ထုတ်ကုန်တွေကို ပြင်ပဆိုင်တွေမှာပါ တရားဝင်ပြုပြင်နိုင်အောင် Apple စီစဉ်

cracked-iphone-stock-1198.0.0.jpg

အာမခံသက်တမ်းကုန်ဆုံးပြီးတဲ့ အိုင်ဖုန်းတွေကို ပြင်ပဆိုင်တွေမှာလည်း စိတ်ချလက်ချ ပြုပြင်လို့ရစေမယ့်အစီအစဉ်သစ်တစ်ခုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ Apple က တရားဝင်ကြေညာလိုက်ပါတယ်။

ပစ္စည်းပြုပြင်တဲ့ကိစ္စတွေမှာ သုံးစွဲသူတွေ ပိုပြီးအဆင်ပြေမှုရှိဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုတလွှားက ပြင်ပပြုပြင်ရေးလုပ်ငန်းတွေကိုစုစည်းပြီး Apple တရားဝင်အသိအမှတ်ပြု ပြုပြင်ရေးလုပ်ငန်းကွန်ရက်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း Apple ရဲ့ စီမံကိန်းမန်နေဂျာဖြစ်သူ ဂျက်ဖ် ဝီလျံ (Jeff Williams) ကပြောပြပါတယ်။

ပြင်ဆင်ဖို့ ပစ္စည်းအပ်လာသူတွေအနေနဲ့ မှန်မှန်ကန်ကန်ပြုပြင်တာမျိုးကိုသာ လက်ခံမှာဖြစ်လို့ အလုံခြုံဆုံးနဲ့ စိတ်ချရဆုံးပြင်ဆင်မှုတွေပေးနိုင်အောင် အမြဲစီစဉ်ပေးနေတယ်လို့လည်း ဂျက်ဖ်က ပြောခဲ့ပါတယ်။

ပြင်ပပြုပြင်ရေးဆိုင်တွေအနေနဲ့ Apple ရဲ့ အစီအစဉ်မှာပါဝင်ဖို့ကို အခမဲ့လျှောက်ထားနိုင်ပြီး Apple ရဲ့ ပြုပြင်ရေးပညာရှင်အဖြစ်အသိအမှတ်ပြုတဲ့လက်မှတ်ကိုသာ တင်ပြနိုင်ဖို့လိုအပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တောင်အမေရိက၊ အာရှနဲ့ ဥရောပတစ်လွှားက ပြုပြင်ရေးလုပ်ငန်း (၂၀) နဲ့ပူးပေါင်းလုပ်ဆောင်ထားတဲ့ စမ်းသပ်အစီအစဉ်တွေကလည်း အောင်မြင်ခဲ့ကြောင်း Apple က ထုတ်ပြန်ကြေညာခဲ့ပြီး ဒီအစီအစဉ်မှာပါဝင်ခွင့်ရရှိတဲ့ ပြုပြင်ရေးဆိုင်တွေဟာ စက်ပစ္စည်းအစိတ်အပိုင်းတွေရဲ့ဈေးနှုန်းကို Apple ပြုပြင်ရေးဆိုင်တွေကဈေးအတိုင်းရနိုင်မယ့်အပြင် ပညာရပ်ဆိုင်ရာသင်တန်းတွေနဲ့ အခြားအထောက်အပံ့တွေကိုပါ ရရှိနိုင်မယ်လို့ သိရပါတယ်။

TH (ရိုးရာလ

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top