ဦးနှောက်ကို သေချာအနားပေးနိုင်စေဖို့

how-to-mentally-reset-your-brain.jpg

စိတ်ပင်ပန်းတယ်…စိတ်ဓာတ်ကျတယ်…စိတ်တွေရှုပ်ထွေးနေတယ်…ဘာလုပ်လုပ်အဆင်မပြေဘူး   စတာတွေ ခဏခဏဖြစ်နေပြီဆိုရင် ဦးနှောက်ကို အနားပေးဖို့ရာ လိုအပ်နေပါပြီ။
ခန္ဓာကိုယ် ပင်ပန်းလာတဲ့အခါ အနားယူဖို့လိုအပ်သလို ဦးနှောက်ပင်ပန်းလာရင်လည်း အနားယူဖို့က အရေးကြီးပါတယ်။
ဦးနှောက်အနားရမှ ဦးနှောက်ကြည်လင်နေမှသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်မှာပါ။
ဦးနှောက်ကို သေသေချာချာအနားပေးနိုင်စေဖို့ လုပ်ဆောင်သင့်တဲ့အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ လမ်းလျှောက်ပါ
မိနစ် ၂ဝစာ သို့မဟုတ် ၃ဝစာလောက် လမ်းလျှောက်လိုက်ခြင်းဟာ ဦးနှောက်ထဲမှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာစေပြီး အိပ်ရေးပိုဝစေသလို မှတ်ဥာဏ်စွမ်းအားကို ပိုကောင်းလာစေပါတယ်။ ဒါကြောင့် နေ့စဉ် နာရီဝက်၊ မိနစ် ၂၀လောက် လမ်းလျှောက်ပေးသင့်ပါတယ်။

၂။ များများအိပ်ပါ
အစားအစာဟာ ခန္ဓာကိုယ်အတွက် အရေးကြီးသလိုပဲ အနားယူအိပ်စက်ခြင်းဟာ စိတ်အတွက် လိုကိုလိုအပ်ပါတယ်။ နှလုံးရောဂါကာကွယ်ပြီးသားလည်းဖြစ်သလို ခုခံအားကိုလည်း တိုးတက်စေဖို့ တစ်နေ့ကို ခုနှစ်နာရီကနေ ရှစ်နာရီအထိ အိပ်စက်သင့်ပါတယ်။

၃။ သဘာဝနဲ့ နီးကပ်မှုရှိပါစေ
Shopping Mallတစ်ခုခုမှာ လမ်းလျှောက်တာထက် သဘာဝကို လတ်လတ်ဆတ်ဆတ်ခံစားလို့ရမယ့် နေရာမျိုးမှာသာ လမ်းလျှောက်ပါ။ သဘာဝနဲ့ထိတွေ့ခြင်းဟာလူကိုလန်းဆန်းတက်ကြွစေရုံသာမကခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်စေပါတယ်။ ဦးနှောက်ကြည်လင်စေပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ပိုမို ကောက်ချက်ချလာစေနိုင်မှာပါ။

၄။ စိတ်ကူးအသစ်အဆန်းလေးတွေ စဉ်းစားကြည့်ပါ
ကိုယ် ပုံမှန်လုပ်နေကျအရာတွေနဲ့မတူတဲ့ အရာလေးတွေ စဉ်းစားပုံဖော်မိတာမျိုး၊ လက်ရှိစိတ်ကူးပေါ်မှာ အသစ်တွေ ချဲ့ထွင်စဉ်းစားတာမျိုးလေးတွေ လုပ်ကြည့်ပါ။ ဒါဟာ ဦးနှောက်ကို ပုံမှန်လုပ်နေကျ မောင်းနှင်နေကျအရာတွေဆီကနေ ရုန်းထွက်စေပြီး စိတ်ကူးတွေကို လတ်ဆတ်စေနိုင်ပါတယ်။

၅။ အာရုံစူးစိုက်မှုရှိပါစေ

ဦးနှောက်ဟာ အာရုံစူးစိုက်မှုရှိစေဖို့ အမှန်တကယ် လိုအပ်ပါတယ်။ သူက တစ်ကြိမ်မှာ အကြောင်းအရာတစ်မျိုးကိုသာ သေချာစဉ်းစားန်ိုင်တဲ့အတွက် စိတ်ရှုပ်ခံ ခေါင်းရှုပ်ခံပြီး ကိစ္စတော်တော်များများကို တစ်ပြိုင်တည်းစဉ်းစားနေတာတွေက ဦးနှောက်က်ို ပိုပင်ပန်းစေပါတယ်။

Sophia(ရိုးရာလေး)

Ref: Huffpost:

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top