သဘာဝအိမ်တွင်းနည်းလမ်းတချို့နဲ့ နဖူးအရေးအကြောင်းတွေကို ဖယ်ရှားကြမယ်

25-2-2021-yyl30.jpg

နဖူးပေါ်က အရေးအကြောင်းတွေကလည်း အသက်အရွယ်ကြောင့်ရော၊ မျိုးရိုးဗီဇအရရော၊ နေရောင်တိုက်ရိုက်ထိတွေ့မှုကြောင့်ပါ ပေါ်လာရပါတယ်။ အဲဒီလိုအရေးအကြောင်းတွေကြောင့် စိတ်ကသိကအောက်ဖြစ်နေရပါသလား။ နဖူးပေါ်က အရေးအကြောင်းကို လျော့ပါးသွားစေချင်ရင်တော့ သဘာဝအိမ်တွင်းနည်းလမ်းတချို့ကလည်း အကူအညီပေးနိုင်ပါတယ်။ သင် တစ်နေ့တာ အသုံးပြုပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းနဲ့ နဖူးအရေးအကြောင်းတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ဘယ်လိုအိမ်တွင်းနည်းလမ်းတွေက သင့်ကို အကူအညီပေးနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်..။

ငှက်ပျောသီးနဲ့ အသားရေထိန်းသိမ်းခြင်း

ငှက်ပျောသီးက အသားရေထိန်းသိမ်းဖို့အတွက် ကောင်းမွန်ပါတယ်။ အထူးသဖြင့် နဖူးက အသားရေကိုပါ။ ငှက်ပျောသီးမှာ အသားရေကို ကျန်းမာစေတဲ့ ဗီတာမင်ဓာတ်တွေ၊ သဘာဝအဆီအနှစ်တွေ ပါဝင်ပါတယ်။ သင်လုပ်ပေးဖို့လိုအပ်တာက ငှက်ပျောသီးတစ်လုံးရဲ့ (၄) ပုံ (၁) ပုံကို အနှစ်ဖြစ်သွားတဲ့အထိ ချေမွလိုက်ပါ။ အဲဒီနောက် သင့်နှဖူးပေါ် ငှက်ပျောအနှစ်တွေကို လိမ်းပေးပြီး (၁၅) မိနစ် – မိနစ် ၂၀ လောက်ထားလိုက်ပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ သင့်နှဖူးက ပိုပြီးချောမွေ့လာတာ၊ ရေဓာတ်ပြည့်ဝလာတာကို ခံစားရပါလိမ့်မယ်။

အချဉ်ဓာတ်ပါတဲ့အသီးနဲ့ အသားရေထိန်းသိမ်းခြင်း

အချဉ်ဓာတ်ပါနဲ့အသီးတွေက ဗီတာမင် အီနဲ့ စီဓာတ်ကြွယ်ဝတဲ့အတွက် သင့်အသားရေကို နူးညံ့ချောမွေ့လာစေတဲ့အပြင် အသားရေကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သံပရိုသီး၊ လိမ္မော်သီးအစရှိတဲ့ ချဉ်ဓာတ်ပါတဲ့အသီးတွေထဲက သင်ကြိုက်နှစ်သက်တဲ့အသီးကိုရွေးချယ်ပြီး နှဖူးပေါ် တိုက်ရိုက်ပွတ်လိမ်းပေးပြီး မျက်နှာမသစ်ခင် (၁၀) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ သင့်ကို ကောင်းတဲ့ရလဒ်ကို ပေးစွမ်းပါလိမ့်မယ်။

သဘာဝအဆီနဲ့ အသားရေထိန်းသိမ်းခြင်း

အုန်းဆီနဲ့ သံလွင်ဆီနှစ်မျိုးလုံးက အသားရေကို ရေဓာတ်ဖြည့်ပေးခြင်းဖြင့် အသားရေကို ကျစ်လျစ်တင်းရစ်လာစေနိုင်ပါတယ်။ ခြောက်သွေ့တဲ့အသားရေက အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။ သင့်နဖူးမှာ ရေဓာတ်ဖြည့်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ လျော့ပါးသွားပြီး အသားရေကျစ်လျစ်လာစေမှာဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီကို လိမ်းပေးပါ။ အရေပြားမှာ ကပ်စေးစေးမဖြစ်တော့တဲ့အထိ ပွတ်ပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီနဲ့ အုန်းဆီ (၂) မျိုးလုံးရောစပ်ပြီး လိမ်းပေးလို့လည်း ရပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာကလည်း နှဖူးက အရေပြားကို ကောင်းမွန်စေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကြက်ဥအကာချည်း လိမ်းမဲ့အစား ကြက်ဥအကာနဲ့ပျားရည်တို့ကို ရောစပ်နိုင်ပါတယ်။ နှဖူးမှာ အဲဒီအရောအနှောကို လိမ်းပေးတာက သင့်နှဖူးအရေးအကြောင်းကို လျော့ပါးသွားစေတဲ့အပြင် အသားရေကိုလည်း ကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲကို ကြက်ဥတစ်လုံးရဲ့အကာနဲ့ အတူ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ရောစပ်ပြီး နှဖူးပေါ်လိမ်းပေးပါ။ မျက်နှာတစ်ခုလုံးလိမ်းပေးချင်ရင်လည်း ရပါတယ်။ ရေအေးနဲ့မျက်နှာမသစ်ခင် (၁၅) မိနစ်လောက် ကြက်ဥအကာပျားရည်အရောအနှောနဲ့ မျက်နှာပေါင်းတင်ပေးထားလိုက်ရုံပါပဲ။

Ref: Natural Remedies to Make Forehead Lines Less Visible
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top