YBS ယာဉ်ပေါ်မှာ အကူလူတွေပါလာတာ ငွေပိုကောက်တာတွေကို ဒီနေ့ကစ စစ်ဆေးအရေးယူမယ်

77-1-735x400-1.jpg

ရန်ကုန်၊ စက်တင်ဘာ(၂၀)

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC လက်အောက်မှာရှိတဲ့ YBS ခရီးသည်ယာဉ်တွေကို ဒီနေ့စက်တင်ဘာ (၂၀) ရက်နေ့ကစတင်ပြီး ရှောင်တခင်စစ်ဆေး အရေးယူတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“YBS ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှု နဲ့ပက်သက်လို့ အဓိကပြသာနာကတော့ ခရီးသည်ပိုက်ဆံထည့်တဲ့ပုံးတွေကိုပိတ်ထားပြီး အကူလူတွေက သတ်မှတ်နှုန်းထားထက်ငွေပိုတောင်းတာတွေပဲ။ တစ်ချို့ယာဉ်မောင်းတွေက ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေနဲ့ စက်သုံးဆီဈေးတက်တဲ့အပေါ်မူတည်ပြီး ခရီးသည်တွေဆီက သတ်မှတ်နှုန်းထက်ပိုတောင်းတဲ့ဖြစ်စဉ်တွေက နေ့စဉ်တိုင်တန်းမှုတွေ ပိုမိုများပြားလာတာကိုတွေ့ရတယ်။ ဒါကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးအဖွဲ့တွေက YBS ယာဉ်မောင်းတွေ သတ်မှတ်ချက်တွေနဲ့အညီ စည်းကမ်းတကျ လိုက်ပါပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိကို စတင်စစ်ဆေးအရေးယူ ဆောင်ရွက်တာတွေပြုလုပ်သွားမှာဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

ယာဉ်မောင်းလိုင်စင်မှန်ကန်မှုရှိ မရှိ၊ ယာဉ်မောင်းတွေအရက် သေစာသောက်စားမောင်းနှင်ခြင်းရှိ မရှိ၊ ယာဉ်မောင်းတွေ သတ်မှတ်ယူနီဖောင်းဝတ်ဆင်မောင်းနှင်ခြင်းရှိ မရှိ၊ နေ့စဉ်ယာဉ်ထွက် စာရင်းမှန်ကန်မှုမရှိ၊ မရှိ၊ သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ခြင်းရှိ မရှိ၊ ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောင်းခံခြင်းရှိ မရှိ၊ စတဲ့ စည်းကမ်းချက်တွေနဲ့ ညီ မညီ စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top