ပြင်သစ်နိုင်ငံကမူလတန်းကျောင်းမှာ သိုးတွေကိုကျောင်းအပ်လက်ခံ

skynews-sheep-enrolled-in-school_4662397.jpg

“ဟေး သိုးတွေရေ… မင်းတို့တွေ အိမ်စာလုပ်ပြီးပြီလား” လို့ မေးရတော့မလိုပါပဲ။ ဘာကြောင့်လဲ ဆိုရင် ပြင်သစ်နိုင်ငံက မိုက်ကယ် ဂျီရက် ဆိုတဲ့လယ်သမားတစ်ယောက်ဟာ မူလတန်းကျောင်းမှာ ကျောင်းသားဦးရေတိုးလာဖို့နဲ့ စာသင်ခန်းကိုမပိတ်သိမ်းဖို့အတွက် သူ့ရဲ့ သိုး (၁၅) ကောင်ကို ကျောင်းအပ်ခဲ့လို့ ဖြစ်ပါတယ်။ သူက သိုး (၁၅) ကောင်ကို ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ကျောင်းအပ်ခဲ့တာ ဖြစ်ပါတယ်။

အကောင် (၅၀) ထဲက (၁၅) ကောင်ကို မွေးစာရင်းပြပြီး ကျောင်းသားတွေအဖြစ် ကျောင်းအပ်ခဲ့တယ်လို့ Sky News သတင်းမှာ ဖော်ပြထားပါတယ်

မိုက်ကယ်ဟာ သူ့ရဲ့ ခွေးနဲ့အတူ သိုးအကောင် (၅၀) ကို နောက်ကနေ ထိန်းကျောင်းလာပြီး အကောင် (၅၀) ထဲက (၁၅) ကောင်ကို မွေးစာရင်းပြပြီး ကျောင်းသားတွေအဖြစ် ကျောင်းအပ်ခဲ့တယ်လို့ Sky News သတင်းမှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ၊ အယ်လ် (Alps) ရွာက မူလတန်းကျောင်းမှာ အခန်း (၁၁) ခန်းထဲက တစ်ခန်းဟာ ကျောင်းသားဦးရေ (၂၆၆) ကနေ (၂၆၁) ကို လျော့ကျရင် အတန်းကိုပိတ်ပစ်ရတော့မှာပါ။ ကျောင်းသားမိဘတွေကလည်း အခန်း (၁၁) ခန်းကနေ (၁၀) ခန်းကို လျော့ချလိုက်မယ်ဆိုရင် တစ်ခန်းတည်းမှာပဲ ကျောင်းသား (၂၄) ဦးကနေ (၂၆) ဦးအထိ တိုးမြှင့်ထားရတော့မှာဖြစ်တဲ့ အတွက် အခန်းလျှော့ချရေးအဆိုတင်သွင်းမှုကို ဆန့်ကျင်ခဲ့ကြပါတယ်။ ကျောင်းသားမိဘတစ်ဦးက “ကံမကောင်းစွာနဲ့ အမျိုးသားပညာရေးက အရေအတွက်ပဲရှိတာပါ။ အခု အရေအတွက်တိုးလာလို့ အခြေနေကောင်းသွားပါတယ်” လို့ ပြောခဲ့ပါတယ်။

တစ်ခန်းတည်းမှာပဲ ကျောင်းသား (၂၄) ဦးကနေ (၂၆) ဦးအထိ တိုးမြှင့်ထားရတော့မှာဖြစ်တဲ့ အတွက် အခန်းလျှော့ချရေးအဆိုတင်သွင်းမှုကို ဆန့်ကျင်ခဲ့ကြပါတယ်

မြို့တော်ဝန် ဂျိမ်း လူးဝစ် မာရက်ကတော့ သိုးတွေကို ကျောင်းသားတွေအဖြစ်အသိအမှတ်ပြုတဲ့ ကျောင်းသားမိဘတွေကို ထောက်ခံခဲ့သလို၊ အခန်းပိတ်ဖို့ ခြိမ်းခြောက်တဲ့ အစိုးရရဲ့ စိတ်ပျက်စရာ လုပ်ရပ်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ပညာရေးမူဝါဒအရ စာသင်ခန်းတစ်ခန်းထဲမှာ ကျောင်းသားဦးရေ (၂၄) ဦးပဲ ထားဖို့သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref: skynews “sheep are registered as pupils in bid to france school enrollment”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top