ပါ။

သင့်ကိုထိရင်မခံဘူး

မိန်းကလေးတွေက သူတို့ချစ်ရတဲ့သူကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ တစ်ယောက်ယောက်က သင့်အကြောင်း မကောင်းပြောရင်တောင် မခံမရပ်နိုင်ဖြစ်ပြီး သင့်ဘက်က ရှေ့နေလိုက်ပေးမှာပါ။ သင့်ရဲ့အကြံဉာဏ်တွေကိုလည်း အမြဲတမ်း ထောက်ခံပေးနေတယ်ဆိုတာ သင့်ကိုကြွေလို့ သင့်ဘက်က ရပ်တည်ပေးတာပါ။

သင့်အတွက် အချိန်တိုင်း အသင့်ရှိတယ်

မိန်းကလေးတစ်ယောက်က သူတို့ စိတ်ဝင်စားတဲ့သူအတွက်ဆို အချိန်ပေးဖို့ ဝန်မလေးတတ်ကြပါဘူး။ သူတို့ချိန်းထားတဲ့ တခြားကိစ္စတွေ ဖျက်ချင်ဖျက်မယ် သင့်နဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ကုန်ဆုံးဖို့ လက်လွှတ်ခံမှာ မဟုတ်ဘူး။

များသောအားဖြင့် သင့်အနားမှာရှိနေမယ်

လူတွေအများကြီးရှိတဲ့အထဲမှာမှ လူသားတစ်ဦးက သင့်အနားမှာ အနီးကပ်ဆုံး တွယ်ကပ်နေတယ်ဆိုရင်တော့ သိလိုက်ပါ။ မိန်းကလေးတစ်ယောက်က သင့်ရဲ့ ဖြစ်တည်မှုကိုပဲ ရှာဖွေနေပြီး သူ့ကို ဖမ်းစားထားတာက သင်ဆိုရင်တော့ ဒီ တည်ရှိမှုလေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ။

Ref: Millionairessaying:10-signs-that-a-girl-is-into-you

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top