အသေအလဲအလုပ်လုပ်တတ်သူနဲ့ လုပ်နိုင်စွမ်းရည်မြင့်သူတို့အကြားက အဓိကကွာခြားချက် (၃) ခု

60659933_451900092233403_5142849764999561216_n.jpg

အသေအလဲအလုပ်လုပ်တတ်သူနဲ့ လုပ်နိုင်စွမ်းရည်မြင့်သူတွေရဲ့ကြားမှာ တူညီနေတာတစ်ခုက အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖိဖိစီးစီးလုပ်တတ်ကြတဲ့အချက်ပါပဲ။ ဒါပေမဲ့ အဓိက ကွာခြားသွားစေတာကတော့ လုပ်နိုင်စွမ်းရည်မြင့်သူတွေက အလုပ်လုပ်ရာမှာ ကိုယ့်ကိုကိုယ်အထိခိုက်မခံဘူး၊ ရေရှည်ခံနိုင်ရည်နဲ့လုပ်လို့ရတဲ့နည်းလမ်းနဲ့ ဗျူဟာကိုရွေးတတ်တယ်၊ အလုပ်လုပ်ရလေ ပိုပြီးပျော်လာလေဖြစ်လာမယ်၊ အလုပ်ပြီးလေ ပိုပြီးအားဖြစ်လာပါတယ်။ အသေအလဲအလုပ်လုပ်တတ်သူတွေကတော့ သူတို့အလုပ်လုပ်တဲ့ပုံစံက ကိုယ့်ကိုကိုယ်အကျိုးမပြုတဲ့သဘောဆောင်တတ်ကြပါတယ်။ ဆက်တိုက်အပင်ပန်းခံလုပ်လို့ အင်အားကုန်ဆုံးပြီး ကိုယ့်ကျန်းမာရေးကိုပါပြန်ထိခိုက်လာစေတတ်တာပါ။ အဓိကကွာခြားချက် (၃) ခုကတော့ ဒီလိုပါ။

၁။ အလုပ်လုပ်တဲ့ခံစားချက်နဲ့ ကိုယ့်ကိုကိုယ်သိမြင်တတ်ခြင်း

လုပ်နိုင်စွမ်းရည်မြင့်သူတွေက လွတ်လပ်တဲ့ခံစားချက်နဲ့အလုပ်လုပ်တတ်ကြပါတယ်။ ကိုယ်လုပ်နိုင်တဲ့အလုပ်တန်ဖိုးကိုသိတယ်။ ကိုယ့်ကိုကိုယ်ပြန်အကဲဖြတ်ပြီး ပိုတိုးတက်အောင်လုပ်တတ်တယ်။ ကိုယ့်တန်ဖိုးကိုလည်း ကိုယ့်ဘာသာသိကြသူတွေပါ။

အသေအလဲအလုပ်လုပ်တတ်သူတွေကတော့ ကိုယ်လုပ်ထားတဲ့အလုပ်ကို လူတွေက ဘယ်လိုအကဲဖြတ်မလဲစောင့်မျှော်တတ်ပါတယ်

အသေအလဲအလုပ်လုပ်တတ်သူတွေကတော့ ကိုယ်လုပ်ထားတဲ့အလုပ်ကို လူတွေက ဘယ်လိုအကဲဖြတ်မလဲစောင့်မျှော်တတ်ပါတယ်။ တစ်ဘက်သားရဲ့တုံ့ပြန်ချက်ကို အလေးထားမှုလွန်ကဲတာကြောင့် အကြောက်တရားနဲ့အလုပ်လုပ်ရတဲ့ဖိစီးမှုမျိုးရှိနေကြတယ်။ ကိုယ့်တန်ဖိုး ကိုယ်မသိတာမျိုးလည်း ဖြစ်တတ်ကြသူတွေပါ။

အသေအလဲအလုပ်လုပ်တတ်သူနဲ့ လုပ်နိုင်စွမ်းရည်မြင့်သူတွေရဲ့ကြားမှာ တူညီနေတာတစ်ခုက အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖိဖိစီးစီးလုပ်တတ်ကြတဲ့အချက်ပါပဲ

၂။ အလုပ်လုပ်တဲ့နည်းဗျူဟာ

လုပ်နိုင်စွမ်းရည်မြင့်သူတွေက ဘယ်လိုအချိန်မှာ အလုပ်ကို အရှိန်တင်လုပ်ပစ်လိုက်ရမလဲလို့ သိကြပြီး မလိုအပ်တဲ့နေရာမှာ အမြဲတမ်း အားကုန်ညှစ်မထုတ်ြ့ပါဘူး။ တကယ်လိုအပ်လာပြီဆိုတဲ့အချိန်မှာမှ အာရုံစူးစိုက်ပြီး အားကုန်သုံး လုပ်တ်ကြပါတယ်။ ဒါကြောင့် သူတိုရဲ့စွမ်းဆောင်ရည်ကိုအဆုံးရှုံးမခံဘဲ အမြဲဖြည့်တင်းနေလေ့ရှိပါတယ်။

အသေအလဲအလုပ်လုပ်သူတွေရဲ့ အလုပ်လုပ်ပုံကတော့ ဘာကိုလုပ်လုပ် (၁၁၀) ရာခိုင်နှုန်း အားထုတ်တတ်ကြတဲ့ပုံစံပါ

အသေအလဲအလုပ်လုပ်သူတွေရဲ့ အလုပ်လုပ်ပုံကတော့ ဘာကိုလုပ်လုပ် (၁၁၀) ရာခိုင်နှုန်း အားထုတ်တတ်ကြတဲ့ပုံစံပါ။ ဘယ်ဟာကို ပိုဦးစားပေးသင့်တယ်ဆိုတာ သူတို့ကမဝေခွဲတတ်ကြသလို သူတို့ခေါင်းထဲမှာ အရာရာက အရေးကြီးနေတတ်ပါတယ်။ ဘာလုပ်လုပ် ရှိသမျှအားကုန်ထုတ်ပြီးလုပ်လေ့ရှိကြပါတယ်။

၃။ အလုပ်တွင်အောင်လုပ်တတ်ပုံနဲ့ ရည်ရွယ်ချက်

လုပ်နိုင်စွမ်းရည်မြင့်သူတွေအတွက် အလုပ်ကနေ သူတို့ပြန်အလိုချင်ဆုံးကတော့ ရလဒ်ကောင်းဖို့ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုခုလုပ်လို့ အကျိုးမထူးဘူးဆိုတဲ့အချိန်မျိုးမှာ သူတို့က အလုပ်ဖြစ်မယ့်မဟာဗျူဟာတွေကို တွေးခေါ်နေတတ်ပါတယ်။ စီးပွားရေးလာဘ်မြင်တတ်ကြတယ်။ အကျအချိန်တွေမှာ သေချာပြင်ဆင်နေတတ်ပြီး အပိုင်ဆိုတဲ့အချိန်မှ ထိထိမိမိ ‘ရိုက်’ တတ်ကြတဲ့ သဘာဝရှိပါတယ်။

လုပ်နိုင်စွမ်းရည်မြင့်သူတွေအတွက် အလုပ်ကနေ သူတို့ပြန်အလိုချင်ဆုံးကတော့ ရလဒ်ကောင်းဖို့ဖြစ်ပါတယ်

အသေအလဲအလုပ်ကြိုးစားတတ်သူတွေမှာတော့ နံပါတ်တစ်ရည်ရွယ်ချက်က အလုပ်များနေဖို့ ဒါမှမဟုတ် အလုပ်များနေတဲ့ပုံပေါက်နေဖို့ပါပဲ။ အလုပ်မရှိရင်မနေတတ်လို့ ဟိုဟိုဒီဒီကအစ လိုက်လုပ်နေမယ်။ ဘာမှမလုပ်ရဘူးဆိုတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းတတ်ကြတဲ့သူတွေဖြစ်လို့ပါပဲ။ ဒီလိုယုံကြည်မှုအားနည်းခြင်းဟာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သေချာမသိထားခြင်းကနေ ရောက်လာတာပဲဖြစ်ပါတယ်။

Ref: BusinessInsider “3 subtle differences between workaholics and high performers”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top