Computer တွေရဲ့ အစ

turn1-e1552886022833.jpg

The Imitation Game ရုပ်ရှင် ဇာတ်ကားမှာ Benedict Cumberbatch ကိုသာသိရင်သိမယ်၊ Alan Turing ကိုတော့ သင်သိမယ် မထင်ပါဘူး။ ဒါပေမယ့် သင်ဟာ သူစတင် လုပ်ဆောင်ခဲ့တဲ့ အရာတွေကို သုံးစွဲနေရတာပါ။ ယနေ့ခေတ် Computer တွေရဲ့အစဟာ Alan ကြောင့် ဖြစ်လာတယ်ဆိုတာ Turing Machine က သက်သေပြနေပါတယ်။

(၂၀) ရာစုမှာတော့ Computer တွေဟာ လျှပ်စစ်ပစ္စည်း အသုံးအဆောင် ဆိုတာထက် မိတ်ဆွေတစ်ယောက်၊ အပေါင်းအဖော် တစ်ယောက်လို ဖြစ်လာနေပါပြီ။ ခဲတံတွေ စာရွက်တွေနဲ့ တွက်ချက်ရတဲ့ သင်္ချာပညာရပ်တွေ၊ ပိုမိုရှုပ်ထွေးတဲ့ science calculations တွေကို လွယ်ကူစွာ အဖြေထုတ်ပေးနိုင်နေပါပြီ။ ပိုမိုသေးကွေးလာပေမယ့်လည်း လူသားတွေကိုယ်တိုင် ခက်ခဲကြာမြင့်စွာ ဖြေရှင်းရမယ့် အရာတွေကို လွယ်ကူစွာ လုပ်ပေးနိုင်နေတုန်းပါပဲ။

“တစ်စုံတစ်ခုဟာ တွက်ချက်လို့ရတယ် ဆိုရင် ဒီလိုတွက်ချက်ဖို့ အတွက်ကို ကျွန်တော်တို့ဟာ ညွှန်ကြားချက်တွေ ၊ အဆင့်ဆင့်ကျော်ဖြတ်ပုံတွေကို ဖန်တီးလို့ ရနိုင်ရမှာပေါ့ ၊ ဒါပေမယ့် လက်တွေ့မှာတော့ လူသားတွေ တွက်ချက်နိုင်တာတွေကို စက်တွေက မတွက်ချက်နိုင်သေးပါဘူး။ တကယ်လို့တီထွင်နိုင်ခဲ့မယ် ဆိုရင်တော့ အကျိုးရှိတဲ့ အချိန်အများကြီးကို သက်သာစေမှာပါ ” လို့ အလန် ကပြောခဲ့ပါတယ်။ ဒီအတွေးဟာ Turing Machine ဖြစ်ပေါ်လာစေမယ့် အတွေးတွေ ဖြစ်ပါတယ်။

  • အရိုးရှင်းဆုံး Turing Machine မှာ ရေးနိုင် ဖတ်နိုင်တဲ့ ၊ အဆုံးအစ မရှိလောက်အောင် ရှည်လျားတဲ့ ကြိုးပြားလေး နဲ့ပတ်ထားတဲ့ ခေါင်းကလေး တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ ကြိုးပြားလေးဟာ အချက်အလက် သိုလှောင်ခန်း အဖြစ် ( ကွန်ပျူတာမှာ ဆိုရင် Hard drive) အလုပ်လုပ်ပြီးတော့ ခေါင်းကလေးမှာတော့ သင်ထည့်ပေးလိုက်တဲ့ အစီအစဉ်တွေကို မှတ်သားပြီး ပြန်လည်ပုံဖော်ပေးမယ့် Indicator လို မျိုးဟာလေး ထည့်သွင်းထားတာပါ။ ကြိုးပြားလေးကို လေးထောင့်ပုံ ပိုင်းခြားထားပြီး လေးထောင့်လေး တစ်ခုစီတိုင်းမှာ 0 (သို့) 1 ကို ရေးထားပါတယ်။ လေးထောင့်လေး တစ်ခုစီတိုင်းကို လှုပ်ရှားစေတိုင်းမှာ ရေး/ဖတ် ခေါင်းကလေးက
  • သင်္ကေတ ကို ဖတ်တယ်
  • သင်္ကေတ အသစ်ကိုရေးတယ်(သို့)အဟောင်းကို ပြင်တယ်
  • လေးထောင့်လေးတစ်ခုက ကြိုးပြားကို ဘယ်ကိုရွှေ့တယ်
  • လေးထောင့်လေးတစ်ခုက ကြိုးပြားကို ညာကိုရွှေ့တယ်
  • ပုံစံကို ပြောင်းလိုက်တယ်
  • ရပ်လိုက်တယ် စတာတွေကို အဆင့်ဆင့်ပြုလုပ်ပါတော့တယ်။

သဘောကတော့ သင်ဟာ ဒီ ရေး/ဖတ် ခေါင်းကလေးကို သင်လိုချင်တဲ့ ပုံစံကို ရဖို့ ညွှန်ကြားချက် ပေးနိုင်တယ် ဆိုတာပါပဲ။ ( 1 နဲ့ 0 နဲ့သာပါဝင်တဲ့ Binary ကိန်းတွေ ရဲ့ အစပါပဲ ။ ဥပမာ သင်ဟာ Z ဆိုတဲ့ စာလုံးကို နှိပ်လိုက်တာဟာ ကွန်ပျူတာရဲ့ Machine Language အရ 01011010 ရယ်လို့ဖြစ်ပါတယ်။ သူ့ဆီမှာ ပေါ်တာက ဒီ Binary ကိန်းတန်းကြီးဖြစ်ပြီး သူပြန်ပြပေးတာကတော့ Z ဆိုတဲ့ စာလုံးဖြစ်ပါတယ်။ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ဟာ ကွန်ပျူတာတွေကို ညွှန်ကြားချက်ပေးရတာဖြစ်ပါတယ်)

Turing Machine မှာပါတဲ့ ကြိုးပြားတွေ ရှည်လျားလွန်းနေတာကတော့ သူတို့်ကို အချိန်မှီ တစ်ပြေးညီ လျင်မြန်စွာ လုပ်ဆောင်နိုင်အောင်လို့ ဖြစ်တယ်လို့ပြောပါတယ်။ (လူတစ်ယောက်ဟာ Pi (3.14………………) တန်ဖိုးကို အမြဲတမ်း အလွတ်မပြောနိုင်ပေမယ့် သူ့ရဲ့ ကြိုးပြားတွေမှာတော့ မှတ်မိနေပါလိမ်မယ်) ဒါပေမယ့်လည်း Turing Machine နဲ့ မဖြေရှင်းနိုင်တဲ့ ကိန်းတွေများစွာရှိနေပါသေးတယ်။ အချို့ကိန်းတွေဟာ ရှည်လျားလွန်းပြီး အစီအစဉ် မကျတဲ့ ကိန်းမျိုးဖြစ်နေတာကြောင့် တွက်ချက်လို့ မရနိုင်ပါဘူး။ Turing Machine ကတော့ တွက်လို့်ရတဲ့ ကိန်းမှန်သမျှကို တွက်ချက်ပေးမှာဖြစ်ပါတယ်။

Refrence:Curiosity ” A turing machine is the imaginary device that’s the basis for all computer”
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top