ကျောင်းသားလို့ အထင်မှားခံရလေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံက ကျောင်းဆရာ

yyl-001-10.jpg

ဖိလစ်ပိုင်လူမျိုး လန် မန်ဂါ (Lan Manga) ဆိုသူက မျက်နှာချိုပြီးပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်။ သူဟာ သူ့တစ်နေ့တာကို စာသင်ခန်းထဲမှာပဲ အများဆုံကုန်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ စာသင်ခန်းဆိုလို့ သူက ကျောင်းသားတစ်ယောက်တော့မဟုတ်ပါဘူး။ သူက ကျောင်းသား၊ကျောင်းသူတွေရဲ့ အသက် (၂၃) နှစ်အရွယ်ဆရာတစ်ယောက်ပါ။

မန်ဂါက ဘူလာကန်က Master-El-Roiကျောင်းက သူငယ်တန်းနဲ့ မူလတန်းကျောင်းသူ/သားတွေကို သင်ကြားပေးရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ငယ်ရွယ်တဲ့ပုံစံ၊ လူကောင်သေးပြီး ကလေးအသံကြောင့် ကျောင်းသားတွေထဲက တစ်ယောက်လို့ မကြာခဏအထင်မှားခံရပါတယ်။

မန်ဂါကို ဘူလာကန်ရဲ့ကလေးမျက်နှာလေးနဲ့ဆရာလို့ အမည်တပ်ခဲ့ပါတယ်။ အရပ် (၁၆၂) စင်တီမီတာသာရှိတဲ့ မန်ဂါက ကလေးဘဝက မကြာခဏဖျားနာမှုကြောင့် ဖွံ့ဖြိုးမှုနှေးသွားခဲ့တာဖြစ်ပါတယ်။

မန်ဂါ အထက်တန်းကျောင်းရောက်တဲ့အထိ သူက လူပျိူပေါက်မဖြစ်ခဲ့သလို မျက်နှာကအမွေးအမှင်တွေလည်း မပေါက်ခဲ့ပါဘူး။ ဒါပေမဲ့ သူက သူ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဘယ်တော့မှမပြခဲ့ပါဘူး။

အရွယ်ရောက်လာတဲ့အချိန်မှာ သူ့အခန်းဖော်ရဲ့ ညီလေးအဖြစ်အထင်မှားခံရသလို သူ့သားလို့တောင် အထင်ခံခဲ့ရပါတယ်။ သူစိမ်းတွေက သူ့ကိုလှောင်ပြောင်ကြပြီး ကောင်ငယ်လေးလို့် ခေါ်ကြပါတယ်။ မန်ဂါက “သူတို့လှောင်ပြောင်ပြောဆိုတာတွေကို လျစ်လျူရှုထားခဲ့ပြီး သူတို့မှားနေတယ်ဆိုတာကို သက်သေပြခဲ့သလို ကျွန်တော် လုပ်နိုင်တာကိုလည်း ပြခဲ့ပါတယ်”လို့ ပြောပါတယ်။ သူဟာ သူ့အမေရဲ့ခြေရာအတိုင်း ဆရာတစ်ယောက်ဖြစ်အတွက် မေလက Licensure Exam for Teachers စာမေးပွဲကိုဖြေဆိုခဲ့သလို စာမေးပွဲလည်း အောင်မြင်ခဲ့ပါတယ်။

အမြဲအကောင်းမြင်တတ်တဲ့ မန်ဂါက ငယ်ရွယ်တဲ့ပုံဖြစ်နေတဲ့အတွက် အလုပ်နဲ့ပတ်သက်ပြီး အထူးခံစားခွင့်လည်းရှိခဲ့ပါတယ်။ အထူးသဖြင့် သူ့ကျောင်းသား/သူတွေနဲ့ အဆက်အဆံလုပ်တဲ့အခါမျိုးမှာလို့ သူက ဖွင့်ဟခဲ့ပါတယ်။ Mater-El-Roi Schoolက ဆရာတစ်ယောက်ကလည်း မန်ဂါက ကလေးတွေနဲ့ ဆက်ဆံရေးကောင်းပြီး သူတို့နဲ့ကစားနေရတာကို ဘယ်တော့မှ မပင်ပန်းဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ အမြဲတမ်းကစားဖြစ်တာကြောင့် ကျွန်တော့ကျောင်းသားတွေအတွက် အစ်ကိုတစ်ယောက်လို ခံစားမိပါတယ်”လို့ မန်ဂါက ပြောပါတယ်။ လူတွေနဲ့ အဆက်အဆံလုပ်ရဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ဂါက ကစားတဲ့အချိန်နဲ့ စာသင်ချိန်ကို ခွဲခြားထားပါတယ်။

သူက စာသင်ခန်းထဲမှာ စည်းကမ်းတင်းကြပ်ထားပြီး ဆရာတစ်ယောက်လို့ ကျောင်းသားတွေမြင်ဖို့အတွက် ဆရာတစ်ယောက်နဲ့တူအောင်ဝတ်စားဆင်ယင်ရပါတယ်။ “ဆရာတစ်ယောက်ဖြစ်တဲ့အတွက် စံပြပုဂ္ဂိုလ်လို တာဝန်ထမ်းဆောင်ဖို့လိုပါတယ်။ ကလေးမျက်နှာဖြစ်နေပေမဲ့လည်း ဆရာတစ်ယောက်နဲ့တူအောင်နေဖို့လိုပါတယ်”လို့် မန်ဂါက ပြောပြခဲ့ပါတယ်။

Ref: AsiaOne “This baby-faced Filipino teacher is actually 23”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top