အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးဘဲ သားတွေကို ပြုစုပျိုးထောင်တဲ့ အော်ကာဝေလငါးအမများ

9.2.2023-yyl-image-11.jpg

အော်ကာဝေလငါးအမတွေဟာ သူတို့အသက်ကိုတောင် စွန့်လွှတ်အနစ်နာခံပြီး သားတွေကို ပြုစုပျိုးထောင်ကြတယ်လို့ သုတေသနတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ သားတွေကို အစားအစာ ရှာဖွေကျွေးမွေးဖို့အတွက် အော်ကာဝေလငါးအမတွေက ပိုအပင်ပန်းခံကြပြီး မျိုးဆက်ပွားတာဝန်ကိုပါ လျစ်လျူရှုထားကြတာပါ။

Center for Whale Research က ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာ ကျက်စားတဲ့ အော်ကာဝေလငါးတွေကို လေ့လာမှု ပြုလုပ်ချိန်မှာ အခုလို တွေ့ရှိခဲ့တာပါ။ အော်ကာဝေလငါးတွေဟာ သူတို့ဘဝတစ်လျှောက် မိသားစုနဲ့ သံယောဇဉ်ကြီးစွာ နေထိုင်တတ်ကြတဲ့ သတ္တဝါတွေပါ။

အော်ကာဝေလငါးအမတွေက အရွယ်ရောက်လာရင် ကိုယ့်အားကိုယ်ကိုးတတ်ကြပေမဲ့ အထီးတွေကတော့ သူတို့အမေကိုပဲ မှီခိုကြပြီး မိခင်ရလာတဲ့ အစားအစာကိုပါ ခွဲစားကြတာ ဖြစ်ပါတယ်။

Ref: Orca mothers make ‘lifelong sacrifice’ for sons

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top