လူအများရဲ့စားသောက်ကုန် လိုအပ်ချက်တွေကို လွှမ်းမိုး အပိုင်စီးထားတဲ့ ကုမ္ပဏီကြီးများ

2-6-2020-yyl-035.jpg

ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ကုန်တွေနဲ့ ဖျော်ရည်သောက်သုံးစရာ ကုန်ပစ္စည်းအမျိုးမျိုးတို့ရဲ့ အမှတ်တံဆိပ် အားလုံးနီးပါးကို ဒီကုမ္ပဏီ ၁ဝ ခုကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်ဝယ်ယူစားသုံးတဲ့ စားသောက်ကုန်နဲ့ ဖျော်ရည်သောက်သုံးစရာတွေ အားလုံးနီးပါးဟာ ဒီကုမ္ပဏီ ၁ဝမျိုးကနေ ထုတ်လုပ်ထားတဲ့ တံဆိပ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ Nestlé, PepsiCo, Coca-Cola, Unilever, Danone, General Mills, Kellogg’s, Mars, Associated British Foods နဲ့ Mondelez စတဲ့ ကုမ္ပဏီတွေပါ။ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေကို ခန့်အပ်ထားရှိပြီး နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလီယံချီ ဝင်ငွေတွေ ရရှိနေပါတယ်။

ဒီကုမ္ပဏီတွေကနေ ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်တချို့ကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ Kellogg’s

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၃ဘီလီယံ

ကဲလော့ဂ် (Kellogg’s) ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တချို့ဖြစ်ကြတဲ့ Eggo (နို့ထောပတ်မုန့်)၊ Pringles (အာလူးကြော်ဘူး) နဲ့ Cheez-It (Snack Cracker) များကို စားသုံးသူအများက လက်ခံသုံးစွဲနေကြတာ အချိန်ကာလတစ်ခုအထိ ဖြစ်လာပြီဖြစ်ပါတယ်။

၂။ Associated British Foods

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၆.၈ဘီလီယံ

Dorset Cereals, Twinings (လက်ဖက်ရည်ကြမ်းဘူး) နဲ့ Primark အရောင်းဆိုင်များကတော့ ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Associate British Foods ကုမ္ပဏီမှ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်အချို့ ဖြစ်ကြပါတယ်။

၃။ General Mills

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၆.၆ဘီလီယံ

Cheerios နဲ့ Chex စတဲ့ ဆီရီယယ်လ်အမှတ်တံဆိပ်ကိုတော့ ဂျင်နရယ်လ်မေးလ် (General Mills) ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ လူသိများကျော်ကြားတဲ့ အမှတ်တံဆိပ်များပဲဖြစ်ပါတယ်။ Yoplait (ဖျော်ရည်ဘူး)၊ Hamburger Helper (မာကရိုနီ)၊ Haagen-Dazs (ရေခဲမုန့်ဘူး) နဲ့ Betty Crocker (ကိတ်မုန့်) တို့ကိုလည်း ဒီကုမ္ပဏီကနေ ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။

၄။ Danone

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၂၃.၇ဘီလီယံ

ဒါနုန်း (Danone) ကုမ္ပဏီကနေ Activa, Yocrunch နဲ့ Oikos စတဲ့ လူကြိုက်များတဲ့ ဒိန်ချဉ်ဗူး အမှတ်တံဆိပ်အမျိုးမျိုးကို ထုတ်လုပ်ထားတဲ့အပြင် ဆေးဝါး အာဟာရ ကုန်ပစ္စည်းများနဲ့ ရေသန့်ဘူးတွေကိုလည်း ထုတ်လုပ်နေပါတယ်။

၅။ Mondelez

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၂၅.၉ဘီလီယံ

Oreo (ကွတ်ကီးမုန့်)၊ Trident (ပီကေ) နဲ့ Sour Patch Kids (သကြားလုံး) စတဲ့ အမှတ်တံဆိပ်တွေကတော့ မွန်ဒဲလက်ဇ် (Mondelez) ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။

၆။ Mars

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၃၅ဘီလီယံ

ကမ္ဘာကျော် နာမည်ကြီး ချောကလက်အမှတ်တံဆိပ်ဖြစ်တဲ့ M&M အမှတ်တံဆိပ်ကို မားစ် (Mars) ကနေ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Uncle Ben’s Rice (ဆန်အမျိုးမျိုး)၊ Starburst နဲ့ Orbit အမှတ်တံဆိပ် ပီကေတို့ကိုလည်း ထုတ်လုပ်နေပါတယ်။

၇။ Coca-Cola

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၄၁.၉ဘီလီယံ

ကိုကာကိုလာ (Coca-Cola) အချိုရည်အပြင် Dasani (ရေသန့်ဘူး)၊ Fuze (အချိုရည်ဘူး) နဲ့ Honest Tea စတဲ့အမှတ်တံဆိပ်တွေကလည်း ကိုကာကိုလာက ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်များဖြစ်ပါတယ်။

၈။ Unilever

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၄၈.၃ဘီလီယံ

ယူနီလီဗာ (Unilever) ကုမ္ပဏီက ထုတ်လုပ်ထားပြီး ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ Axe (ဘော်ဒီစပရေးလ်)၊ Lipton (လက်ဖက်ရည်)၊ Magnum (ရေခဲချောင်း၊ ရေခဲမုန့်) နဲ့ Hellmann’s mayonnaise (မရောနိစ့်) အမှတ်တံဆိပ်တွေကလည်း ယူနီလီဗာကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေပဲ ဖြစ်ကြပါတယ်။

၉။ PepsiCo

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၆၂.၈ဘီလီယံ

Pepsi နဲ့ အခြားဆိုဒါဖျော်ရည်တွေအပြင် Quaker Oatmeal, Cheetos (မုန့်ချောင်းလေးများ) နဲ့ Tropicana (အချိုရည်ဘူး) စတဲ့ အမှတ်တံဆိပ်တွေကလည်း ပက်ပ်စီကို (PepsiCo) ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ စားသောက်ကုန် အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။

၁ဝ။ Nestlé

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၉ဝ.၂ဘီလီယံ

နက်စတယ်လ် (Nestlé) မှာ လူအများ သိပ်မသိသေးတဲ့ အမှတ်တံဆိပ်တွေကတော့ Gerber (ကလေးအာဟာရ စားစရာ)၊ Perrier (စပါကလင်အချိုရည်)၊ DiGiorno (ပီဇာ) နဲ့ Hot Pockets (ဆန်းဝှစ်ခ်ျ) စတဲ့အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် Butterfinger နဲ့ KitKat စတဲ့ ချောကလက်အမှတ်တံဆိပ်တွေကိုလည်း နက်စတယ်လ်ကုမ္ပဏီကပဲ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။

Ref : Independent “These 10 Companies Control Everything You Buy”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top