ကိုအာလာဝက်ဝံတွေကို ကားနဲ့လိုက်လံရှာဖွေပြီး ကယ်တင်ခဲ့တဲ့ ဆယ်ကျော်သက် (၂) ဦး

yyl-040-2.jpg

သြစတြေးလျတောမီးလောင်မှုဟာ သတိပေးချက်အသစ်တွေထုတ်ပြန်ခဲ့တဲ့အထိ ဆိုးရွားလို့နေပါတယ်။ တောမီးလောင်မှုများတဲ့အတွက် မီးတောက်တွေကြားမှာ တိရစ္ဆာန်များစွာ သေဆုံးခဲ့ရပါတယ်။ အထူးသဖြင့် ကိုအာလာဝက်ဝံတွေဟာ မျိုးတုံးမှုအန္တရာယ်နဲ့ကြုံတွေ့ရနိုင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးအခြေအနေတွေက ကမ္ဘာတစ်ဝှမ်းကလူတွေကို တုန်လှုပ်သွားစေခဲ့ပြီး ကူညီထောက်ပံ့မှုတွေ၊ လှူဒါန်းမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်စေခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း သြစတြေးလျတောမီးဒဏ်ကို ခံစားနေရတဲ့ တိရစ္ဆာန်ပုံတွေရော၊ အဖွဲ့အစည်းတွေနဲ့မီးသတ်သမားတွေရဲ့ကယ်တင်နေတဲ့ပုံတွေကိုပါ တွေ့မြင်နေရတာကြောင့် လူတော်တော်များများ စိတ်မကောင်းဖြစ်နေကြရပါတယ်။

သြစတြေးလျတောမီးကနေ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ အသင့်ရှိနေတဲ့ထဲမှာ ဆယ်ကျော်သက်လူငယ်လေး (၂) ဦးလည်း ပါဝင်ပါတယ်။ အဲဒီဟီးရိုးနှစ်ယောက်က အသက် (၁၉) နှစ်အရွယ် မီကာချ် (Micah) နဲ့ အသက် (၁၈) နှစ်အရွယ် ကာလတ်ဘ် (Caleb) တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ချီးမွမ်းစကားဆိုခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က ကန်ဂရူးကျွန်းတစ်ဝိုက်မှာ ကိုအာလာဝက်ဝံတွေကို ကားနဲ့ လိုက်လံကယ်တင်ခဲ့ပြီး သူတို့ရဲ့ကားထဲမှာ ကိုအာလာတွေကို ထည့်ထားခဲ့ကြပါတယ်။

လူငယ်လေးနှစ်ယောက်က သူတို့ကယ်တင်လာခဲ့တဲ့ကိုအာလာလေးတွေို ကျန်းမာလာတဲ့အထိ၊ တောထဲကိုပြန်သွားဖို့ လုံခြုံစိတ်ချရတဲ့အထိ စောင့်ရှောက်ပေးထားမှာဖြစ်ပါတယ်။ သူတို့သွားခဲ့တဲ့နေရာမှာ ကိုအာလာဝက်ဝံ (၆၀) ရာခိုင်နှုန်းလောက်က မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ဒီက ကျွန်တော်တို့ ကယ်ဆယ်ခဲ့တဲ့ ကိုအာလာအနည်းငယ်ပါပဲ။ ကျွန်တော်တို့တတ်နိုင်သလောက် သက်ရှိတော်တော်များများကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်” လို့ လူငယ်လေးနှစ်ယောက်ထဲက တစ်ယောက်ပြောတဲ့စကားကို ဗီဒီယိုထဲမှာ စာဖတ်ပရိသတ်တွေ ကြည့်ရမှာဖြစ်ပါတယ်။

Ref: Australian Teens Save As Many Koalas As They Can By Driving Around And Searching For All The Live Ones

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top