Samsung ဖုန်းများဝယ်ယူရင်း ကျပ် သိန်း ၂,၀၀၀ ကျော်ဖိုး ရှိ ဆုကြီးများ ဆွတ်ခူးနိုင်မယ့် ကံစမ်းမဲအစီအစဉ်မှာ ပါဝင်လိုက်ပါ

02_UnlockedSmartphones_TwoColumn-Standard_C-20170705.jpg

Samsung ကနေ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁) ရက်မှ (၃၀) ရက်နေ့အထိ ကျပ် သိန်း ၂,၀၀၀ ကျော်ဖိုးရှိ “Samsung Galaxy Lucky Draw” အစီအစဉ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ကံစမ်းမဲအစီအစဉ်တွင် Honda Fit ကား ၈ စီး၊ Samsung 32” TV ၁၅၀ လုံး၊ Samsung Galaxy Tab3 Lite 7” အလုံး ၃၀၀၊ ၁ သောင်းတန် ဖုန်းငွေဖြည့်ကဒ် ၂၅၀၀ ကတ်တို့ပါဝင်ပါတယ်။

ကံထူးရှင်များကိုတော့ ဇွန်လလယ်တွင် တစ်ကြိမ်၊ ဇူလိုင်လဆန်းတွင်တစ်ကြိမ် ဆုအရေအတွက် အချိုးကျ ကို နှစ်ကြိမ်တိုင်တိုင် မဲဖောက် ပေးအပ်သွားမှာဖြစ်ပြီး Samsung Mobile Myanmar Facebook Page တွင်လည်း ဖော်ပြပေးမှာပါ။ ကံထူးသူများအနေနဲ့ အကြောင်းကြားပြီးချိန်မှစ၍ (၃) ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးပြီး ဆုများထုတ်ယူမည့်ရက်ကို အကြောင်းကြားရမှာဖြစ်ပါတယ်။ တကယ်လို့ ဆုမဲများကို အကြောင်းကြားပြီး တစ်လအတွင်း သတ်မှတ်ထားတဲ့ ရက်များအတိုင်း လာရောက်ထုတ်ယူခဲ့ခြင်း မရှိပါက ၎င်းဆုမဲများကို ပေးအပ်သွားမှာမဟုတ်ပါဘူး။

ဝယ်ယူသူများအနေနဲ့ Samsung ရဲ့ ကြိုက်နှစ်သက်ရာ မည့်သည့် ဖုန်းအမျိုးအစားကိုမဆို ဝယ်ယူသည့် တန်ဖိုးပေါ်မူတည်လို့ ကူပွန်ကုတ်များရရှိနိုင်မှာပါ။ ကူပွန်Code တွေပါဝင်တဲ့ စာရွက်ကို ဖုန်းရဲ့ ဘူးခွံပေါ်မှာ ကပ်ထားပေးပါတယ်။ ကူပွန် Code အရေအတွက် သတ်မှတ်ချက်ကတော့ ကျပ် ၂၀၀,၀၀၀ အောက် ဝယ်ယူပါက ကူပွန်ကုတ် ၁ ခု၊ ကျပ် ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ အတွင်း ဝယ်ယူပါက ကူပွန်ကုတ် ၃ ခု နှင့် ကျပ် ၅၀၀,၀၀၀ နှင့်အထက် ဝယ်ယူပါက ကူပွန်ကုတ် ၅ ခု ရရှိမှာလို့ ဝယ်ယူသည့် ဖုန်း၏ တန်ဖိုးပေါ် မူတည်၍ ရရှိသည့် ကူပွန်ကုတ်အရေအတွက်အတိုင်း ပါဝင်ကံစမ်းနိုင် မှာ ဖြစ်ပါတယ်။ မိမိ ရရှိတဲ့ ကံစမ်းကုတ်နံပါတ်တွေကို မိမိဖုန်းကနေတဆင့် သက်မှတ်ထားတဲ့ ဖုန်းနံပါတ်ဆီကို ကူပွန်စာရွက်မှာဖော်ပြထားချက်များအတိုင်း ရေးသားလို့ SMS ပေးပို့ရမှာ ဖြစ်ပါတယ်။ အထူးအနေနဲ့ Ooredoo ဖုန်းများဖြင့် SMS ကံစမ်း code ပေးပို့ရာတွင်တော့ ပေးပို့ခ ကုန်ကျမည်မဟုတ်ပါ။

အသေးစိတ်အချက်အလက်တွေကိုတော့ https://goo.gl/imzcQB နဲ့ https://www.facebook.com/SamsungMobileMyanmar မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ Online မှ ဝယ်ယူလိုသူများအတွက် အိမ်တိုင်ရာရောက်အခမဲ့ ပို့ဆောင်ပေးနေတဲ့ http://s-estoremyanmar.com မှာ ဝယ်ယူနိုင်ပါတယ်။ #SamsungLuckyDraw

ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တဲ့စည်းကမ်းချက်များ

၁။ ကံစမ်းမဲအစီအစဉ်မှာ အသက် ၁၆ နှစ်နှင့်အထက် မြန်မာနိုင်ငံတွင်း နေထိုင်သူများ အားလုံး ပါဝင်ကံစမ်းနိုင်ပါတယ်။ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောတူပြီးဖြစ်ကြောင်း Samsung က ယူဆပါမည်။

၂။ ပါဝင် ကံစမ်းရာတွင် တရားဝင်ခွင့်ပြုချက် ရရှိထားသော အရောင်းကိုယ်စားလှယ်များမှ ရောင်းချပေးထားသော မူရင်း Samsung ဖုန်းနဲ့ ၎င်းဖုန်းနဲ့ ကိုက်ညီတဲ့ IMEI နံပါတ်ဖြင့်သာ ပါဝင်ခွင့်ရမှာဖြစ်ပြီး မိမိ ဝယ်ယူထားတဲ့ ဖုန်းတန်ဖိုးပေါ်မူတည်၍ ရရှိထားတဲ့ ကူပွန်အရေအတွက်အတိုင်း ပါဝင်ကံစမ်းနိုင်ပါတယ်။

၃။ ပါဝင်ကံစမ်းရန်အတွက် ဝယ်ယူထားတဲ့ Samsung ဖုန်းဗူးခွံတွင် ကူပွန်ပါရှိပြီးဖြစ်ကာ SMS ပေးပို့ရမည့် အချက်အလက်များနှင့် ဖုန်းနံပါတ်များကို သေချာစွာ ကြည့်ရှုဖို့လိုပါတယ်။ ဒါ့အပြင် ကူပွန်တွင်ဖော်ပြထားတဲ့ အချက်(၅)ချက်ကို တစ်ချက်လျှင် တစ်ကြောင်းစီ ပြည့်စုံမှန်ကန်စွာဖြင့် SMS ပေးပို့ရမည့် ဖုန်းနံပါတ်များအနက်မှ နံပါတ်တစ်ခုကိုရွေးချယ်၍ စာလုံးအပိုများ ရိုက်နှိပ်ခြင်းမပြုဘဲ ကံစမ်းမဲနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာ SMS ပေးပို့ပေးရမှာပါ။

၄။ မိမိ SMS ပေးပို့ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှသာ ဆုထုတ်ယူခွင့်ပြုမည်ဖြစ်၍ နိုင်ငံသားမှတ်ပုံတင်နှင့်အတူ ဝယ်ယူထားသော IMEI နံပါတ်ပါရှိသည့် ဖုန်းဘူးခွံကို ကံထူးရှင်များအနေနဲ့ ဆုထုတ်ယူစဉ် ယူဆောင်လာဖို့လိုပါတယ်။

၅။ ဆုမဲများကို အခြားတစ်ယောက်သို့ လွှဲပြောင်းခြင်း၊ ငွေသားဖြင့် လဲလှယ်ခြင်းများကို ခွင့်မပြုပါဘူး။

၆။ ကံထူးရှင်အနေဖြင့် သတ်မှတ်ထားတဲ့ ကာလနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခဲ့ပါက ပေါက်မဲကိုပယ်ဖျက်ပြီး အခြား ကံစမ်းသူများအနက်မှ ကံထူးရှင်ကို ပြန်လည် ရွေးချယ်သွားမှာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top