အေးတဲ့အစားအစာတွေ စားတဲ့အခါ ဖြစ်တတ်တဲ့ Brain Freeze

10-2-2022-yyl12.jpg

ကျွန်တော်တို့တွေ အေးတဲ့အရာတစ်ခုခုကို စားပြီးတဲ့နောက် အရမ်းနာကျင်ပြီး ခေါင်းကိုက်လို ခံစားရတာမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်။ Ice cream headache လို့လည်း ခေါ်တဲ့ brain freeze (ဉီးနှောက်အေးခဲခြင်း) ဝေဒနာတစ်ခုပါပဲ။ ရေခဲမှုန့်၊ ရေခဲရေ၊ အရမ်းအေးတဲ့ဖျော်ရည်တွေ စားတဲ့သောက်တဲ့ အခါမျိုးမှာ တစ်ခါတလေ ဖြစ်တတ်ပါတယ်။ Brain Freeze ကို ခံစားရတာက စက္ကန့် အနည်းငယ်လောက်ပါပဲ။ ပြီးရင် အေးတဲ့အစားအစာကို ချက်ခြင်း ပြန်စားလို့ရပါတယ်။ ဒါပေမဲ့ brain freeze အကြောင်းကို သိထားဖို့ အရေးကြီးပါတယ်။ ဒါမှ ကြိုးစားပြီး ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Brain Freeze ကို ဘယ်လိုသိနိုင်မလဲ

အဲဒါက ရေခဲမှုန့် (သို့) ရေခဲရေလို အေးတဲ့ အရာတစ်ခုခုကို စားသုံးပြီးနောက် သင့်ရဲ့လျှာထိပ်ကို အေးတဲ့အရာတစ်ခုခုနဲ့ ထိမိပြီးနောက် ဖြစ်တတ်ပါတယ်။ အရမ်းအေးတဲ့ တစ်စုံတစ်ခုကို ရှုရှိုက်မိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ရာသီဉတုပူပြီး အရမ်းအေးတဲ့အရာတစ်ခုခုကို စားသုံးတဲ့အခါမျိုးမှာလည်း လူတော်တော်များများ ကြုံတွေ့ရတတ်ပါတယ်။ ဉီးခေါင်းရှေ့ဘက်ခြမ်းမှာ ရုတ်တရက် စူးကနဲနာကျင်တဲ့ခံစားချက်မျိုးပါ။ အချိန်အကြာကြီးတော့ မနာကျင်ပါဘူး။ အမြဲလိုလို စက္ကန့်အနည်းငယ်၊ အများဆုံးကတော့ ၁ မိနစ်၊ ၂ မိနစ်လောက်ပါပဲ။

Brain Freeze ဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ လျှို့ဝှက်ဆန်းကြယ်နေတုန်းပါပဲ။ အေးတဲ့အရာတစ်ခုကို စားသုံးတဲ့အခါ (သို့) လေအေးကို ရှုရှိုက်မိတဲ့အခါမှာ သင်က အတွင်းပိုင်း carotid သွေးလွှတ်ကြောနဲ့ ဉီးနှောက်သွေးလွှတ်ကြောအဆုံက လည်ချောင်းအနောက်ဘက်က အပူချိန်ကို ပြောင်းလဲမိနေတာပါ။ အာရုံကြောသိပ္ပံပညာရှင် ဒွိန်း ဂေါ့ဝင်းရဲ့အဆိုအရ ဉီးနှောက်က အပြောင်းအလဲကို မကြိုက်ဘူး။ ဒါကြောင့် Brain Freeze က တားဆီးကာကွယ်မှုတစ်ခုဖြစ်တယ်။ အအေးနဲ့ထိတွေ့တဲ့အခါ ဒီသွေးကြောတွေ ကျယ်လာပြီး ကျုံ့သွားတာကို ခံစားရပြီး ဉီးနှောက်က နာကျင်မှုတစ်ခုအဖြစ် တုံ့ပြန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ခေါင်းကိုက်တတ်တဲ့သူ၊ ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေက Brain Freeze ဝေဒနာကို ခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ခေါင်းကိုက်တဲ့၊ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာနဲ့ Brain Freeze ဝေဒနာကြား ကြီးမားပြီး အရေးကြီးဆုံးကွာခြားချက်က Brain Freeze က အချိန်ပမာဏအနည်းငယ်ပဲကြာပါတယ်။ ဆေးသောက်စရာမလိုဘဲ သူ့ဘာသာ ပျောက်သွားပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက်တာက အချိန်ကြာပြီး အော့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဆေးသောက်မှ ပျောက်ကင်းနိုင်ပါတယ်။

Brain Freeze ကို အလွယ်တကူကုသနိုင်ပါတယ်

အခုနက ပြောသလိုပါပဲ။ Brain Freeze ခံစားရတာက အချိန်မကြာဘူး။ ဒါပေမဲ့ အမြဲတမ်း ဒါကို ကြုံတွေ့ခံစားရရင် အမြန်မြန်အဆုံးသတ်ဖို့ နည်းလမ်းရှိပါတယ်။ ပထမတစ်ခုက အခန်းတွင်းအပူချိန်လောက် နွေးတဲ့ အရာတစ်ခုခုကို သောက်ပေးတာပါ။ နောက်ထပ်တစ်ခုက အာခေါင်ပေါ် လျှာကို ဖိချလိုက်ပါ။ အဲဒါရဲ့အပူက သင့်ရဲ့ဉီးခေါင်းအတွင်း လေလမ်းကြောင်းဆီ လွှဲပြောင်းပေးပြီးး ဉီးနှောက်အေးခဲသွားစေတဲ့ အာရုံကြောတွေကို နွေးသွားစေပါတယ်။ နာကျင်မှုမပျောက်မချင်း လျှာကို ဖိထားပါ။

Brain Freeze ဖြစ်တာက အန္တရာယ်မများပေမဲ့ ဒီခံစားရခက်တဲ့ဝေဒနာကို ရှောင်ရှားချင်ရင်တော့ နည်းလမ်းက ရိုးရှင်းပါတယ်။ အေးတဲ့အစားအစာတွေကို စားသုံးတာရှောင်ပါ။ အရမ်းအေးတဲ့လေကို မရှုရှိုက်ပါနဲ့။ အေးတဲ့အရာတစ်ခုခုကို စားသုံးတယ်ဆိုရင် တဖြည်းဖြည်းချင်း စားပေးပါ။ အရမ်းအေးတဲ့အချိန် လမ်းလျှောက်နေတဲ့အခါမှာလည်း လေကို ကာကွယ်ပေးတဲ့ Mask တပ်တာ (သို့) လည်စည်းပုဝါစည်းတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

Ref: Brightside “What Happens to Your Brain When You Consume Cold Foods”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top