အသက် ၂၀ မကျော်ခင် လမ်းမှားမရောက်စေဖို့

young-students-as-academic-community-PFLQGVU.jpg

အိမ်ထောင်မပြုပါနဲ့

အသက် ၂၀ မကျော်ခင် အိမ်ထောင်ပြုတဲ့ သူတွေ အများကြီး ရှိပါတယ်။ သို့သော် အနည်းဆုံးတော့ အသက် ၂၀ ကျော်မှ အိမ်ထောင်ပြုတာ အကောင်းဆုံးပါ။ အဲဒီအချိန်ဆိုရင် မိမိမှာ အစစအရာရာ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

ဘွဲ့တစ်ခုခု အရယူ

အသက် ၂၀ မကျော်ခင် ဘွဲ့တစ်ခုခုကို ကြိုးစားပြီး အရယူထားပါ။ ဘွဲ့ရပြီးပြီး ဆိုရင် မိမိနှစ်သက်တဲ့ အလုပ်လေးတွေ ဝင်လုပ်နိုင်တယ်။ အခြားသော ကျောင်းတွေကို ဆက်တက်ချင်ရင်လည်း အလွယ်တကူ တက်နိုင်တာပေါ့နော်။

အသက်မွေးဝမ်းကျောင်းပညာ တတ်အောင်သင်

အသက် ၂၀ မကျော်ခင်မှာ မိမိဘဝအတွက် အသက်မွေးဝမ်းကျောင်း ဖြစ်စေနိုင်သော ပညာရပ် တစ်ခုခုကို တတ်မြောက်အောင် သင်ကြားသင့်ပါတယ်။ သို့မှသာ ၂၀ ကျော်တဲ့ အခါမှာ မိမိအနေနဲ့ လုပ်ငန်းများကို အလွယ်တကူ လုပ်ကိုင်နိုင်သူ ဖြစ်နေပါလိမ့်မယ်။

အချစ်ကို မယုံစားမိစေနဲ့

ဆယ်ကျော်သက် အရွယ်ဖြစ်တော့ အချစ်ကို မယုံစားမိပါစေနဲ့။ ၂၀ မကျော်ခင်မှာ အချစ်နဲ့ ပက်သက်ပြီး အမှားတွေ အများကြီး လုပ်မိနိုင်ပါတယ်။ ဒါကြောင့် သတိထားပါ။

မိမိရည်မှန်းချက်ကို မမေ့နဲ့

မိမိဖြစ်ချင်တဲ့ ရည်မှန်းချက်များကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အတတ်ပညာများကို သင်ပါ။ ငယ်ရွယ်စဉ်မှာ မိမိရည်မှန်းချက်က ဝေးချင် ဝေးနေမယ် ဒါပေမယ့် တစ်ချိန်ကျရင် ဖြစ်လာကို လာရမယ်ဆိုနဲ့ စိတ်ကိုအမြဲမွေးထားပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top