ONE Championship သမိုင်းတွင် ချုပ်ကွက်ဖြင့်အမြန်ဆုံးပွဲသိမ်းခဲ့သော ပြိုင်ပွဲ (၅) ပွဲ

Saygid-Guseyn-Arslanaliev-IMG_4047-1.jpg

ကိုယ်ခံပညာသိုင်းပေါင်းကစားသမားတစ်ဦးအနေဖြင့် ချုပ်ကွက်ဖြင့်ပွဲသိမ်းအနိုင်ယူနိုင်ရန် မြေပြင်ချုပ်ကွက်ကို အထူးကျွမ်းကျင်ရန်လိုအပ်သည်။ ထို့ကြောင့် ပွဲချိန်တစ်မိနစ်အတွင်း ချုပ်ကွက်ဖြင့်ပွဲသိမ်းနိုင်သော ကစားသမားများ၏ မြေပြင်ချုပ်ကွက်စွမ်းရည်သည် အထူးတလည် ညွှန်းဆိုပြနေစရာမလိုလောက်အောင် ကျင်လည်မည်ဆိုသည်ကို ပြောဖွယ်မရှိချေ။ ယင်းကဲ့သို့သော ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများကို ONE Championship ပြိုင်ပွဲများတွင် အများအပြားတွေ့ရမည်ဖြစ်သည်။

ကမ္ဘာ့ကြိုးဝိုင်းစင်မြင့်ပေါ်တွင် ထိပ်တန်းကစားသမားများထဲ၌ ပွဲချိန်စလျှင်စချင်း ၎င်းပြိုင်ပွဲကို မည်သို့သောပွဲသိမ်းနည်းစနစ်ဖြင့်အနိုင်ယူရမည်ကိုခန့်မှန်းနိုင်စွမ်းနှင့် လျင်မြန်စွာ ဆုံးဖြတ်တွေးခေါ်နိုင်စွမ်းတို့အပြင် ပြိုင်ဘက်ကအရှုံးပေးသွားလောက်သည့် ခွန်အားသန်စွမ်းမှုကိုပါပိုင်ဆိုင်သော ကစားသမားများလည်းရှိသည်။ ယခုဖော်ပြပေးသောပွဲများမှာ ONE Championship သမိုင်းတွင် ချုပ်ကွက် အသုံးပြုကာ အမြန်ဆုံးပွဲသိမ်းခဲ့သောပြိုင်ပွဲများဖြစ်ပါသည်။

Rahardian နှင့် Hutagalung တို့၏တွဲဆိုင်း (၄၆စက္ကန့်)

အင်ဒိုနီးရှားမှထွက်ပေါ်လာသည့် ကိုယ်ခံပညာအားကစားသမားများအနက် Stefer “The Lion” Rahardian သည် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအားကစားသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး (၇) ပွဲဆက်တိုက် အနိုင်ယူထားသူဖြစ်သည်။ ပြိုင်ဘက်အား ကျောဘက်မှ လည်ပင်းချုပ်သည့်ချုပ်ကွက်တွင် ၎င်း၏စွမ်းရည်ကို မီသူရှားပါးလှသည်။

ပြိုင်ဘက် Yotha Hutagalung က တိုက်ခိုက်မှုမှလွတ်မြောက်ပြီဟု တွေးတောနေချိန်မှာပင် ဂျကာတာမြို့သားက ထိုးနှက်တိုက်ခိုက်သည့် မတ်တပ်ရပ်တိုက်ခိုက်ခြင်းဗျူဟာမှ နပမ်းလုံးသည့်တိုက်ကွက်သို့ လျင်မြန်ပိုင်နိုင်စွာပြောင်းလဲခဲ့သည်။

Li နှင့် Rosauro တို့၏ တွဲဆိုင်း (၄၃ စက္ကန့်)

ပြိုင်ဘက်ကို ကြမ်းပြင်ပေါ်လှဲချနိုင်ရန် အပြင်းအထန်ကြိုးစားနေသည့် Roel Rosauro ကို “The Underdog” Li Kai Wen က guillotine ချုပ်ကွက်အသုံးပြုကာ ၎င်း၏ ပြင်းထန်အားပါသောလက်သီးချက်များနှင့် လျင်မြန်စွာထိုးနှက်လိုက်သည်။ ထို့ကြောင့် အချုပ်ခံရသော  ဖိလစ်ပိုင်အားကစားသမား Roel သည် မည်သို့မှ မတတ်နိုင်ဘဲ အရှုံးပေးသွားခဲ့ရသည်။

ပြီးခဲ့သောနှစ်ကကျင်းပခဲ့သည့် ONE: QUEST FOR GOLD ပြိုင်ပွဲတွင် အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီးနောက် တရုတ်ဖယ် သာဝိတ်တန်းအားကစားသမား Li မှာ ONE Championship သမိုင်းတွင် စတုတ္ထမြောက် အမြန်ဆုံးအလဲထိုးနိုင်သည့်ပွဲသိမ်းမြန်သောထိပ်တန်းအားကစားသမားအဖြစ် လူသိများထင်ရှားလာခဲ့သည်။

Meena နှင့ Zhang တို့၏ တွဲဆိုင်း (၄၂) စက္ကန့်

 

အိန္ဒိယကစားသမား Rajinder “Knockout” Singh Meena သည် ပြီးခဲ့သော ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော ONE: GLOBAL SUPERHEROES ပြိုင်ပွဲတွင် ၎င်း၏ အမှတ်သညာဖြစ်သော ပိုင်နိုင်လှသည့် guillotine ချုပ်ကွက်ဖြင့် အနိုင်ရယူနိုင်ခဲ့ရာ စတုတ္ထအမြန်ဆုံးပွဲထက် တစ်စက္ကန့်အသာရပြီး တတိယမြောက် အမြန်ဆုံးပွဲသိမ်းနိုင်သည့်အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တရုတ်နိုင်ငံမှ လီကဲ့သို့ပင် “The Ghost” Zhang Ze Hao နှင့် ယှဉ်ပြိုင်ထိုးသတ်ရာတွင် Rajinder သည် ပြင်းထန်အားပါသော လက်သီးချက်များ၏ နောက်ဆက်တွဲအဖြစ် အဆိုပါချုပ်ကွက်အားအသုံးချကာ ပွဲချိန် တစ်စက္ကန့်ကိုမျှတုံ့ဆိုင်းမနေဘဲ ပြိုင်ဘက်အား အလျင်အမြန်ပွဲသိမ်းလိုက်ခြင်းဖြစ်သည်။

Gafurov နှင့် Martin Nguyen တို့၏ တွဲဆိုင်း (၄၁) စက္ကန့်

ONE Championship ၏ ကမ္ဘာ့ချန်ပီယံလုပွဲများအနက် အမြန်ဆုံးစံချိန်တင်ခဲ့သည့်ပွဲမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့်ပြိုင်ပွဲဖြစ်ပြီး နာမည်ကျော် Martin “The Situ-Asian” Nguyen သည် ပြိုင်ဘက် Marat “Cobra” Gafurov အနေဖြင့် မည်သို့ဖြစ်ပျက်သွားသည်ကိုမသိလိုက်မီမှာပင် အလဲထိုးအနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်-သြစတေးလျလူမျိုး Martin Nguyen သည် ခြေတစ်ဘက်တည်းဖမ်းဆွဲကာ ကြမ်းပြင်သို့လှဲချခြင်းနည်းဖြင့် ပြိုင်ဘက်အား လှဲချရန်ကြိုးပမ်းခဲ့သော်လည်း ရုရှမှ Marat သည် ထူးထူးခြားခြားကာကွယ်သွားနိုင်ခဲ့သည်။ သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် Martin Nguyen က ပြိုင်ဘက်၏နောက်ကျောသို့ရောက်ရှိသွားပြီး လည်ပင်းအား လက်မောင်းဖြင့်အပိုင်ချုပ်ကာ အလဲထိုး အနိုင်ယူသွားခဲ့သည်။

Arslanaliev နှင့် Jietebusibai တို့၏ တွဲဆိုင်း (၂၆) စက္ကန့်

 

ONE Championship တွင် အမြန်ဆုံးပွဲသိမ်းစံချိန်ရှင်မှာ ပြင်းထန်စွာတိုက်စစ်ဆင်သည့် Saygid “Dagi” Guseyn Arslanaliev ဖြစ်သည်။ ၎င်း၏ပြိုင်ပွဲအများစုမှာ ပထမအချီအတွင်းပင် ပွဲသိမ်းခဲ့ခြင်းဖြစ်သော်လည်း ယခုဖော်ပြမည့်ပွဲလောက် မမြန်ဆန်ခဲ့ကြပါ။

တူရကီမှ အားကစားသမား Saygidသည် (၃၂) စက္ကန့်အတွင်း အလဲထိုးသည့်စံချိန်ကိုတင်ခဲ့ပြီးနောက် ၎င်း၏တတိယမြောက် ONE Championship ပွဲစဉ်အဖြစ် နောက်ထပ် (၇) လအကြာ ၂၀၁၆ခုနှစ်၊ သြဂုတ်လအတွင်းကကျင်းပခဲ့သည့် ONE: TITLES AND TITANS ပြိုင်ပွဲအားယှဉ်ပြိုင်စဉ် ၎င်း၏စံချိန်ကို ထပ်မံချိုးခဲ့ဲခြင်းဖြစ်သည်။

“Dagi” သည် ပြိုင်ပွဲစတင်ကတည်းက ပြိုင်ဘက် Haolan Jietebusibai အား ဖိအားပေးထိုးသတ်ခဲ့သည်။ ပြိုင်ဘက်အားလှဲချသည့်နည်းဖြင့် ပိတ်မိနေသည့်အနေအထားမှ လွတ်မြောက်ရန်ကြိုးစားစဉ် တရုတ်ပြိုင်ပွဲဝင် Haolan သည် မိမိ၏ လည်ပင်းကိုတိုက်ခိုက်ရန် ပြိုင်ဘက်အား အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ Arslanaliev သည် အခွင့်အရေးကို အမိအရဖမ်းယူဆုပ်ကိုင်ပြီး မတ်တပ်ရပ်အနေအထားဖြင့် ဖိအားပေးတိုက်ခိုက်ရာ စံချိန်ချိုးသည့်အမြန်နှုန်းဖြင့် ပြိုင်ပွဲအားအနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top