ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူတွေအတွက် မျက်လုံးကိုပြာဝေစေတဲ့ အဖြူရောင်အပြင် ပိုအသုံးပြုရ အဆင်ပြေစေနိုင်မယ့် အနက်ရောင်အသွင်သစ်ကိုပါ မက်ဆင်ဂျာမှာ ထည့်သွင်းအသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။ စမ်းသပ်ကာလနဲ့အတွင်းမှာတော့ နိုင်ငံတချို့မှာပဲ စတင်အသုံးပြုခွင့်ရရှိမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် စမ်းသပ်ကာလအသုံးပြုခွင့်ရရှိတဲ့ထဲမှာတော့ အမေရိကန်န်ိုင်ငံ မပါဝင်သေးဘူးလို့ ဆိုပါတယ်။ မက်ဆင်ဂျာ app အတွက် အနက်ရောင် “Dark Mode” က မပြီးပြည့်စုံသေးတာမို့ အမြင်အာရုံကို ရုတ်တရက်ထိခ်ိုက်စေနိုင်တာကြောင့် စတင်အသုံးပြုတဲ့အခါ ညဘက်တွေမှာ သတိထားသင့်ပါတယ်။
ဒီအနက်ရောင်အသွင်သစ်မှာတော့ နောက်ခံအဖြူရောင်အားလုံးနီးပါးက အနက်ရောင် အဖြစ်ပြောင်းသွားပြီး စာတိုတွေရဲ့အရောင်ကတော့ အဖြူရောင်အဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။ Search Bar အရောင်ကတော့ မီးခိုးရောင်နဲ့ရှိနေမှာဖြစ်ပြီး တချို့အစိတ်အပိုင်းတွေမှာလဲ အဖြူရောင်အနေနဲ့ ပေါ်နေမှာပါ။
စမ်းသပ်ကာလအပြီးမှာတော့ နိုင်ငံအားလုံး သုံးစွဲန်ို္င်ဖို့မျှော်လင့်ရသလို အမြင်ဆန်းစေတဲ့ မာဆင်ဂျာအသွင်သစ်က ဘယ်လိုထပ်ထူးခြားလာဦးမလဲ စောင့်ကြည့်မှာပါ။
Ref: Androidpolice ” Facebook Messenger is testing dark mode, but only in some countries ”
AI (ရိုးရာလေး)