သားအတွက် ကျောပိုးအိတ်ဝယ်မပေးနိုင်လို့ ကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့ ဖခင်

5d0d322b7dcbb-png__700.jpg

ပညာသင်ကြားခြင်းက ကလေးရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးရာမှာ အဓိကကဏ္ဍအနေနဲ့ ပါဝင်တဲ့ အရေးကြီးဆုံးမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်တွေအရ မူလတန်းအရွယ်ကလေး သန်း (၆၀) နီးပါးက ကျောင်းမတက်ကြဘူးလို့ သိရပါတယ်။ အဲဒီလို ကျောင်းမတက်ကြတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဆင်းရဲနွမ်းပါးမှုပါပဲ။ ကျောင်းသွားရမယ့်အစား သူတို့ရဲ့မိသားစုတွေကို ကူညီပြီး မွေးချင်းမောင်နှမတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အလုပ်လုပ်ကြရတဲ့ ကလေးတွေရှိပါတယ်။

ကလေးတွေ ပညာသင်ကြားဖို့အတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေလို အခြေခံအရာဝတ္ထုတွေကို သူတို့ ဝယ်ယူဖို့ မတတ်နိုင်ရင်လည်း ကလေးတစ်ယောက် ပညာသင်ယူဖို့ အတားအဆီးဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ အနာဂတ်ကောင်းဖို့အတွက် မိဘတွေမှာ များစွာတာဝန်ရှိသလို ကလေးတွေ ပညာရေးလိုက်စားဖို့ ထောက်ပံ့ပေးရာမှာလည်း အကောင်းဆုံးလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိဘတစ်ဦးရဲ့ သားအပေါ်ပံ့ပိုးပေးမှုက မိဘတိုင်း စံနာမူနာယူထိုက်ပါတယ်။ အခြားမိဘတွေ စံနာမူနာယူထိုက်အောင် အဲဒီမိဘ ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာကို ပြောပြပေးပါရစေ..။

ကမ္ဘောဒီးယားနိုင်ငံက ငါးနှစ်အရွယ် အန်ဝိုင် ကန် (NY Keng) ဆိုတဲ့ ကောင်လေး ကျောင်စတက်တဲ့နေ့မှာ ဆရာမ ဆိုဖိုရက်စ် စုအွန် (Sophous Suon) က သူ့ရဲ့ကျောပိုးအိတ်လေးကို သတိထားမိခဲ့ပါတယ်။ သူ့ရဲ့ကျောပိုးအိတ်လေးက အခြားသူတွေရဲ့အိတ်နဲ့မတူအောင် လက်လုပ်အိတ်ကလေးဖြစ်နေလို့ပါပဲ။

ဆရာမ စုအွန်ရဲ့ဒေသမှာဆိုရင် ရိုးရိုးကျောင်းလွယ်အိတ်တစ်လုံးကို (၇) ဒေါ်လာ တန်တဲ့အတွက် ကလေးကို လွယ်အိတ် ဝယ်ပေးဖို့ ပိုက်ဆံမတတ်နိုင်တဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမဲ့ လယ်သမားအဖြစ် လုပ်ကိုင်နေတဲ့ အိုင်ဝိုင် ကန် (NY Keng) ရဲ့ဖခင်က ပိုက်ဆံစုရာလည်းရောက်အောင် ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ကျောင်းလွယ်အိတ်လေးကို သူ့သားအတွက် ကိုယ်တိုင်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အိုင်ဝိုင်ရဲ့ဖခင်က ပလတ်စတစ်ကြိုးတွေကို အသုံးပြုပြီး လှပတဲ့ကျောပိုးအိတ်အပြာလေးဖြစ်အောင် ကျစ်ခဲ့ပါတယ်။ အိုင်ဝိုင်ရဲ့ဆရာမ စုအွန်က အဲဒီကျောပိုးအိတ်ပုံလေးကို အွန်လိုင်းပေါ်တင်ခဲ့တဲ့အခါမှာ ချက်ခြင်းပဲ လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ “ဒါက ရင်ကိုထိစေတယ်။ အရမ်းမိုက်တာပဲ။ စိတ်ကူးကောင်းတဲ့ဖခင်ပဲ။ ဒီလွယ်အိတ်လေးကို ကြိုက်တယ်”လို့ လူတွေက ပြောခဲ့ပါတယ်။

အဲဒီလို အွန်လိုင်းကနေ လူသိများသွားတာက အိုင်ဝိုင်တို့သားအဖကို အကူညီပေးရာလည်း ရောက်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေက အိုင်ဝိုင်ရဲ့ဖခင်ဆီကနေ အိတ်တွေ မှာယူခြင်းအားဖြင့် သူတို့သားအဖကို အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

Ref: Boredpanda “Teacher Shares Photos Of A Backpack A Father Made For His Son Because He Wanted To Save Money”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top