ရန်ပုံငွေလက်ဝှေ့ပွဲထိုးဖို့ ရက်ပ်အဆိုတော် 50 Cent ကို UFC ကြယ်ပွင့် စိန်ခေါ်

yyl-019-1.jpg

UFC ကြယ်ပွင့် ကိုဗင်တန်က ရန်ပုံငွေလက်ဝှေ့ပွဲမှာ သူနဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့ ရက်ပ်အဆိုတော် 50 Cent ကို စိန်ခေါ်လိုက်ပါတယ်။ UFC 245 ပြိုင်ပွဲမှာ ဝယ်လ်တာဝိတ်ချန်ပီယံ ကာမာရူအူစမန်က ကိုဗင်တန်ကို အလဲလဲအကွဲကွဲဖြစ်အောင် ထိုးသတ်အနိုင်ယူခဲ့ပြီး အဲဒီပွဲစဉ်မှာ ကိုဗင်တန်ကို 50 Cent က လှောင်ပြောင်ခဲ့ဖူးပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးတဲ့ ကိုဗင်တန်က ကာမာရူအူစမန်နဲ့ပွဲစဉ် မတိုင်ခင် ဒေါ်နယ်ထရမ့်အတွက် ဝယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ် ယူပေးမယ်လို့ ကတိပေးခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကာမာရူအူစမန်က အာဖရိကမျိုးနွယ်ကနေ ဆင်းသက်လာတာကို လှောင်ပြောင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ထိုးသတ်ချိန်မှာတော့ ချန်ပီယံခါးပတ်မရဘဲ မေးရိုးကျိုးတာပဲ အဖတ်တင်တယ်လို့ 50 Cent က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ထေ့ငေါ့ခဲ့ပါတယ်။

အမေရိကန်စစ်သည်တွေ ရန်ပုံငွေရစေဖို့အတွက် ကျင်းပမယ့် ရန်ပုံငွေလက်ဝှေ့ပွဲမှာ 50 Cent က သူနဲ့ထိုးမယ်ဆိုရင် လက်တစ်ဖက် နောက်ပစ်ပေးထားပြီး လက်တစ်ဖက်တည်းနဲ့ ထိုးမယ်လို့ ကိုဗင်တန်က စိန်ခေါ်ခဲ့တာပါ။ 50 Cent ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း UFC ကြယ်ပွင့် မက်ဂရီဂေါ်နဲ့ street fight ထိုးဖို့ စိန်ခေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီပွဲက တကယ်တမ်း မဖြစ်မြောက်ခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top