၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟော်လန်ရှုံးရတာ ကြီးလေးကြီးကြောင့်ပါလို့ ရိုင်ယန်ဘာဘယ် စွပ်စွဲ

yyl11919009.jpg

ဟော်လန်အသင်းရဲ့ ကြီးလေးကြီးဖြစ်တဲ့ ရှနိုက်ဒါ၊ ဗန်ပါစီ၊ ရော်ဘင်နဲ့ ဗန်ဒါဗတ်တို့ရဲ့ အတ္တရှေ့တန်းတင်မှုကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟော်လန်အသင်း ရှုံးနိမ့်ခဲ့ရတာလို့ ဟော်လန်ကစားသမား ရိုင်ယန်ဘာဘယ်က ပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်နီယေစတာရဲ့ အချိန်ပိုသွင်းဂိုးကြောင့် စပိန်အသင်းက သူတို့အသင်း သမိုင်းတစ်လျှောက် ပထမဆုံးကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရိုင်ယန်ဘာဘယ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဟော်လန်အသင်းမှာ ပါဝင်ခဲ့ပေမဲ့ တစ်ပွဲမျှ ကစားခွင့်မရခဲ့ပါဘူး။ ”အဲဒီအချိန်တုန်းက ကြီးလေးကြီးကြား အပြိုင်အဆိုင်ဖြစ်ခဲ့တယ်။ ကျွန်တော့်ကိုယ်တွေ့အရဆိုရင် သူတို့အားလုံးက နံပါတ်(၁)ဖြစ်ချင်နေကြတယ်။ လက်ရှိဟော်လန်အသင်းကတော့ အသင်းတစ်သင်းဆိုတာထက် ပိုပါတယ်။ အခုအချိန်မှာ အတ္တတွေရှိနေသေးတယ်လို့ မခံစားရတော့ပါဘူး။ ကျွန်တော်တို့ တစ်ယောက်နဲ့ ဂိုးသွင်းဖို့ ဖန်တီးပေးတယ်၊ လှုပ်ရှားပေးတယ်၊ ဘောလုံးပေးကစားတယ်။ ဒါက စုဖွဲ့မှုဆိုတာထက် ပိုပါတယ်။ အသင်းထက် ခေါင်းတစ်လုံး ပိုမြင့်သူ၊ ပခုံးချင်းတိုင်းနေသူမရှိပါဘူး။

၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရော်ဘင်က ကာဆီးလက်စ်(စပိန်ဂိုးသမား)ဆီ ဘောလုံးဆွဲပြေးသွားတာ ကျွန်တော်မှတ်မိသေးတယ်။ ကာဆီးလက်စ်က သူ့ကို ဆွဲလှဲမိလုနီးပါးပါပဲ။ ရော်ဘင်က ဘောလုံးဆက်ဆွဲသွားမယ်ဆိုတာ သူ သိနေတယ်။ ကာဆီးလက်စ်သာ သူ့ကိုဆွဲလှဲမိရင် ကျွန်တော်တို့ လက်ကျန်ပွဲချိန်မှာ ကစားသမားတစ်ယောက်အသာနဲ့ ကစားခွင့်ရမှာဖြစ်လို့ အနိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ရော်ဘင်ကလည်း အရမ်းဂိုးသွင်းချင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရော်ဘင်က အသင်းအကျိုးကို မစဉ်းစားဘဲ ဂိုးသွင်းချင်တာကိုပဲ ရှေ့တန်းတင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ရိုင်ယန်ဘာဘယ်က ဆိုပါတယ်။

အသက် (၃၂) နှစ်ရှိတဲ့ ရိုင်ယန်ဘာဘယ်ဟာ အေဂျက်နဲ့ လီဗာပူးအသင်းတွေမှာ ကစားခဲ့ဖူးပြီး လောလောဆယ် ဂါလာတာစာရေးအသင်းမှာ ကစားနေပါတယ်။ သူဟာ ယူရို-၂၀၂၀ ခြေစစ်ပွဲဝင် ဟော်လန်အသင်းမှာ ပါဝင်နေသူပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top