အနက်​​ရောင်​အသွင်​သစ် (Dark Mode) ​နဲ့ အသုံးပြုနို​င်​​တော့မ​ယ့် ​ဖေ့စ်​ဘွတ်​ခ်​ မက်ဆင်ဂျာ

49158467_381023295987750_566117693665574912_n.jpg

​ဖေ့စ်​ဘွတ်​ခ်​ဟာ သုံးစွဲသူ​တွေအတွက်​ မျက်​လုံးကိုပြာ​ဝေ​စေတဲ့ အဖြူ​ရောင်​အပြင်​ ပိုအသုံးပြုရ အဆင်​​ပြေ​စေနို​င်​မယ်​့ အနက်​​ရောင်​အသွင်​သစ်​ကိုပါ မက်ဆင်​ဂျာမှာ ထည့်​သွင်​းအသုံးပြုသွား​တော့မှာ ဖြစ်​ပါတယ်​။ စမ်​းသပ်​ကာလနဲ့အတွင်းမှာတော့ နို​င်​ငံတချို့မှာပဲ စတင်​အသုံးပြုခွင့်​ရရှိ​မှာ ဖြစ်​တယ်​လို့လည်းသိရပါတယ်​။

ဒါ့အပြင်​ စမ်​းသပ်​ကာလအသုံးပြုခွင့်​ရရှိတဲ့ထဲမှာ​တော့ အ​မေရိကန်​န်ို​င်​ငံ မပါဝင်​​သေးဘူးလို့ ဆိုပါတယ်​။ မက်ဆင်​ဂျာ app အတွက်​ အနက်​​ရောင်​ “Dark Mode” က မပြီးပြည်​့စုံ​သေးတာမို့ အမြင်​အာရုံကို ရုတ်​တရက်​ထိခ်ို​က်​​စေနိုင်​တာကြောင့် စတင်​အသုံးပြုတဲ့အခါ ညဘက်​​တွေမှာ သတိထားသင်​့ပါတယ်​။

ဒီအနက်​​ရောင်​အသွင်​သစ်​မှာ​တော့ ​နောက်​ခံအဖြူ​ရောင်​အားလုံးနီးပါးက အနက်​​ရောင်​ အဖြစ်​​ပြောင်​းသွားပြီး စာတို​တွေရဲ့အ​ရောင်​က​တော့ အဖြူ​ရောင်​အဖြစ်​ ​ပြောင်​းလဲသွားတာကို မြင်​​တွေ့ရမှာပါ။ Search Bar အ​ရောင်​က​တော့ မီးခိုး​ရောင်​နဲ့ရှိ​နေမှာဖြစ်​ပြီး တချို့အစိတ်​အပိုင်​း​တွေမှာလဲ အဖြူ​ရောင်​အ​နေနဲ့ ​ပေါ်နေမှာပါ။

စမ်​းသပ်​ကာလအပြီးမှာ​တော့ နိုင်​ငံအားလုံး သုံးစွဲန်​ို္​င်​ဖို့​မျှော်​လင်​့ရသလို အမြင်​ဆန်​း​​စေတဲ့ မာဆင်​ဂျာအသွင်​သစ်​က ဘယ်​လိုထပ်​ထူးခြားလာဦးမလဲ စောင့်ကြည့်မှာပါ။

Ref: Androidpolice ” Facebook Messenger is testing dark mode, but only in some countries ”

AI (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top