ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

italian-food-background.jpg

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်တာမို့ ရာသီဥတုကလည်း အပူချိန်သိသိသာသာ လျော့နည်းလို့လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာဆိုရင် ရာသီဥတုက အအေးပိုပြီး နှင်းမြူတွေဆိုင်းလို့ စိုထိုင်းစမြင့်မားနေတတ်ပါတယ်။

ရာသီဥတုက အပူချိန်ပြောင်းလဲလာပြီမို့ အကူးအပြောင်းကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီးဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေးကြီးစိုးတဲ့အချိန်မျိုးပေါ့။ ခုလို COVID-19 ထကြွသောင်းကျန်းနေချိန်မျိုးမှာ ဘယ်လိုဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူးအရေးကြီးလှပါတယ်။

ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆ COVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် ဂရုတစိုက်နေထိုင်ဖို့ပါပဲ။

အဖျားအနာကင်းပြီး ကျန်းမာစေဖို့ဆိုရင် အဓိကအကျအဆုံးကတော့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့က အဓိကပါပဲ။ ကိုယ်ခံအားစနစ်ကောင်းမွန်နေမယ်ဆိုရင် အအေးမိဖျားနာတွေအပြင် COVID-19 အထိကိုပါ ကာကွယ်နိုင်တာကြောင့်ပါ။

ကိုယ်ခံအားကောင်းမွန်စေဖို့ဆိုရင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်မယ့် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘယ်လိုအာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်လဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်တယ်မဟုတ်လား။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဗီတာမင် C နဲ့ D တင်မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးချင်ပါတယ်။

ဗီတာမင် C – လူသိများတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး အရေးအကြီးဆုံးလိုအပ်ချက်ဆိုရင်လည်း မမှားပါဘူး။ ကျန်းမာနေဖို့ဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ၅၀၀ မီလီဂရမ်လောက်လိုအပ်ပါတယ်။ ဗီတာမင် C ကိုတော့ ရှောက်-လိမ္မော်နွယ်ဝင် သစ်သီးတွေ၊ စတော်ဘယ်ရီ၊ အာလူး၊ ဘရိုကိုလီတို့လို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် D – သူလည်းပဲ အရေးပါပါတယ်။ နေရောင်ခြည်ကနေ အဓိက ရရှိပြီးတော့ ပင်လယ်စာတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို Unit ၆၀၀၀၀ ထက်မပိုဖို့တော့လိုအပ်ပါတယ်။

ဗီတာမင် E – ဗီတာမင် E ကလည်း ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမှာ ပိုအထောက်အကူပြုတယ်လို့ ဆိုပါတယ်။

Zinc – Zinc က ဖျားနာဝေဒနာကို တားဆီးပေးနိုင်တဲ့ ဓာတ်တစ်မျိုးအဖြစ် လူသိများပါတယ်။ လည်ချောင်းနာခြင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ၈၀-၁၀၀ မီလီဂရမ်လောက် ပုံမှန်လိုအပ်မှာဖြစ်ပါတယ်။

Probiotics – Probiotics လေးတွေကလည်း သင့်ကျန်းမာရေးအတွက် အထူးလိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ Probiotics ဟာ အသက်ရှူလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ ကူးစက်ရောဂါတွေကို တားဆီးရာမှာ အထူးအရေးပါတဲ့ အရာတွေပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top