ဘောလုံးသမားဖြစ်ဖို့ ကြိုးပမ်းချိန်မှာ မျှတတဲ့အခွင့်အရေး မရခဲ့ဘူးလို့ အူစိန်ဘော့က ပြော

7-8-2020-yyl-018-1.jpg

သြစတြေးလျနိုင်ငံမှာ ဘောလုံးသမားဖြစ်ခွင့်ရဖို့ ကြိုးပမ်းခဲ့ချိန်အတွင်း မျှတတဲ့ အခွင့်အရေးမရခဲ့ဘူးလို့ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့က ပြောပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆုရ တာတိုအပြေးသမား အူစိန်ဘော့ဟာ အပြေးသမားဘဝကနေ အနားယူပြီးချိန်မှာ ဘောလုံးလောကထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်က သြစတြေးလျကလပ် Central Coast Mariners အသင်းမှာ ကာလတိုစမ်းသပ်မှု ခံယူခဲ့ပေမဲ့ စာချုပ်ချုပ်ဆိုခံရခြင်းမရှိပါဘူး။ သူဟာ Central Coast Mariners အသင်းအတွက် ခြေစမ်းပွဲ ကစားချိန်မှာ ၂ ဂိုး သွင်းပေးနိုင်ခဲ့သူပါ။ နောက်ပိုင်းမှာ မော်လ်တာကလပ် ဗယ်လက်တာနဲ့ ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှု မရခဲ့ပြန်ပါဘူး။

” မျှတတဲ့အခွင့်အရေး မရခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဖြစ်ချင်တဲ့အတိုင်း လုပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘောလုံး ကောင်းကောင်းကစားနိုင်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စက ကျွန်တော် လွဲချော်ခဲ့တဲ့ကိစ္စတွေထဲက တစ်ခုပါ။ ရှေ့ဆက်သွားရုံပါပဲ”လို့ အူစိန်ဘော့က ပြောပါတယ်။ ဂျမေကာ တာတိုအပြေးသမားဟောင်း အူစိန်ဘော့ဟာ မန်ယူအသင်းကို အမာခံအားပေးတဲ့ ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top