အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၀-၂-၂၀၁၉ မှ ၁၆-၂-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-2-february.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၀-၂-၂၀၁၉ မှ ၁၆-၂-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည်ဖော်ဖြစ်မည်။ စီးပွားရေးအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသမားများ သတိထားလုပ်ကိုင်ပါ။ ကုမ္ပဏီဝန်ထမ်းများ ဖြေထားသည့်စာမေးပွဲများ အောင်မြင်မည်။ ရည်ရွယ်ချက်တူသူနှင့် စပ်တူစီးပွားရေးထူထောင် ဖြစ်လာမည်။ မိတ်ဆွေ အပေါင်းအသင်းတို့၏အကူအညီရမည်။ စုပေါင်း စပ်ပေါင်းအလုပ်များ လုပ်ရမည်။ ဆီးချိုရောဂါသည်များ ဆေးခန်းမှန်မှန်ပြပါ။ အချစ်ရေးတွင် ညံ့သဖြင့် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်တို့အဆင်ပြေမည်။ စားသောက်ဆိုင်ဆိုင်ဖွင့်ထားသူများ ဝင်ငွေကောင်းလာမည်။ ယာဉ်အပြောင်းအလဲ ဖြစ်မည်။ မတော်တဆမျက်လုံးထိခိုက်ခြင်းသတိပြုပါ။ ထီထိုးပါ ထီပေါက်နိုင်သည်။ ဝန်ထမ်းများ မိမိထက်တစ်ဆင့်ငယ်သောသူကြောင့် စိတ်ညစ်ရလိမ့်မည်။
အကျိူးပေးဂဏန်း – ၁၊ ၅၊ ၉ ယတြာ – အုန်းသီးဖြင့်ပြုလုပ်သော မုန့်ကို ကလေးများအားကျွေးပါ။

တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စီးပွားရေးဗျာများပြီးနောက်ဆုံး စိတ်လေနေမည်။ အတွေးများနေမည်။ စီးပွားရေးလုပ်ငန်းများ ထင်ထားသည့်အတိုင်းမဖြစ်ဘဲ ငွေလိုနေမည်၊ ကူညီမည့်သူလည်းရှိမည်။ စားသောက်ကုန်ပစ္စည်းများ ပျက်စီးတတ်သည်။ ယာယီ ခရီးများထွက်မည်။ အကြီးအကဲ၊ မိဘတို့၏ အပြစ်တင်အထင်လွဲခြင်းခံရမည်။ လုပ်ငန်းအမှားကြောင့် ငွေထွက်ကြမ်းမည်။ အချစ်ရေးတွင် စွဲလန်းနေရသူ တိတ်တခိုးချစ်သူနှင့် အဆင်ပြေမည်။ သို့သော် အောင်သွယ်တော်သတိထားပါ။ လက်ထပ်လုနီးပါးဖြစ်ပြီးမှ ကြန့်ကြာမှု့ ဖြစ်တတ်သည်။ အိမ်ထောင်သည်များက သူတစ်ပါးအရှုပ် ကိုယ့်အရှုပ်ဖြစ်ပြီး လင်မယားရန်ဖြစ်ရတတ်သည် ။ ကျန်းမာရေးအနေဖြင့် ညာဘက်လက်သတိထားပါ ၊သွေးထွက်သည့်အထိ ခိုက်မိတတ်သည်။ ပညာရေးအနေဖြင့် သင်တန်းအသစ်များတက်ရမည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ်နေမည်။
အကျိုးပေးဂဏန်း – ၂၊၇၊၈ ယတြာ – ငါးများကို အစာကျွေးပါ။

အင်္ဂါ
ယခုအပတ်တွင် စီးပွားရေးအတွက် ပြိုင်ဘက်များသော လုပ်ငန်းများ ကံမကောင်းပါ။ ပြိုင်ဘက်များအနေဖြင့် မိမိထက်သာလွန်သော ငွေအားကို အသုံးပြုလိမ့်မည်။ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ဖြေထားသော အလုပ်အကိုင်၊ ရာထူးနှင့်ဆိုင်သော စာမေးပွဲအောင်မြင်မည်။ အင်တာဗျူးအောင်မြင်မည်။ ဘာသာရေးဆိုင်ရာ ခရီးလည်းထွက်ဖြစ်မည်။ အချစ်ရေးကတော့ စိတ်ကောက်နေသောချစ်သူနှင့် ပြန်အဆင်ပြေမည်။ အိမ်ထောင်သည်များ စိတ်သဘောထားမကိုက်ဖြစ်နေတတ်သည်။ ကျန်းမာရေးအနေနှင့် ညဘက်ခြေထောက်ထိခိုက်မိတတ်သည်၊ အထူးဂရုစိုက်ပါ။ မိတ်ဆွေတစ်ဦးကို အကြောင်းပြုပြီး တရားရုံးတွင် အာမခံပေးမိပါက နောက်ပိုင်းကိစ္စရှုပ်လာမည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ အမေ၊ အစ်မ ဂရုစိုက်ပါ၊ ကျန်းမာရေးချူချာနိုင်သည်။ ထီထိုး၊ မဲနှိုက်၊ ကံစမ်းသော လုပ်ရပ်များ ဒီတစ်ပတ်ကောင်းမည်။ ရေကြောင်းခရီးဂရုစိုက်ပါ။ အစိုးရဝန်ထမ်းများ ရာထူးတက်မည်။
အကျိုးပေးဂဏန်း – ၆၊၈၊၉ ယတြာ – အင်္ဂါနေ့တွင် ဆီးသီးများ ဘုရားလှူပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်များ ရပ်နေသည့်အခြေအနေဖြစ်သည်။ မထင်မှတ်ထားသည့် အတိုက်အခံများ တွေ့ကြုံရမည်။ မလိုသူတွေ များသထက်များလာနေသဖြင့် မိမိ၏အောင်မြင်မှု့ကို သတိပြုပါ။ ကူညီသူပေါ်လာမည်။ စီးပွားရေးတွင် ငွေကြေးကိစ္စတစ်ခုအတွက် တရားရင်ဆိုင်နေရပါကအနိုင်ရတော့မည်။ ငွေကြေးလုပ်ငန်းလုပ်သူဆိုပါက အထင်လွဲခြင်း၊ မယုံမကြည်ဖြစ်ခြင်းများ ဖြစ်တတ်သည်။ စက်၊ ကား ထွက်ခြင်း ဖြစ်မည်။ အစာအိမ်ရောဂါဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိမိသားစု၏ အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ စာမေးပွဲများ၊ အင်တာဗျူးများအောင်မြင်မည်။ အချစ်ရေးတွင် ချစ်သူကအဖြေပေးလိမ့်မည်။ အိမ်ထောင်သည်များ အေးစက်နေပြီး သံသယများနေမည်။ ဝန်ထမ်းများ မိမိလုပ်ငန်းမှ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။

ရာဟု။ ။ ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးမှာ ကံကောင်းနေပါမည်။ စီးပွားရေးတွင် ရွှေလုပ်ငန်းနှင့် သစ်တောထွက်ပစ္စည်းရောင်းချသူများ ကံကောင်းပါသည်။ အချစ်ရေးမှာ အနည်းငယ်ကောင်းနေသော်လည်း နှစ်ဘက်မိဘကြောင့် လက်ထပ်ရန် ရက်ရွေ့ရတတ်သည်။
အကျိုးပေးဂဏန်း – ၂၊၄၊၉ ယတြာ – ဗုဒ္ဓဟူးနေ့တွင် အသက်ကြီး အဘိုးအဘွားများကို လိုအပ်သောဆေးပစ္စည်းများလှူပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စိတ်မြန်လက်မြန်ဆုံးဖြတ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတွင် အမှားကြီးမှားလိမ့်မည်။ ထိုအမှားကြောင့် မိမိ၏အစုရှယ်ယာဝင်များနှင့် စကားပြောရမည်။ ဒေါသကြီးခြင်းလည်း အထူးဆင်ခြင်ပါ။ အစိုးရထံမှလုပ်ပိုင်ခွင့်များရမည်။ ပြည်ပခရီးဝေးမှပို့လိုက်သော ကုန်ပစ္စည်းများကို အကြောင်းပြုပြီး တာဝန်ရှိသူများနှင့် အချေအတင်စကားပြောရမည်။ ရုံး၊ စခန်းထိ ရောက်ရတတ်သည်။ ကုမ္ပဏီဝန်ထမ်းများရာထူးတက်မည်။ စက်၊ မြေ၊ ကားတို့ ထွက်မည်။ ဘယ်ခြေ၊ ဒူးတို့ နာကျင်မည်။ ကိုယ်ပိုင်အလုပ် စတင်လုပ်ပါ၊ ထိုအလုပ်ဖြင့်ချမ်းသာလာမည်။ စကားပြော ဆင်ခြင်ပါ၊ လက်အောက်ငယ်သားတို့ တော်လှန်တတ်သည်။ အချစ်ရေးကောင်းပါသည်။ အိမ်ထောင်သည်များတွင် လျှို့ဝှက်ချစ်သူရှိပါက သတိထားပါ၊။ မရောက်ဖူးသောခရီးရောက်မည်။ မလုပ်ဖူးသောအလုပ်တွေ လုပ်ဖြစ်မည်။ ဝမ်းဗိုက်အောင့်တတ်၍ အစားအသောက်ဆင်ခြင်ပါ။ အစိုးရဝန်ထမ်းများ ကံကောင်းပါသည်၊ ထီထိုးပါ။
အကျိုးပေးဂဏန်း- ၅၊၇၊၊၈ ယတြာ – ဆရာတစ်ဦးကို မုန့်အချို့လက်ဆောင်ပေးလိုက်ပါ။

သောကြာ
သောကြာသားသမီးတို့အနေဖြင့် စီးပွားရေးဆိုင်ရာ စွန့်စားမှုလုပ်ရပ်များမှ အမြတ်အစွန်းများ ထူးခြားစွာရရှိမည်။ စီးပွားရေးဆိုင်ရာလုပ်ငန်းသစ်များ၊ အခွင့်အလမ်းသစ်များအတွက် ကြိုးစားရတော့မည်။ ပညာရေးအတွက် အလွန်ကောင်းပြီး ပြည်ပသို့သွားရောက်ပညာသင်ယူရမည်။ ကံကောင်းသောကာလဟု ဆိုရပေမည်။ လုပ်ငန်းများတွင် လွတ်လပ်စွာလှုပ်ရှားပြီး အရာရာ ကိုရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိရလောက်အောင် စိတ်ချမ်းသာစွာအောင်မြင်မည်။ ဘာသာရေးနှင့်ဆိုင်သောခရီး ယာယီသွားရမည်။ မိတ်ဆွေသစ်အပေါင်းအသင်းသစ်တွေ့မည်။ ကျန်းမာရေးတော့ သတိထားပါ။ ခါးရောဂါနှင့် ကျောက်ကပ်ရောဂါသတိထားပါ။ ဝ သောသူများပိုသတိထားပါ။ အသက်ကြီးသူထံမှ လက်ဆောင်ပစ္စည်းရမည်။ မြေအဝင်အထွက်ရှိမည်။ အချစ်ရေးတွင် လူမျိုးခြားချစ်သူနှင့် တွေ့တတ်သည်။ အိမ်ထောင်ပြုဖြစ်မည်။ အစိုးရဝန်ထမ်းများ ရာထူးဆိုင်ရာ သင်တန်းတက်ရမည်။
အကျိုးပေးဂဏန်း – ၃၊၅၊၀ ယတြာ – သောကြာနေ့တွင် ရဟန်းတစ်ပါးအား ငွေ ၆၀၀ ကျပ်လှူပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့အနေဖြင့် ဇဝေဇဝါဖြစ်နေသောကာလ တစ်ခုမှ ပြန်လည်အဆင်ပြေလာမည်။ လုပ်ငန်းသစ်တစ်ခုအတွက် အဆင်မပြေဖြစ်နေခြင်းများ ယခုအချိန်မှစပြီး အဆင်ပြေစပြုလာပြီဖြစ်သည်။ အခက်အခဲအားကျော်လွှားနိုင်ပါမည်။ လုပ်ငန်းသစ်များအတွက် အောင်မြင်မှုများ၊ လုပ်ငန်းပါမစ်အသစ်များရရှိမည်။ လုပ်ပိုင်ခွင့်များရရှိသဖြင့် ဝမ်းသာစရာများကြုံရမည့်ကာလဖြစ်သည်။ မိသားစုခရီးဝေးသွားရမည်။ ယာဉ်၊ စက်တို့နှင့်ပတ်သက်၍ အရှုပ်အရှင်းပြေလည်မှုရှိမည်။ ကိုယ်ထက်ငယ်သော ညီ၊ ညီမ၊ တူ၊ တူမ တို့ကျန်းမာရေးမကောင်းဖြစ်တတ်သည်။ အလုပ်အကိုင်ကောင်းလာတော့မည်။ အချစ်ရေးကံကောင်းနေပြီး အဖြေရလိမ့်မည်။ ချစ်သူထံမှ လက်ဆောင်ရတတ်သည်။ အိမ်ထောင်ရေးတွင် အနည်းငယ်ညံ့လာမည်။ မိသားစုကို အချိန်ပေးပါ။ လူမှု့ရေးတွင် ပါဝင်ဆောင်ရွက်ပါ။ ဝန်ထမ်းများစိတ်ညစ်ရတတ်သည်။ အလုပ်ဝန်ပိနေလိမ့်မည်။ အင်တာဗျုးများ အောင်မြင်မည်။ ရာထူးတက်ခြင်းများရှိမည်။
အကျိုးပေးဂဏန်း – ၇၊၅၊၁ ယတြာ – စနေနေ့တွင် ဘုရားအား နှင်းဆီပန်းအနီရောင်နှင့်အတူ ဆီမီးကပ်လှူပါ။

ဆရာကင်္ကသူ

Ph.D-Palmistry. (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top