အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၉-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ရက်နေ့အထိ)

Bay-Din-29-september-to-5-october-e1569750649276.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၉-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ ဆောက်လုပ်ရေး၊ အိမ်ခြံမြေနှင့်ပါတ်သက်သော လုပ်ငန်းများ၊ အရောင်းအဝယ်၊ စကားပြောရသော ရှေ့နေလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းများ အထူးကောင်းပါသည်။ သတိထားရန်မှာ ငွေရေးကြေးရေး အာမခံခြင်းဖြစ်သည်။ အာမခံမိပါက လုံးဝမကောင်းပါ။

ကျန်းမာရေး ။ ။ မျက်လုံးရောဂါရရှိမည်၊ မျက်လုံးအတွင်းသို့ သဲ၊ အကောင်ငယ်လေးများ ဝင်ရောက်တတ်ပြီး ကုသခံရမည့် အခြေအနေဖြစ်တတ်သည်။ ခေါင်းကိုက်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးကို အထူးသတိထားပါ။ မိမိသိပ်ချစ်ရသူနှင့် အဆင်မပြေ ဖြစ်တတ်သည်။ သိခံနိုင်မှရမည့်အခြေအနေပါ။ အိမ်ထောင်ရေးအနေနှင့် သတိထားပါ။ ဘေးလူကြောင့် အိမ်ထောင်ရေး မသာမယာ ဖြစ်တတ်သည်။

ပညာရေး ။ ။ဝန်ထမ်းများ ဌာနတွင်း သင်တန်းများ တက်ရောက်ရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း စကားပြာဆင်ခြင်ပါ။ အစိုးရနှင့် နိုင်ငံဝန်ထမ်းများ စကားပြောအထူးဆင်ခြင်ပါ။ မိမိပြောလိုက်သည့် စကားအတွက် တာဝန်ယူရတတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။ ၁၊ ၂၊ ၆။

ယတြာ ။ ။ ရဟန်းတစ်ပါးကို အုန်းထမင်းလောင်းလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ စားသောက်ကုန်လုပ်ငန်း၊ ယိုလုပ်ငန်း၊ ဘီစကက်နှင့် အအေးမျိုးစုံ၊ အဖျော်ယမကာ လုပ်ငန်းများ၊ ပြည်ပမှ စားသောက်ကုန် တင်သွင်းခြင်းတို့နှင့် အကျိုးများပါလိမ့်မည်။ စက်ပစ္စည်းနှင့်ဆိုင်သောလုပ်ငန်း နှင့် သတ္တုလုပ်ငန်းများ အနည်းငယ် ညံ့တတ်ပါသည်။

ကျန်းမာရေး ။ ။ နှလုံးနှင့် ပါတ်သက်သောရောဂါ ဖြစ်တတ်သည်။ သွေးအားနည်းမည်၊ သွေးတိုးရောဂါရှိသူများ အထူးသတိထားရမည့်အချိန် ဖြစ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းမည်။ အိမ်ထောင်ပြုရန် ခက်နေမည်၊ အိမ်ထောင်ရေးသမားများ သတိထားပါ။ မိဘ ဆွေမျိုးကို အကြောင်းပြုပြီး ရန်ပေါ်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် နိုင်ငံခြားဘာသာစကား သင်တန်းတစ်ခု တက်ရောက်ရမည်၊ ကောင်းပါသည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ဌာနတွင်းသင်တန်း တစ်ခု တက်ရမည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၄၊ ၉။

ယတြာ ။ ။ တနင်္လာနေ့တွင် ကံကော်ပန်းများ အိမ်ဘုရားတွင် လှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ စာပေလုပ်ငန်း၊ အနုပညာနှင့်ဆိုင်သော လုပ်ငန်း၊ တေးသီချင်းနှင့်ဆိုင်သောလုပ်ငန်း၊ ရုပ်ရှင်နှင်ဆိုင် သောလုပ်ငန်းများ ကောင်းပါသည်။ တက်သစ်စများလည်း ကံကောင်းပါသည်။ စာပေးလုပ်ငန်းများ ငွေရေးကြေးရေး သတိပြုပါ။

ကျန်းမာရေး ။ ။ ဆီးရောဂါရတတ်သည်။ ဆီးကျိတ်ရောင်ခြင်းလည်း ဖြစ်မည်၊ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် မကောင်းပါ၊၊ အိမ်ထောင်ရေး ကတော့ အဆင်မပြေဖြစ်မည်။ ခရီးတစ်ခုထွက်ရမည်။ မိမိအိမ်ထောင်ရေး ရန်ပေါ်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် နည်းပညာသင်တန်းများ တက်ရောက်သင့်သည့်အချိန် ဖြစ်သည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် အထက်အောက် သတိထား ဆက်ဆံပါ။

အကျိုးပေးဂဏန်း ။ ။ ၃၊ ၅ ၊ ၇။

ယတြာ ။ ။ အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ရေသပ်ပါယ်ပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး ။ ။ ကားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရိုးရာလက်မှု့ပစ္စည်းလုပ်ငန်းများ၊ သစ်လုပ်ငန်း၊ ပရဆေးလုပ်ငန်းများ ဟင်းခတ်အမွှေနှင့်ပါတ်သက်သော လုပ်ငန်းများ အထူးကောင်းပါသည်။ ရေလုပ်ငန်းများ ကံညံ့ပါမည်။

ကျန်းမာရေး ။ ။ ခါးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်းများ ဖြစ်တတ်သည်။ အထူးသဖြင့် ဆီးချိုသတိထားပါ။ စိတ်နှင့်ဆိုင်သော ရောဂါရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံအရမ်းညံ့နေပါသည်။ အိမ်ထောင်ရေးအနေနှင့် အလွန်ညံ့သည့်အပိုင်းတွင် ရှိသည်။ အိမ်ထောင်ရေး ပြိုကွဲတတ်သည် သတိထားပါ။

ပညာရေး ။ ။ပညာရေးအနေနှင့် ပြည်ပမှစာမေးပွဲတစ်ခုကို ဖြေဆိုရလိမ့်မည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း အိမ်ခြံမြေအတွက် စိတ်ပူပန်ရမည်။ ဝန်ထမ်းများ အလုပ်တွင် စိတ်မပါ ဖြစ်တတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် အဆုတ်ရောဂါ ရတတ်သည်။ အချစ်ရေးတွင်လည်း ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ပရဆေး၊ တိုင်းရင်းဆေး လုပ်ကိုင်သူများ အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၄၊၂၊ ၈။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် အချိန်အနည်းငယ်မျှ တရားထိုင်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ အလှကုန်လုပ်ငန်း၊ ကြေညာလုပ်ငန်း၊ ပန်းတိမ် အစရှိသည့် ပန်း(၁၀) မျိုးလုပ်ငန်းများ။ လက်မှု့ အနုပညာလုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ညံ့ပြီး အလုပ်သမား ပြသာနာပေါ်တတ်သည်။

ကျန်းမာရေး ။ ။ ခြေထောက်နှင့်ပါတ်သက်သော ရောဂါများ၊ ခြေသလုံး ရောင်ရမ်းခြင်း၊ ဒူးနာခြင်းများ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းနေသော်လည်း ဆုံတွေ့ရန် ခက်နေပါသေးတယ်၊ အိမ်ထောင်ရေးအနေနှင့် နှစ်ဘက်မိဘတို့ ပါလာပါက အေးစက်ပြီး အဆင်မပြေ ဖြစ်နေလိမ့်မည်။

ပညာရေး ။ ။ အဆင့်မြင့် ပညာရေးများတွင် အတွေးအခေါ်ပိုင်းကို အထူးအလေးပေးပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဘုရားတွင် ကုသိုလ်လုပ်ပါ။ ထီထိုးပါ။ ဝန်ထမ်းများလည်း အထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၅၊ ၆၊ ဝ။

ယတြာ ။ ။ ကြာသာပတေးနေ့တွင် ဘုန်းတော်ကြီးတစ်ပါးကို ထီးလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။ လုပ်ငန်းအသစ်များ စတင်ရမည့်အချိန်ဖြစ်သည်။ မည်သည့်လုပ်ငန်းကိုမဆို ယခုအချိန်သည် စတင်ရမည့်အချိန်ဖြစ်သည်။ ယခုအချိန်သည် လုပ်ငန်းဟောင်းများရှိပါကလည်း ပြုပြင်ရမည့်အချိန် ဖြစ်သည်။ ဝန်ထမ်းများ အဝင်အထွက်များနေခြင်းက သတိပြုရမည့် အချက်တစ်ခုဖြစ်သည်။

ကျန်းမာရေး ။ ။ ကျောက်ကပ်နှင့်ဆိုင်သော ရောဂါကြောင့် ကုသမှု့ခံယူရလိမ့်မည်။ အထူးသဖြင့် ကျောက်ကပ်နှင့် နောက်ဆက်တွဲ ဆီးရောဂါပါ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း လက်ထပ်ရန် အခက်အခဲရှိမည်။ အိမ်ထောင်သည်များ ပြန်အဆင်ပြေနေမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဆေးပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာသူများ အဆင်ပြေမည်။ နောင်တစ်ချိန် အကျိုးရှိမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း အာမခံကိစ္စအတွက် ပြသနာတက်မည်။ ဝန်ထမ်းများ မိမိလက်အောက်ဝန်ထမ်းကို အကြောင်းပြုပြီး ကိစ္စတစ်ခု ဖြေရှင်းရမည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၄၊ ၉။

ယတြာ ။ ။ သောကြာနေ့တွင် ဘုရားရှင်အား ဆီမီးပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး ။ ။ လုပ်ငန်းများ ရပ်ဆိုင်းလုမတတ် ဖြစ်နေသည့်ကြားမှ ကူညီ ကယ်တင်သူ ပေါ်လာမည်။ လုပ်ငန်းများ ပြန်လည် လှုပ်ရှားလာမည်၊ ကံကောင်းခြင်းများ စတင်လာပြီ ဖြစ်သည်။ ငွေကြေး အကူအညီပေးမည့်သူ ပေါ်လာမည်၊ သို့သော် သတိထားရမည်မှာ ငွေကြေးကို လိုသည်ထက် ပိုမသုံးမိရန်ဖြစ်သည်။ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်လိမ့်မည်။

ကျန်းမာရေး ။ ။ သွားနာခြင်း၊ အရိုးရောဂါ ရတတ်သည်။ မတော်တဆကိစ္စအတွက် အရိုးထိမိတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံညံ့ပါသည်။ ချစ်သူနှင့် အဆင်မပြေ ရန်အကြောင်းများ များစွာ ပေါ်ပေါက်နေတတ်သည်။ သတိထားပါ။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် အဆက်အသွယ် မရနိုင်သေးပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် စက်ပြင်သည့် လက်မှု့ပညာတစ်ခုခုကို သင်ယူပါ။

အထွေထွေ ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၅၊ ၉။

ယတြာ ။ ။ စနေနေ့တွင် အိမ်ဘုရာတွင် ထန်းသီးမုန့် လှူပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top