ဘောလုံးပွဲတွေပြန်စဖို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လက်မှတ် ၁၀၀,၀၀၀ ပေးအပ်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေ စီစဉ်

25-3-2020-yyl-002.jpg

COVID-19 ကူးစက်ပျံ့နှံ့မှု ပြီးဆုံးသွားလို့ ဘောလုံးပွဲတွေ ပြန်စရင် ရဲစွမ်းသတ္တိပြည့်ဝတဲ့ အမျိုးသားကျန်းမာရေးဌာန(NHS) ဝန်ထမ်းတွေအတွက် ဘောလုံးပွဲလက်မှတ် ၁၀၀၀၀၀ ပေးအပ်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၈၀၀၀ ကျော်၊ သေဆုံးသူ ၄၀၀ ကျော်ရှိနေပြီး ဘောလုံးလိဂ်ပြိုင်ပွဲအားလုံးကို ရပ်ဆိုင်းထားပါတယ်။ ဘောလုံးလိဂ်ပြိုင်ပွဲတွေကို ဧပြီလ ၃၀ ရက်မှာ ပြန်ကစားဖို့ လျာထားပေမဲ့ ဗိုင်းရပ်စ် မပျံ့နှံ့အောင် ကာကွယ်ဖို့အတွက် အစိုးရက လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားသလို ကစားသမားတွေလည်း သီးသန့်ခွဲခြားနေထိုင်နေရလို့ သတ်မှတ်ရက်မှာ လိဂ်ပြိုင်ပွဲတွေ ပြန်စနိုင်ဖွယ်မရှိပါဘူး။

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားချိန်မှာ ရှေ့တန်းကနေ လှုပ်ရှားပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တန်ဖိုးထားဂုဏ်ယူကြောင်း ပြသတဲ့အနေနဲ့ ဘောလုံးလိဂ်ပြိုင်ပွဲတွေ ပြန်စရင် ဘောလုံးပွဲလက်မှတ်တွေ အခမဲ့ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ဘရိုက်တန်အသင်းက စတင်ခဲ့တာဖြစ်ပြီး NHS ဝန်ထမ်းတွေအတွက် လက်မှတ် ၁၀၀၀ ပေးဖို့ ကတိပြုထားပါတယ်။ အဲဒီအစီအစဉ်မှာ အခုနောက်ဆုံးပါဝင်လာတာကတော့ ဘုန်းမောက်အသင်းပါ။ ဘရိုက်တန်အသင်းဟာ COVID-19 ကူးစက်ပျံ့နှံ့နေချိန်မှာ အသက် ၇၀ ကျော် အသင်းပရိသတ်တွေအတွက် ထောက်ပံ့ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top