ဂိုးသမား ကီပါအပါအဝင် ကစားသမား ၈ ယောက်ကို ရောင်းထုတ်ချင်နေတဲ့ လမ်းပတ်

yyl-009-10.jpg

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ကီပါ အပါအဝင် ကစားသမား ၈ ယောက်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ဘီလ်ဘာအိုကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကီပါဟာ အမှားအယွင်းတွေ လုပ်မိနေလို့ သိပ်မကြာသေးခင်က ပွဲထွက်ဂိုးသမားနေရာ ဆုံးရှုံးခဲ့သူပါ။ ချဲလ်ဆီးနည်းပြ လမ်းပတ် ရှင်းထုတ်ချင်နေတဲ့ ကစားသမားတွေထဲမှာ ဘာကလေ၊ ဝီလျံ၊ ပက်ဒရို၊ ဇူးမား၊ အီမာဆင်၊ မားကို့စ်အလွန်ဆို၊ ဂျော်ဂျင်ဟိုတို့လည်း ပါဝင်နေဖွယ်ရှိပါတယ်။

ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုသတင်းထွက်လာခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ အိုင်းယက်စ်ကွင်းလယ်ဖန်တီးရှင် ဇီယက်ကို ခေါ်ယူထားပြီး နွေရာသီကျရင် အသင်းထံရောက်ရှိလာမှာပါ။ အသင်းကစားသမားတွေကို ရှင်းထုတ်ပြီးရင် လက်စတာ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်၊ အက်သလက်တီကိုဂိုးသမား ယန်အိုဘလက်တို့ အပါအဝင် ကစားသမား ၄ ယောက် ပြန်ခေါ်ဖွယ်ရှိတယ်လို့ The Sun က ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top