သံတိုသံစဖြစ်တော့မယ့် USS Bonhomme Richard သင်္ဘောကြီး

2-12-2020-yyl-006.jpg

ဒါကတော့ သိပ်မကြာခင် သံတိုသံစဖြစ်တော့မယ့် USS Bonhomme Richard သင်္ဘောကြီးပါ။ ကုန်းရေနှစ်ထွေသွား ချေမှုန်းရေးသင်္ဘောကြီးကို ၁၉၉၈ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ သန်း ၇၅၀ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။

မရိန်းတပ်ဖွဲ့ရဲ့ F-35B ဂျက်လေယာဉ်တွေ တင်ဆောင်နိုင်အောင် USS Bonhomme Richard သင်္ဘောကို ပြီးခဲ့တဲ့ဇူလိုင်လက ဆန်ဒီယေဂိုမြို့ဆိပ်ကမ်းမှာ ကမ်းကပ်ထားတုန်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ ၄ ရက်ကြာ ငြှိမ်းသတ်ခဲ့ရတဲ့ အဲဒီမီးလောင်ကျွမ်းမှုဟာ မျက်မှောက်ခေတ် ရေတပ်သမိုင်းမှာ အကုန်အကျအများဆုံး ဖြစ်ခဲ့ပါတယ်။

USS Bonhomme Richard သင်္ဘောကို ပြန်ပြင်ရင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံကနေ ၃.၂ ဘီလျံကုန်ကျပြီး အချိန် ၅ နှစ်ကနေ ၇ နှစ်အထိ ကြာမြင့်မှာပါ။ သင်္ဘောရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အသစ်လဲလှယ်ရမှာ ဖြစ်ပါတယ်။ ဆေးရုံသင်္ဘောလို တခြားသင်္ဘောအမျိုးအစား ပြောင်းလဲမယ်ဆိုရင်လည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ကုန်ကျမှာပါ။ အဲဒီပမာဏဟာ ဆေးရုံသင်္ဘောသစ်တစ်စီး တည်ဆောက်တဲ့ ကုန်ကျစရိတ်ထက် ပိုများပါတယ်။

USS Bonhomme Richard သင်္ဘောကို ရေတပ်သင်္ဘောစာရင်းကနေ ဖယ်ရှားပြီး သံတိုသံစဖြစ်အောင်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ပဲ ကုန်ကျမှာဖြစ်ပြီး ၉ လကနေ ၁၂ လအထိပဲ ကြာမြင့်မှာပါ။

အမေရိကန်ရေတပ်က နောက်ပိုင်းမှာ USS Bonhomme Richard သင်္ဘောအမျိုးအစားတွေ မတည်ဆောက်တော့ဘဲ America-class ချေမှုန်းရေးသင်္ဘော အမျိုးအစားသစ်တွေပဲ တည်ဆောက်နေပါတယ်။ ကုန်းရေနှစ်ထွေသွား ချေမှုန်းရေးသင်္ဘောတွေဟာ မရိန်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို ပံ့ပိုးပေးဖို့ အသုံးပြုတဲ့ သင်္ဘောဖြစ်ပြီး မရိန်းတပ်ဖွဲ့ဝင်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကို တင်ဆောင်နိုင်ပါတယ်။ အမေရိကန်ရေတပ်က America-class ချေမှုန်းရေးသင်္ဘော အမျိုးအစားသစ်တစ်စီး တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄.၁ ဘီလျံ ကုန်ကျပါတယ်။

Ref: CNN ” Navy to de-commission and scrap warship USS Bonhomme Richard after major fire”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top