လက်သီးပိုမာလာအောင် တစ်နေ့ (၅)မိနစ်ကြာ ဓာတ်ဆီထဲစိမ်တယ်ဆိုတဲ့ တိုင်ဆန်ဖျူရီ

yyl-020-1.jpg

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကတော့ ဒီယွန်တေးဝှိုက်ဒါနဲ့ ထိုးသတ်ရမယ့် စိတ်မကျေပွဲအတွက် အသေအချာ ပြင်ဆင်နေပါတယ်။ ပထမပွဲစဉ်တုန်းက အငြင်းပွားစရာ သရေကျခဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ဟာ ဖေဖော်ဝါရီလ ၂၂ ရက်မှာ စိတ်မကျေပွဲ ထိုးသတ်မှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ရှုံးပွဲမရှိ လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါရဲ့ WBC ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူဖို့ မျှော်မှန်းနေတဲ့ တိုင်ဆန်ဖျူရီက နည်းပြအပြောင်းအလဲလုပ်ထားပြီး နည်းစနစ်သစ်တွေ လေ့ကျင့်နေပါတယ်။ သူဟာ ဗလာလက်သီးထိုးသတ်တဲ့ ဂန ္ထဝင်လက်ဝှေ့သမားဟောင်း ဘစ်ဂျိုးဂျွိုက်စ်ရဲ့ အကြံပေးချက်အရ လက်သီးတွေ ပိုမာလာအောင် တစ်နေ့ကို (၅)မိနစ်ကြာအောင် ဓာတ်ဆီထဲ စိမ်တယ်လို့ ထုတ်ပြောလာပါတယ်။

အခုအချိန်ကတည်းက ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ကြားမှာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေကြပါတယ်။ ပထမပွဲစဉ်မှာ တိုင်ဆန်ဖျူရီကို အခိုက်အတန့်ကြာ သတိလစ်သွားအောင် ထိုးသတ်နိုင်ခဲ့တယ်လို့ ဒီယွန်တေးဝှိုက်ဒါက ဆိုခဲ့ပြီး အခုပွဲမှာလည်း ကြိုးဝိုင်းပေါ်ကနေ လွှင့်စင်ထွက်သွားအောင် ထိုးပစ်မယ်လို့ ကြုံးဝါးထားပါတယ်။ တိုင်ဆန်ဖျူရီကတော့ ဒီယွန်တေးဝှိုက်ဒါကို ဒုတိယအချီမှာ အလဲထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top