သစ္စာရှိခြင်းဟာ မလိမ်ညာခြင်းဆိုတာထက်ကို ပိုပါတယ်

beautiful-couple-85SX9MJ.jpg

သစ္စာရှိခြင်းဆိုတာဟာ သင်ရဲ့မျက်ဝန်းအကြည့်တွေကို တစ်စုံတစ်ယောက်စီမှာပဲ အပြီးအပ်နှံထားပေးရုံလေးနဲ့ မလုံလောက်ပါဘူး။ သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့ညတွေကို တခြားသင်စိတ်ပျော်ရာသူတွေနဲ့ မကုန်ဆုံးတတ်ရုံလေးလည်း မဟုတ်ပါဘူး။ သင့်ရဲ့နှုတ်ခမ်းတစ်စုံကို သူ (လက်တွဲဖော်) ဆိုသူ အတွက်သာ ဆိုတာမျိုးလောက်လေးလည်း မဟုတ်ပါဘူး။ သင့်ချစ်သူတစ်ဦးတည်းနဲ့ပဲ ရင်းနှီးစွာဆက်ဆံတာမျိုးထက်လည်းပိုပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ ဒီအရာတွေအားလုံးထက်ကို ပိုပါတယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့ဖုန်းထဲမှာရှိတဲ့ ဖူးစာရေး အက်ပလီကေးရှင်း (application) တွေအားလုံးကို ဖျက်လိုက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်အတွက် သူနဲ့လက်တွဲနေတဲ့အချိန်မျိုးမှာ ဒီလိုအက်ပလီကေးရှင်းတွေကို အသုံးပြုဖို့ မလိုအပ်တော့ပါဘူး။ သစ္စာရှိခြင်းဆိုတာမှာ သင့်ရဲ့ဖုန်းထဲကအဆက်ဟောင်းတွေရဲ့ ဖုန်းနံပါတ်နဲ့ သတင်းအချက်အလက်တွေကို ဖျက်ပစ်လိုက်ခြင်းလည်းပါပါတယ်။ သင့်အနေနဲ့လည်း သူတို့ကို နောက်တစ်ကြိမ် ထပ်ဆက်သွယ်စရာမလိုတဲ့ အနေအထားမျိုးမှာရောက်နေပါပြီ။ သင်ဟာ သင်ရဲ့လက်တွဲဖော်နဲ့ပဲ ပျော်ရွှင်နေပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ချစ်ခရီးလမ်းကို ကျေနပ်သာယာနေတဲ့ သဘောမျိုးအပြင် သင့်ဆီနောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ငြင်းပယ်နိုင်စွမ်းရှိနေရပါမယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့လက်ထပ်လက်စွပ်ကို အမြဲဝတ်ထားတာမျိုးလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ အကောင့်တွေမှာလည်း လက်ထပ်ပြီးကြောင်း (သို့) လက်တွဲဖော်ရှိနေကြောင်း ပိုစ့်တင်ထားခြင်းဖြင့် သင်လူလွတ်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအားလုံးကို သင့်မှာ ချစ်သူ၊ ရည်းစားရှိကြောင်းနဲ့ သင့်ရဲ့နှလုံးသားကို သူ့တစ်ယောက်တည်းအတွက်သာ ပေးအပ်ထားပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားနိုင်တာမျိုး ရှိရပါမယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကို သင့်ရဲ့ချစ်ရေးချစ်ရာကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး သံသယရှင်းအောင် ပြုလုပ်ထားနိုင်ရပါမယ်။ သင့်ရဲ့လက်တွဲဖော်နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရိုးသားတဲ့ဆွေးနွေးမှုမျိုးလည်း ပေးနိုင်ရပါမယ်။

တစ်ခါတရံ သင့်ရဲ့လက်တွဲဖော်က အဆက်ဟောင်းတွေအကြောင်း မေးမြန်းလာတဲ့အခါမှာ မလိမ်ညာဘဲ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ခြင်းမျိုးရှိရပါမယ်။ သစ္စာရှိခြင်းဆိုတာဟာ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အမြဲတမ်းပွင့်လင်းနေခြင်းမျိုးကို ဆိုလိုတာပါ။ ဘယ်လောက်ခက်ခဲတဲ့ ပြသနာမျိုးဖြစ်ဖြစ်၊ ဘယ်လိုသင်တောင့်သက်သာမရှိတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဖြေတစ်ခုခုတော့ရအောင် ကြိုးစာဖြေရှင်ပေးနိုင်ရပါမယ်။သင့်ရဲလက်တွဲဖော်ဟာ အကြောင်းအရာတစ်ခုကို အဆင်ပြေပြေ၊ မပြေပြေ အမှန်တရားကိုသိဖို့အတွက် ထိုက်တန်တဲ့သူဆိုတာကိုတော့ သင်နားလည်ထားဖို့လိုအပ်ပါတယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ဆီက သင့်လက်တွဲဖော် မျှော်လင့်ထားတဲ့အရာတွေကို အချိန်ရော၊ လူအားရော စိုက်ထုတ်ပြီး သိရှိနားလည်ထားဖို့ လိုအပ်တာမျိုးပါတယ်။ သင့်အနေနဲ့ သူ့အတွက်အကောင်းဆုံးကြိုးစားပေးနေပြီး သူ့ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးမိတဲ့အခါမျိုးမှာ တောင်းပန်ဖို့ဝန်မလေးတာမျိုး ဖြစ်နေရပါမယ်။ သစ္စာရှိခြင်းမှာ သင့်လက်တွဲဖော်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေပြီး ဘယ်သောအခါမှ အဲဒီမျဉ်းတွေရဲ့အပြင်ကို သင်မရောက်သွားပါဘူးလို့ အာမခံထားနိုင်ခြင်းမျိုးလည်း ရှိရပါမယ်။ သစ္စာရှိခြင်းဆိုတာမှာ သင့်ရဲ့လက်တွဲဖော်ကို လေးစားမှုရှိပြီး သင့်ရဲ့လိုအပ်ချက်တွေကိုလည်း ရိုးရိုးသားသားဖွင့်ဟ တောင်းဆိုဝန်ခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ ယောက်ျားလေးဆို မိန်းကလေးသူငယ်ချင်း၊ မိန်းကလေးဆို ယောက်ျားလေး သူငယ်ချင်းတွေ ထားပိုင်ခွင့်ရှိပါတယ်။ သစ္စာရှိခြင်းမှာတော့ သင့်အနေနဲ့ သူတို့နဲ့ဆက်ဆံတဲ့အခါမှာ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် စည်းတစ်ခုထားပြီး ပေါင်းသင်းဖို့လိုအပ်ပါတယ်။ သင်နဲ့ သင့်အပေါင်းအသင်းဆိုသူတွေရဲ့ဆက်ဆံရေးက ရိုးသားမယ်ဆို သူတို့နဲ့ စကားစမြည်ပြောဆိုထားတဲ့ စာတို၊ ဖုန်းအသံဖိုင်တွေကိုလည်း ရှင်းလင်းထားစရာမလိုပါဘူး။ သင့်ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ထဲ ဘာတွေကိန်းအောင်းနေတယ်ဆိုတာကို သင့်လက်တွဲဖော်သိထားဖို့လိုအပ်ပါတယ်။

သေချာတာကတော့ သစ္စာရှိခြင်းဆိုတာဟာ သင်နဲ့သင့်ရဲ့လက်တွဲဖော်ကြား ပွင့်လင်းပြီးဆွေးနွေးရလွယ်ကူတဲ့ ဆက်ဆံရေးမျိုးရှိခြင်းကို ဆိုလိုတာပါ။ လက်တွဲဖော်ကို ကောင်းမွန်စွာဆက်ဆံပေးခြင်းနဲ့ သင့်လက်တွဲဖော်ရဲ့ ပျော်ရွှင်မှုကသာ သင့်ဘဝရဲ့ ဦးစားပေးအစိတ်အပိုင်း ဖြစ်သင့်ပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ သင့်လက်တွဲဖော်ရဲ့ဘဝတစ်လျှောက် အမာရွတ်အဖြစ် ကျန်ရှိနေစေမယ့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်ခြင်းလည်း ဖြစ်ပါတယ်။ သင့်ရဲ့လက်ကျန်နေ့ရက်တွေကို သူနဲ့ပဲကုန်ဆုံးမယ်လို့ တွေးတောထားတာမျိုး ဖြစ်ပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ သင့်အချစ်တွေထဲ မှန်ကန်တဲ့အရာတွေကိုသာ သင့်ဘဝလက်တွဲဖော်အတွက် ရည်ရွယ်ပေါင်းစပ်ပေးထားပြီး နေရာလွတ်မရှိ ချစ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

Ref : Love Life Relationships “Being loyal means so much more than just choosing not to cheat”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top