မိန်းကလေးလိုဟန်ဆောင်ပြီး ထောင်ကလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့မူးယစ်ရာဇာ သေဆုံး

67913659_2525289147501990_5560523437476151296_n.jpg

မိန်းကလေးလိုဟန်ဆောင်ပြီး ထောင်ကနေထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့ ဘရာဇီးအကျဉ်းသားဟာ သူ့အစီအစဉ်မအောင်မြင်ခဲ့တဲ့နောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်လို့ ဘရာဇီးမီဒီယာတွေက ဖော်ပြ ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ကျနေတဲ့ ဒါဆေးလ်ဗားဟာ သူ့ကိုထောင်ဝင်စာလာတွေ့တဲ့ သမီးဖြစ်သူလိုဟန်ဆောင်ပြီး ထောင်ထဲကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ အကျဉ်းထောင်အစောင့် အကြပ်တွေကို လှည့်စားနိုင်ခဲ့ခြင်းမရှိပါဘူး။

သူဟာ ဆံပင်တု၊ ဆီလီကွန်မျက်နှာဖုံး၊ ကိုယ်ကျပ်အင်္ကျ ီ၊ ဂျင်းဘောင်းဘီဝတ်ပြီး (၁၉) နှစ်အရွယ်သမီးဖြစ်သူလိုဟန်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ မွန်းလွဲပိုင်းက ရီယိုဒီဂျနေးရိုးမြို့ အနောက်ပိုင်းမှာရှိတဲ့ ဂါရီစီနို အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့တာပါ။ သမီးဖြစ်သူနဲ့ တခြားအပေါင်းအပါတွေက ဒါဆေးလ်ဗားအတွက် အဲဒီပစ္စည်းတွေခိုးသွင်းပေးခဲ့တယ်လို့ စွပ်စွဲခံထားရပြီး စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဒါဆေးလ်ဗားသေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရီယိုဒီဂျနေးရိုးပြည်နယ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ထောင်ဒဏ် (၇၃) နှစ်၊ (၁၀) လချမှတ်ခံထားရပြီး ထောင်ထဲမှာ (၁၇) နှစ်ကျော်ထိန်းသိမ်းခံခဲ့ရတဲ့ ဒါဆေးလ်ဗားဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း အကျဉ်းထောင်ရဲ့ ရေဆိုးစွန့်ပိုက်လိုင်းထဲကနေ ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပြန်ဖမ်းမိခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top